Sunday, December 29, 2013

ကုသိုလ်နှင့်အကုသိုလ်

ကုသိုလ်နှင့်အကုသိုလ်

လောကဝေါဟာရအားဖြ င့် `အလုပ်` ဒေသနာဝေါဟာရအာြး ဖင့်`ကံ`သည် ကာယကံ၊ ၀စီကံ၊ မနောကံအားဖြင့်သုံးမျိုးရှိပြီး ကောင်းမကောင်းအားဖြင့် နှစ်မျိုးစီရှိသ ည်။ ကောင်းသောကံကို ကုသိုလ်ဟူ၍ဆိုပြီး မကောင်းသော ကံကို အကုသိုလ်ဟုဆိုသည်။

ကျွန်ုပ်တို့သည် သံသရာ၌ကျင်လည်နေသ၍ ကာလပတ်လုံး ကုသိုလ်နှင့် အကုသိုလ်နှစ်မျိုးအနက် တမျိုးမျိုးကို အမြဲတစေပြုလုပ်ေ နကြရ၏။ ကုသိုလ်အလုပ်ဖြစ်ချင်ဖြစ်မည်။ အကုသိုလ်အလုပ်ဖြစ်ချင်ဖြစ်မည်။ နှစ်မျိုးအနက် တစ်မျိုးမျိုးသာ ဖြစ်၏။ ကြားအလုပ်ဟူ၍မရှိ။ မလုပ်ပဲရှောင်လွဲ ၍မရ။ ဤသည်ကိုပင် သတ္တ၀ါတို့သန္တာန်၌ ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ် နှစ်မျိုးမျိုးတို့အနက် တစ်မျိုးမျိုးသည် အမြဲတစေ ဖြစ်နေကြသည်ဟူ၍ ဆိုရ၏။

ကောင်းသောအလုပ်သည် ကုသိုလ်ကံဖြစ်၏ ။ မကောင်းသောအလုပ်သည် အကုသိုလ်ကံဖြစ်၏။ အလုပ်ဟူသမျှသည်ေ ကာင်းမကောင်းနှစ်မျိုးသာရှိပြီး ကြားအလုပ်ဟူ၍မရှိ။ ကံဟူသမျှသည် ကုသိုလ်အကုသိုလ်နှစ်မျိုးသာရှိပြီး ကြားကံဟူ၍မရှိ။ ဤသည်မှာ ပရမတ္တသစ္စာအားဖြင့် အမှန်ဖြစ်၏။ ဤသဘော ကို အတ္တနှင့်အနတ္တဘာသာတရားများအားလုံးက ကောင်းသောအလုပ်ကို လုပ်ရန်နှင့် မကောင်းသောအလုပ် ကိုရှောင်ကြဉ်ရန် သွန်သင်ပြ၏။

သို့ရာတွင်ကောင်းမကောင်းသတ်မှတ်နည်း ကောင်းသောအလုပ်ကိုလုပ်နည်း နှင့် မကောင်းသောအလုပ်ကိုရှောင်နည်းတိ့ နှင့်စပ်လျည်း၍ သွန်သင်ရာ၌မှု အနတ္တဗုဒ္ဓဒေသနာနှ င့် အတ္တဒေသနာတို့သည် သဘောချင်းမတူညီကြချေ။

သတ္တ၀ါတို့သည် သံသရာ၌ကျင်လည်နေ သူများဖြစ်၏။ သံသရာသည် အပြော ကျယ်သော သမုဒ္ဒရာနှင့်တူ၏။ သမုဒ္ဒရာသည် ဘေးဘျမ်းအတိပြီး၏။ နှစ်သက်စရာမဟုတ်။

သံသရာ၌ကျင်လည်ခြင်းသည် အပြောကျယ်သော သမုဒ္ဒရာ၌ လက်ပစ်ကူး နေခြင်းနှင့်တူ၏။ သမုဒ္ဒရာ၌ လက်ပစ်ကူးနေသူသည် ငြိမ်းချမ်းရာတစ်ဖက် ကမ်းရောက်ရေးအတွက် အသေကောင်ပုပ်ကို တွေ့လျှင်လည်း အမှီတံကဲ ပြု၏။ သစ်တုံးကိုတွေ့လျှင်လည်း အမှီတံကဲပြု၏။

သို့ရာတွင် အသေကောင်ပုပ်ကိုတွေ့သောအခါ စက်ဆုပ်၏။ စက်ဆုပ်သော် လည်းမလွန့်ပစ် ။ သင့်သလိုအမှီတံကဲအဖြစ် အသုံးပြု၏။ သစ်တုံးကိုတွေ့ သောအခါဝမ်းမြောက်၏။ ၀မ်းမြောက်သော်လ ည်းမသိမ်းပိုက်။ သင့်သလို အမှီတံကဲအဖြစ် အသုံးပြု၏.။ သူ့အတွက် တစ်ဖက်ကမ်းရောက် ရေးသာ အဓိက ဖြစ်၏။ အသေကောင်ပုပ်သည်လည်း အဓိကမဟုတ်၊ သစ်တုံးသည် လည်းအဓိကမဟုတ်။ လက်ပြစ်ကူးနေစဉ် ကာလအတွင်း အသုံးပြုစရာ တန်ဆာပလာများသာဖြစ်၏။ တစ်ဖက်ကမ်းကျည်းကုန်းထက်သို့ရောက်ပါက အသုံးပြုစရာတန်ဆာပလာများသည် ဘာမျှအသုံးမကျတော့။ စွန့်ပြစ်ရမည် ချည်းဖြစ်၏။ ဤသို့မြတ်စွာဘုရားသည် မူလပဏ္ဏာသပါဠိတော် (၁၈၈) ကုလ္လောပမသုတ်၌ ဟောကြားတော်မူ၏။

ဗုဒ္ဓဒေသနာတော်အရ သမုဒ္ဒရာ၌လူးလားေ ခါက်ပြန်လက်ပစ်ကူးနေသူအတွက် အသေကောင်ပုပ်သည် အကုသိုလ်နှင့်တူ၏။ သစ်တုံးသည်ကုသိုလ်နှင့်တူ၏။ ဘာသာရေးလောက၌ လမ်းစဉ်နှင့်ပန်းတိုင်ဟူသော ဝေါဟာရနှစ်လုံးရှိ၏။ ဗုဒ္ဓဘာသာ၌ မဂ္ဂင်ရှစ်ပါးကို လမ်းစဉ်အဖြစ်သတ်မှတ်၍ နိဗ္ဗာန်ကို ပန်းတိုင် အဖြစ်သတ်မှတ်သည်။ လမ်းစဉ်ဟူသည်မှာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့်မစွဲလမ်း ဘဲ ဆန္ဒသက်သက်ဖြင့်ယူနိုင်သော သဘောဖြစ်သည်။ ပန်းတိုင်ကိုသာ နှလုံးသွင်းမကောင်းလျှင် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းနိုင်သည်။

ဥပမာ သေနတ်ပစ်သောယောက်ျားသည် ကျည်ဆန်ကိုယူသောအခါ ကျည်ဆန် ၌သိမ်းပိုက်နိုင်ခြင်းမရှိ။ ရယူရုံသက်သက်မျှ သာဖြစ်၏။ သားကောင်၌သာ သိမ်း ပိုက်လိုခြင်းရှိ၏။ ဤသဘောအရ ကျည်ဆန်ကို လမ်းစဉ်ဟူ၍လည်းကောင်း သားကောင်ကိုပန်းတိုင်ဟူ၍လည်းကောင်း ဆိုအပ်၏။ သိမ်းပိုက်လိုခြင်းရှိလာ လျှင် လမ်းစဉ်သည်ပင် ပန်းတိုင်ဖြစ်လာ ၏။ ထို့ကြောင့်ကုသိုလ်နှင့်အကုသိုလ် ကို မဂ္ဂင်ရှစ်ပါး၌ပါ ၀င်အောင် ကြိုးစားအပ်၏။ အကုသိုလ်ကို မဂ္ဂင်ရှစ်ပါး၌ပါ ၀င် အောင်ကြိုးစားရာ တွင် ယင်းအကုသိုလ်ကို ပယ်သတ်နိုင်အောင် သမ္မပ္ပဒါန်နည်း အတိုင်း အားထုတ်ရန်ခြင်းပင်ဖြစ်၏။ ဥာဏ်ရှိ၍ သုံးတတ်ပါက အဆိပ်ပင်ကို လည်း ဆေးဖက်ဝင်အောင် အသုံးပြု၍ရသကဲ့သို့ဖြစ်၏။ ဤနေရာ၌လမ်းစဉ်ကို အသုံးပြုစရာ တန်ဆာပလာအဖြစ်သာ အသုံးပြုအပ်၏။ ပန်းတိုင်အဖြစ်အ သုံး မပြုအပ်။

အကုသိုလ်ကိုအသုံးပြုစရာ တန်ဆာပလာအဖြစ်အသုံးပြုခြင်းဆိုသည်မှာ ပုထုဇဉ်တို့၏သဘာဝအရ မလွှဲသာမရှောင်သာ အကုသိုလ်ကိုပြုမိပါက ယင်းပြုမိသော အကုသိုလ်ကို မေ့ထားရမည်မဟုတ်။ မသိကျိုးကျွန်ပြုရမည် မဟုတ်။ ယင်းအကုသိုလ်ကို ပယ်သတ်ရန်အားထုတ်ရမည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်အတိုင်း အကုသိုလ်ကို အကုသိုလ်မှန်းသိရမည်။ ယင်းပြုမိသောအကုသိုလ်ကို အားကြီးသော ဥပနိဿယအကြောင်းပြု၍ ယင်း၏ ဆန့်ကျင်ဘက်ကုသိုလ်ကိုပြုရမည်ဟူ၍ ဖြစ်သည်။ ပန်းတိုင်အဖြစ်အ သုံးပြုခြင်း ငါ၊ ငါ့ဥစ္စာ၊ ငါ့အတွက်သိမ်းပိုက်ခြင်းဖြစ်သည်။ ယင်းကိုတဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲယူခြင်းဟူ၍ဆိုသည်။

အမှန်အားဖြင့် ဗုဒ္ဓဘာသာသည် လောဘကိုပယ်သတ်သောဘာသာဖြစ်သည်။ နိဗ္ဗာန်ဟူသည်မှာ ၀ါနဟုခေါ် တဏှာလောဘ ကုန်ခြင်းပင်ဖြစ်၏။

ဦးရွှေအောင်၏ ကုသိုလ်နှင့်အကုသိုလ်မှ

***မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားချီးမြှင့်သော ဥာဏ်စဉ် (၁၆) ပါးတရားတော် *****

***မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားချီးမြှင့်သော ဥာဏ်စဉ် (၁၆) ပါးတရားတော် *****

ဆိတ်ငြိမ်ရာသည်တောဖြစ်၏ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ။ဆိတ်ငြိမ်ပြီး အနှောင့်အယှက်မဖြစ်တဲ့နေရာဟာတောပါပဲ။ လှူထားပါ ဘုရားရှိခိုးကန်တော့၊ တရားမထိုင်မီမိမိခန္ဓာကိုယ်ကု ဘုရားကိုလှူထားပါ။ ကြာကြာထိုင်နိုင်ဖို့ ခန္ဓာကိုယ်ကို ကြာကြာထိုင်နိုင်အောင် တည့်တည့်မတ်မတ်ထိုင်ပါ။ မစောင်းစေနဲ့ ဘယ်ဘက်မှမစောင်းပါစေနှင့်။ ရှေ့လည်းမငိုက်ပါစေနှင့်။ကိုယ်လည်းဖိမထို င်ဘဲ ခပ်လျော့လျော့ထိုင်ပါ။ တောင့်မထားပါနှင့်။ သမာဓိအစ ၀င်သက်ထွက်သက် အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင်အားထုတ်ပါ။ဝင်လေလည်းသိ ထွက်လေလည်းသိပြီးငါစွဲမစွဲစေနှင့် ။အဲဒီလိုသတိကို လက်မလွတ်စေဘဲ ထွက်လေနဲ့ဝင်လေကို သိသိနေတာကြာရင်သမာဓိအားကောင်းလာမယ်။ သဒ္ဓါနဲ့ဝီရိယသတိနဲ့ပညာ အဲဒီသမာဓိ အားကောင်းလာတဲ့အချိန်ဝီရိယကို အလျော့မပေးဘဲသတိနှင့်ပညာကို ကပ်ပြီးလိုက်ပါ။ ဖောက်ပြန်သောရုပ်၏ဖြစ်ပျက် တရားထိုင်တာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာပေါ်လာတယ်။တောင့်လာတာ ညောင်းလာတာကိုဥာဏ်ကသိလာတယ်။ ညောင်းတာရယ်ညောင်းမှန်းသိတာရယ် သည်နှစ်ခုတို့ကိုဖြစ်ပြီးပျက်သွားတာပဲလို့သိလိုက်ပါ။ ပြောင်း၍ပြောင်း၍သိ အဲဒီလိုသိလိုက်တဲ့စိတ်တစ်ချက်မှာညောင်းတဲ့ရုပ်၊ ညောင်းတဲ့စိတ်မရှိတော့ပြီ၊ ချုပ်ပျောက်သွားကုန်ပြီလို့ နောက်ကဥာဏ်ကသိလိုက်ပါ။ညောင်းတာတောင့်တာ ပြုပြင်ပြီးမပေးသမျှ ညောင်းတာတွေဟာ တစ်ခုပြီးတစ်ခု ဖြစ်ပြီးပျက်နေဦးမှာမို့ ဒူးကလေးဆန့်ချင်တဲ့စိတ်၊ ပြောင်းရွှေ့ချင်တဲ့စိတ် ပေါ်လာလိမ့်မယ်။ မရှိတာကို သည်လိုသိ ဒီတစ်ခါ မိမိတို့ဥာဏ်က ဆန့်ကျင်ကွေးချင်ပြန်သတဲ့၊ ပြောင်းချင်ရွှေ့ချင်ပြန်သတဲ့ လို့သိလိုက်ပါ။ သိလိုက်တဲ့တစ်ချက်ထဲမှာထိုဆန့်ချင်ကွေးချင် ပြောင်းချင်တဲ့ရုပ်နာမ်တွေ မရှိတော့ပြီရယ်လို့ ထပ်သိလိုက်ပါ။ အသိလိုက်ပြောင်းရန်လိုအပ် အဲဒီလိုသိနေတုန်းကြားထဲဖြတ်ပြီး အသံတစ်ခုကြားလိုက်က ကြားပြန်ပြီလို့သိလိုက်ပါ။ ဒီလိုခန္ဓာငါးပါး တစ်ခုခုပေါ်လာတို င်းပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်သွားပျောက်သွားပါကလားလို့ သိရမယ်။ အသိကျဲကျဲမှအသိစိပ်စိပ် အဲသည်လို အသိတရားတွေကျဲနေရာက စိပ်သည်ထက်စိပ်ပြီးလာတာတွေကို ဥာဏ်နဲ့မှတ်။ တဖြည်းဖြည်းရုပ်နာမ်တရားတွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီးပျက်သွားတာကိုသတိနှင့်စိုက်ကြည့်နေက တွေ့လိမ့်မယ်။ ပါးစပ်ကမရွတ်နဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါဠိလိုရွတ်မနေနဲ့ဖြစ်ပြီးပျက်သွားပါကလားလို့။တစ်ခုတည်းသာသတိနဲ့စိုက်ပြီး ကြည့်နေရင်ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောကိုသာ ပိုထင်မြင်လာလိမ့်မယ်။ မုန်းစိတ် မုန်းဥာဏ် ဒီလို မိမိတို့ခန္ဓာကိုယ်ပေါ်မှာပေါ်တိုင်းပေါ်တို င်း ဖြစ်ပျက်တွေကိုရှုကြည့်ဖန်များ လာက မိမိရဲ့ခန္ဓာကိုယ်ကို ရွံမုန်းလာတော့တာပဲ။ အဲဒီအခါမှာမိမိတို့ခန္ဓာကို ယ်ကို စွန့်လွှတ်ချင်တဲ့စိတ်ဖြစ်လာမယ်။

သေဘေးနှင့်အတူရှိနေသူ ခန္ဓာကိုယ်ရှိရင် ဤလိုဖြစ်ပျက်ဒုက္ခနှင့်မကင်းနိုင်ဘဲ အိုနာသေ ဆိုတဲ့ ဒုက္ခသစ္စာနှင့်တွေ့ကြုံရဦးမှာ မို့ကြောက်ရွံ့ပြီးမိမိခန္ဓာကိုယ်ကိုပဲ ရွံမုန်းလာမယ်။ ဖြစ်ပျက်ကိုမုန်းနေလျှင် ဖြစ်ပျက်ဆုံးတော့မည် ဖြစ်ပျက်ရှုဖန်များလာရင် လောဘ၊ ဒေါသ၊ မောဟ (၃) ပါးစလုံး တဖြည်းဖြည်းခေါင်းပါးလာပြီး နောက်ဆုံးလွင့်ပျောက်ခန်းခြောက်သွားအောင် ဖြစ်ပျက်ဆုံးအောင် ပွားများအားထုတ်ဖန်များက ယခုဘ၀မှာပင်မဂ်ဖိုလ်ကိုရနို င်တယ်။ ဥာဏ်စဉ် (၁) နာမရူပပဋိစ္ဆေဒဥာဏ် ဒါကြောင့်ကြိုးစားပြီးမိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက် ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့ သဘောမှ တစ်ပါး ဘာမျှမရှိဘူးဆိုတာတွေ့လိမ့်မယ်။ အဲဒီလို ရှုဖန်များရရင်ဤကားရုပ်၊ ဤကားနာမ်လို့ ပိုင်းခြားပြီးသိလာတော့နာမရူပပဋိစ္ဆေဒဥာဏ် ရလာတယ်။ ဥာဏ်စဉ် (၂) ပစ္စယပရ်ေဂ္ဂဥာဏ် နောက် ရုပ်နာမ်တို့၏ ဖြစ်ပေါ်ရင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး ဒီရုပ်နာမ်ဟာအ၀ိဇ္ဇာတဏှာ ဥပါဒါန် ကံဆိုတဲ့အကြောင်းတရားလေးပါးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားပါကလား။ အကြောင်းလည်းဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတတ်ဘ၀က အ၀ိဇ္ဇာတဏှာဥပါဒါန်ကံ တို့ကိုရှာမှီးသိမ်းဆည်းနိုင်ေ သာ ပစ္စယ ပရိဂ္ဂဟဥာဏ်ရလာမယ်။

ဥာဏ်စဉ် (၃) သမ္မသနဥာဏ် နောက်ရုပ်နာမ်တို့၏ ဖြစ်ဆဲဖြစ်ပြီးဖြစ်လတ္တံတို့ကို အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ကာလသုံးပါးပိုင်းခြား၍အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးဖြင့်ဆင်ခြင်သုံးသပ်ြ ခင်းဟူသော သမ္မသနဥာဏ်အဆင့်ကိုရောက်လာမယ်။

ဥာဏ်စဉ် (၄) ဥဒယဗ္ဗယဥာဏ် နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဖြစ်သော ရုပ်နာမ်တို့၏ ခဏမစဲတသဲသဲဖြစ်နေမှုကိုရှုကြည့်သော ဥဒယဗ္ဗဥာဏ်ဖြစ်ပေါ်၍လာမယ်။ ဥာဏ်စဉ် (၅) ဘင်္ဂဥာဏ် နောက် ရှုဖန်များလာရင် အပျက်ကိုသာသိမြင်လာတဲ့ ဘင်္ဂဥာဏ်ဖြစ်ပေါ်၍လာတယ်။ ဥာဏ်စဉ် (၆) ဘယဥာဏ် ဤကဲ့သို့ရှုဖန်များလာလျှင် နာမ်ရုပ်တို့၏ ပျက်မှု၊ ချုပ်မှုကိုသာမြင်သဖြင့် ကြောက်ဖွယ်ဘေးကြီး ဟုထင်လာသောဘယဥာဏ်ပေါ်ပေါက်လာမယ်။ ဥာဏ်စဉ် (၈) နိဗ္ဗိန္ဒဥာဏ် နောက် ရုပ်နာမ်တို့၏ ချုပ်ပျက်မှု စသောအဖြစ်တွေကို ထင်မြင်လာသောအာဒီန၀ဥာဏ်ရလာမယ်။ ဥာဏ်စဉ် (၉) မုဥ္စိတုကမျတာဥာဏ် မိမိခန္ဓာကိုယ်တည်းဟူသောရုပ်နာမ်ဓမ္မသခါင်္ရတို့မှ လွတ်ခြင်းငှာအလိုရှိတဲ့ မုဉ္စိတုကမျတာဥာဏ် ရောက်လာမယ်။ ဥာဏ်စဉ် (၁၀) ပဋိသခါင်္ဥာဏ် ငှင်းမှတဆင့် ရုပ်နာမ်တို့၏ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှုတွေကိုအပြင်းအထန်အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့ပဋိသခါင်္ဥာဏ်ရောက်လာရော။ ဥာဏ်စဉ် (၁၁) သခါင်္ရရုပေက္ခာဥာဏ် နောက်ရုပ်နာမ်သခါင်္ရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုသောသခါင်္ရုပေက္ခာဥာဏ် ပေါ်လာတယ်။ ဥာဏ်စဉ် (၁၂) အနုလောမဥာဏ် နောက်ပြီးရှေ့ဥာဏ်နောက်ဥာဏ်ကို လက္ခဏာရေသုံးပါးဖြင့်အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ နှစ်ဥာဏ်လုံးနဲ့ သင့်လျှော်တဲ့အနုလောမဥာဏ် ဖြစ်ပေါ်လာမယ်။ ဥာဏ်စဉ် (၁၃) ဂေါတြဘူဥာဏ် နောက်ပုထုဇဉ်တို့အနွယ်ကိုဖြတ်၍ အရိယာတို့အနွယ်ဖြစ်စေသောဂေါတြဘူတဥာဏ် ဖြစ်ပေါ်လာမယ်။ ဥာဏ်စဉ် (၁၄) မဂ်ဥာဏ် နောက် သဥပါဒိသေသ နိဗ္ဗာန်ကိုသိမြင်သော မဂ်ဥာဏ်နှင့်။ ဥာဏ်စဉ် (၁၅) ဖိုလ်ဥာဏ် မရှေးမနှောင်းသဥပါဒိသေသ နိဗ္ဗာန်အရသာ၊ နိဗ္ဗာန်၏ အကျိုးကိုခံစားေ သာ ဖိုလ်ဥာဏ်ပေါ်လာတ ယ်။ ဥာဏ်စဉ် (၁၆) ပစ္စဝေက္ခဏာဥာဏ် နောက် (၁) မဂ်ဥာဏ်ကိုဆင်ခြ င်ခြင်း၊ (၂) ဖိုလ်ဥာဏ်ကိုဆင်ခြင်ခြင်း၊ (၃) နိဗ္ဗာန်ကိုဆင်ခြ င်ခြင်း၊ (၄) ပယ်ပြီးသောကိလေသာကိုဆင်ခြင်ခြင်း။(၅) မပယ်ရသေးသောကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့ ဥာဏ်ငါးပါးကို ဆင်ခြင်ခြင်းဖြစ်သော ပစ္စဝေက္ခဏဥာဏ်ရောက်လာလိမ့်မယ် ။

Saturday, December 28, 2013

"အရှင် စူဠပန်မထေရ်အကြောင်း"

"အရှင် စူဠပန်မထေရ်အကြောင်း"

မဟာပန်သည် ညီ စူဠပန်အား ရှင်ပြုပေး၏။ ထို့ နောက် ညီ စူဠပန်အား မြတ်စွာဘုရား၌ နက်နက်ရှိုင်းရှိုင်း ကြည်ညိုလာတတ်စေရန် မြတ်စွာဘုရား၏ ကျက်သရေ တော်ဘွဲ့  ဂါထာတစ်ပုဒ်ကို သင်ပေး၏။ ထို ကျက်သရေတော်ဘွဲ့ မှာ ဤသို ဖြစ်၏။

"အနံ့ မပြယ်ဘဲ အစဉ်အမြဲ မွှေးကြိုင်လှသော ပဒုမ္မာကြာသည် နံနက်အခါ၌ ပွင့်သကဲ့သို့ ၊ အာကာသပြင်၌ တင့်တယ်တောက်ပနေသော နေမင်းကဲ့သို့  ရောင်ခြည်တော် ခြောက်သွယ်တို ဖြင့် တင့်တယ်တော်မူသော မြတ်စွာဘုရားကို ဖူးမြော်တော်မူပါလော့"

စူဠပန်သည် အစ်ကို မဟာပန် သင်ပေးသည့်အတိုင်း ထိုဂါထာကို သင်ယူလေရာ ရှေ့ ရောက် နောက်မေ့သဘောဖြင့် လေးလတိုင်းတိုင် သင်ယူပါသော်လည်း မတတ်မြောက်ဘဲ ရှိလေ၏။ ထိုအခါ မဟာပန်သည် ညီ၏ အရည်အချင်းကို အကဲခတ်၏။ ပရိယတ္တ်အနေဖြင့် တစ်ဂါထာကို လေးလတိုင်တိုင် သင်ယူပါလျက် တတ်မြောက်နိုင်သော ဥာဏ်ရည်ဥာဏ်သွေး မရှိပါက ပဋိပတ္တိအနေဖြင့် ရဟန္တာဖြစ်နိုင်ရ န် မည်သို့ မျှ မဖြစ်နိုင်ချေ။ အချိန်ကုန်ပြီး စည်းစိမ်နှစ်မျိုးမှ ဆုံးရှုံးရုံသာရှိမည်။ ရဟန္တာလည်း မဖြစ်၊ သူဌေးလည်း မဖြစ်ဆိုလျှင် စူဠပန်အတွက် များစွာ နစ်နာဖွယ် ရှိ၏။ ထို ကြောင့် စူဠပန်ကို လူထွက်ခိုင်းပြီး အဘိုးအဘွားတို့ ၏ စည်းစိမ် ဥစ္စာကို ခံယူစေခြင်းအာြး ဖင့် လူ့ ဘ၀တွင် ကောင်းမှု ကုသိုလ်များကို ပြုလုပ်ကာ နတ်ရွာသုဂတိသို ရောက်နိုင်၏။ သို့ ဆိုလျှင် လောကုတ္တရာစည်းစိမ်မှ ဆုံးရှုံးသော်လည်း လောကီစည်းစိမ်မှ မဆုံးရှုံးသဖြင့် တော်သေး၏။ မဟာပန်သည် ဤသို့ စဉ်းစားပြီး ညီစူဠပန်အား လူထွက်ခိုင်း၏။ မြန်မြန် လူထွက်ဖြစ်အောင် ကျောင်းမှ နှင်ထုတ်၏။

ညီ စူဠပန်ကား သာသနာတော်၌ ပျော်မွေ့ ၏။ လူမထွက်ချင်။ သို့ ရာတွင် အစ်ကို မဟာပန်ကို မလွန်ဆန်နိုင်သဖြင့် အခက်များစွာ ကြုံရ၏။ ထိုစဉ်က မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဇီဝက၏ သရက်ဥယျာဉ်ကျောင်း၌ သီတင်းသုံးခိုက် ဖြစ်၏။ သရက်ဥယျာဉ်ကျောင်းတော်၌ သရက်ဥယျာဉ် ကျောင်းတော်၌ မဟာပန်က ဆွမ်းစားကျောင်း ဘုန်းကြီးဖြစ်၏။ ထိုနေ့ တွင်ပင် ဆရာဇီဝက က မြတ်စွာဘုရားနှင့် တကွ ရဟန်းသံဃာအားလုံးအား ဆွမ်းစားပင့်၏။ မဟာပန်ကလည်း စူဠပန်အား ချန်ထားပြီး မြတ်စွာဘုရားနှင့်တကွ သံဃာတော်ပေါင်း ၄၉၉ပါး ရှိ၏ဟု သတင်းပြန်ကြား၏။ စူဠပန်ကား မိမိကို သံဃာ စာရင်းမသွင်းတော့ဘဲ အစ်ကိုမဟာပန်၏ ပြန်ကြားချက်ကို ကြားရသောအခါ များစွာကြေကွဲ၏။ ထိုနေ မိုးသောက်ပါက လူထွက်တော့မည်ဟုဆုံးဖြတ်လိုက်၏။

မြတ်စွာဘုရားသည် ကျွတ်ထိုက်သော ဝေနေယျများကို ကြည့်တော်မူရာ စူဠပန်ကို မြင်တော်မူ၏။ ထို ကြောင့် နံနက်စောစော၌ မြတ်စွာဘုရားသည် စူဠပန်ထွက်မည့် မုခ်ဦး၌ စင်္ကြံကြွတော်မူ၏။ စူဠပန်လည်း လူထွက်ရန် နံနက်စောစော ထွက်လာရာ တံခါးမုခ်ဦး၌ စင်္ကြံကြွတော်မူနေသော မြတ်စွာဘုရားကို မြင်သဖြင့် သွားရောက် ဦးချ၏။ မြတ်စွာဘုရားက "ချစ်သား စူဠပန် နံနက်အစောကြီး ဘယ်ကိုသွားမလို့ လဲ" ဟု မေးတော် မူ၏။ ထိုအခါ စူဠပန်က" မြတ်စွာဘုရား တပည့်တော်၏ အစ်ကို မဟာပန်က တပည့်တော်ကို သာသနာတော်နှင့် မတန်ဟု ဆိုကာ ကျောင်းမှ နှင်ထုတ်သဖြင့် တပည့်တော် လူထွက်ရန် သွားခြင်း ဖြစ်ပါသည်ဘုရား" ဟု ပြန်လည် လျှောက်ထား၏။

မြတ်စွာဘုရားက "စူဠပန် ၊ သာသနာတော် တွင်းသို့  ၀င်ရောက်လာသူမှန်သမျှ ငါနှင့်ပက်သက်၏။ မဟာပန်က နှင်ထုတ်လျှင် ငါက နေရာပေးမည်၊ ငါ့နောက်လိုက်ခဲ့" ဟုဆိုကာ မြတ်စွာဘုရားသည် စူဠပန်ကို ဂန္ဓကုဋီကျောင်းေ တ်ာသို့ ခေါ်သွား၏။ ဂန္ဓကုဋီကျောင်းေ တ်ာသို့ ရောက်သောအခါ ဂန္ဓကုဋီ မုခ်ဦး၌ အရှေ့ ဘက်သို့ လှည့်၍ နှုတ်ဖြင့် ရဇောဟရဏံ၊ ရဇောဟရဏံ(မြူကပ်ငြိခြင်း) ဟု ရွတ်ဆိုပြီး ၀ိပဿနာရှုရန် ပိတ်ဖြူစ တစ်စကို စူဠပန်အား ပေးလိုက်၏။ ထို့ နောက် ဆွမ်းချိန်ကို ငံ့လင့်လျက်နေတော်မူ၏။

စူဠပန်လည်း မြတ်စွာဘုရား ပေးတော်မူသော ပိတ်ဖြူစကို ဆုပ်နယ်လျက်ရှိ၏။ စူဠပန်သည် ဆွတ်ဆွတ်ဖြူစေ ပိတ်ဖြူစကို ဆုပ်နယ်နေရာ ပိတ်ဖြူစသည် တဖြည်းဖြည်း ညစ်နွမ်းလာသည်ကို တွေ့ ရ၏။ မြတ်စွာဘုရားသည် ဆွမ်းစားချိန်သို ရောက် သောအခါ သံဃာတော်များနှင့် အတူ ဇီဝက၏ အိမ်သို့  ကြွတော်မူ၏။ စူဠပန်လည်း အ၀တ်ဖြူစကို ဆုပ်နယ်နေရာမှ သင်္ခါရတရားတို့ ၏ မမြဲသော အနိစ္စသဘောကို မြင်လာ၏။ မြတ်စွာဘုရားကလည်း ရောင်ခြည်တော်လွှ တ်၍ ဗဟိဒ္ဓသင်္ခါရမှ အဇ္ဈတ္တသင်္ခါရသို့  ကူးပြောင်း၍ ရှုရန် တိုက်တွန်း၏။ ထိုအခါ စူဠပန်သည် သင်္ခါရတရားများ အားလုံး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို ပြက်ပြက်ထင်ထင် မြင်ပြီးနောက် ပဋိသမ္ဘိဒါလေးပါး နှင့်တကွ ရဟန္တာအဖြစ်သို့  ရောက်တော်မူ၏။ မဂ္ဂသိဒ္ဓ(မဂ်ကြောင့် ပြီးပြည့်စုံခြင်း) အနေဖြင့် ပိဋကတ်သုံးပုံကိုလည်း တတ်၏။ ဈာန်သမာပတ်များကိုလည်း ရ၏။ အဘိဥာဉ်ကိုလည်း ရ၏။ မြတ်စွာဘုရား သာသနာတော်၌ စူဠပန်သည် "နိမ္မိတရုပ် ဖန်ဆင်းရာ၌ လည်းကောင်း၊ ရူပါဝစရ ဈာန်အရာ၌ လည်းကောင်း" ဧတဒဂ်နှစ်မျိုးရ သော ပုဂ္ဂိုလ် ဖြစ်၏။

ဇီဝကသည် မြတ်စွာဘုရားအား ဆွမ်းဆက်ကပ်သောအခါ မြတ်စွာဘုရားက ကျောင်း၌ ရဟန်းများ ရှိသေးသည်ဟု မိန့် တော်မူကာ သပိတ်ကို မဖွင့်ဘဲထား၏။ ဇီဝက က ကျောင်းသို့ သွားရောက်၍ ကျန်နေသော ရဟန်းကို ပင့်လာရန် ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်၏။ ယောက်ျားလည်း အလျင်အမြန် ကျောင်းတော်သို့ သွား၏။

ထိုအခါ စူဠပန်သည် နောင်တော်မဟာပန် အား မိမိ၏ စွမ်းအားကို ပြသသည့်အနေဖြင့် ရဟန်းတော် တစ်ထောင်ကို ဖန်ဆင်းထား၏။ အချို့ က သင်္ကန်းဆိုးနေ၏။ အချို့ က သင်္ကန်းချုပ်နေ၏။ အချို့ က စာပေကို သရဇ္ဈာယ်နေ၏။ ဤနည်းအားဖြင့် ရဟန်းတော်တစ်ထောင် သည် သူ့ အလုပ်နှင့်သူချည်း ဖြစ်ကြ၏။ ယောက်ျားသည် ကျောင်းသို့ ရောက်သောအခါ ရဟန်းပေါင်းများ စွာကို တွေ့ ၏.။ ထိုအခါ မည်သည့်ရဟန်းကို ပင့်ရမှန်းမသိသြ ဖင့် ဇီဝကထံသို့ ပြန်၍ ကျောင်းတော်၌ ရဟန်းပေါင်းများ စွာ ကျန်ရှိနေသေးပါေ ကြာင်း ပြန်ကြားပြောဆို ၏။ ထိုအခါ ဇီဝကကလည်း မိမိကိုယ်တိုင် အရိယာဖြစ်သဖြင့် ကျောင်း၌ တန်ခိုးကြီးသော ရဟန်းတစ်ပါး ရှိသေးကြောင်း သိသဖြင့် စူဠပန် မည်သော ရဟန်းကို ပင့်ခဲ့လော့ ဟု မှာကြား၍ ယောက်ျားကို ပြန်လွှတ်ပြန်၏။

ယောက်ျားလည်း ဇီဝက မှာသည့်အတိုင်း စူဠပန်ကို ပင့်ရန် ကျောင်းသို့ သွားပြန်၏။ ကျောင်းသို ရောက်သောအခါ မည်သူသည် စူဠပန်အရှင်မြတ် ဖြစ်ပါသနည်း"ဟု မေးမြန်းလိုက်သည်နှင့် တပြိုင်နက် ရဟန်းတော်ပေါင်း တစ်ထောင်တို့ က "ငါ စူဠပန်၊ ငါ စူဠပန်"ဟု မိန် ကြားကြလေရာ မည်သည့် ရဟန်းကို ပင့်ရမှန်းမသိသဖြင့် ဆရာဇီဝက ထံသို့  ပြန်လာပြန်၏။ ထိုအခါ မြတ်စွာဘုရားက "ပထမဦးစွာ ငါ စူဠပန်"ဟု ပြောသော ရဟန်းကို လက်၌ကိုင်၍ "အရှင် စူဠပန်ကို မြတ်စွာဘုရား ခေါ်တော်မူ၏" ဟုဆိုကာ ပင့်ချေဟု မိန့် တော်မူ၏။ ယောက်ျားလည်း မြတ်စွာဘုရား မိန့် တော်မူတိုင်း သွားရောက်ပင့်ကာမှ စူဠပန်မထေရ်သည် လာရောက်ပင့်သော ဒါယကာနှင့်အတူ ဆရာဇီဝက၏ အိမ်သို့  လိုက်ပါလာ၏။ ကျန်သော ရဟန်းများအားလုံး ကွယ်ပျောက် ကြကုန်၏။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ စူဠပန်အား ဆွမ်းအနုမောဒနာတရားကို ဟောကြားရန် မြတ်စွာဘုရားက မိန့် ကြားတော်မူရာ စူဠပန်မထေရ်သည် ပိဋကတ်သုံးပုံကို ချောက်ချား၍ ဟောတော်မူ၏။ အံ့ဖွယ်ကောင်းသော ဖြစ်ရပ်ပေတည်း။

စူဠပန်သည် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ထားသူ ဖြစ်၏။ ပဋိသန္ဓေဥာဏ် ကြီးမားသူ ဖြစ်၏။ သို ပါလျက် နောင်တော် မဟာပန် သင်ကြားပေးသော ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် သင်ယူပါသော်လည်း မတတ်မြောက်ဘဲ ရှိ၏။ တတ်မည့်တတ်တော့လည်း ပိဠကတ်သုံးပုံကို နာရီပိုင်း အတွင်း၌ပင် တတ်မြောက်၏။ ဂါထာတစ်ပုဒ်သင်ပေးသူက မဟာပန်၊ ပိဋကတ်သုံးပုံကို သင်ပေးသူက သဗ္ဗညုတ ဥာဏ်တော်ရှင် ဘုရားသခင်၊ ဆရာချင်း မည်မျှ ကွာခြားပါလေသနည်း။

စူဠပန်သည် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ပညာရှိ ရဟန်း ဖြစ်ခဲ့၏။ ဥာဏ်အလွန်ထက်၏။ စာပေသင်ယူရာ၌ ဥာဏ်အလွန် နုံ့ သော ရဟန်းတော် တစ်ပါးကို စာပေမသင်ကြားရဲေ လာက်အောင် ပြက်ရယ်ပြုခဲ့၏။ ဤအကုသိုလ်သည် စူဠပန်အား နောက်ဆုံးဘ၀တိုင်အောင် လိုက်ခဲ့၏။ သို့ ဖြစ်၍ နောက်ဆုံးဘ၀၌ ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် သင်ယူပါသော်လည်း စူဠပန် မတတ်မြောက် နိုင်ခြင်း ဖြစ်၏။ ဤသည်ကား အကုသိုလ်၏ စွမ်းအား ဖြစ်၏။ ကုသိုလ်စွမ်းအား အနေဖြင့်မူ စူဠပန်သည် တစ်ချိန်က "မင်း"ဖြစ်ခဲ့၏။ မြို့ ကို လှည့်လည်စဉ် နဖူးမှထွက်သော ချွေးကို ဖြူစင်သော အ၀တ်စဖြင့် သုတ်လေရာ ဖြူစင်သော အ၀တ်စသည် ညစ်နွမ်းသွား၏။ ဖြူစင်သော အ၀တ်စသည် ခန္ဓာကိုယ်ကို အကြောင်းပြု၍ ညစ်နွမ်းသွားခြင်း ဖြစ်သဖြင့် သင်္ခါရတရားတို့ ၏ မမြဲသောသဘော "အနိစ္စသညာ"ကို ရဖူး၏။ ဤကုသိုလ်သည်လည်း စူဠပန်အား နောက်ဆုံးဘ၀တိုင်အောင် လိုက်ခဲ့၏။

ရုပ်ဝတ္ထုများအနေ ဖြင့် နှမ်းတစ်လုံးနဲ့ ဆီမဖြစ် ဟုဆိုကြ၏။ နှမ်းတစ်လုံးနှင့် ဆီမဖြစ်သော်လည်း အိုင်းစတိုင်း၏ E =mc2 ဟူသော ညီမျှခြင်းအရ အလွန်ကြီးမားသော စွမ်းအင်ကို ရ၏။ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များအနေ ဖြင့် မူလရုပ်စွမ်းအင်ထက် အတိုင်းအဆပို၍ ကြီးမားသော စိတ်စွမ်းအင်ကို ရ၏။ ထို့ ကြောင့် စူဠပန်၏ ဘ၀အတွက် အကုသိုလ်ကလည်း အကုသိုလ်အလျောက်၊ ကုသိုလ်ကလည်း ကုသိုလ်အလျောက် အကျိုးကို ပေးကြ၏။ ကာလခြားခြင်းသည် လည်း ပဓာနမဟုတ်၊ ဒေသခြားခြင်းသည်လည်း ပဓာနမဟုတ်၊ ၃၁ ဘုံအတွင်း၌ အချိန်မရွေးလိုက်နိုင်၏။ ထို့ ကြောင့် မြတ်စွာဘုရားက သစ္စာရှုထောင့်မှ ကြည့်၍ "အဏုမြူမျှလောက် သေးငယ်သော အပြစ်တို့ ၌ပင် ဘေးဟု ရှုမြင်ရမည်" ဟုဟောတော်မူခြင်း ဖြစ်၏။

အမှန်အားဖြင့် ဂရုကံမဟုတ်ပါက အပြစ်ဟူသမျှသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူ့ ချမ်းသာ နတ်ချမ်းသာ တို့ ၌ မတားမြစ်နိုင်သော်လည်း နိဗ္ဗာန်ချမ်းသာကိုမူ တတ်မြတ်တတ်၏။ အပြစ်အားလုံးကို ပယ်သတ်နိုင်မှ ရဟန္တာဖြစ်နိုင်၏။ ထို့ ကြောင့် အကုသိုလ်ဟူသမျှကို အကြွင်းမရှိ ပယ်သတ် နိုင်သော အရဟတ္တမဂ်ကို ရည်စူးပါက မည်သည့်အပြစ်ကိုမဆို ပယ်သတ်နိုင်ရန် သမ္မပ္ပဓာန်ကို အလေးထား၍ အားထုတ်အပ်ပါ၏။

မဟာပန်သည် ညီ စူဠပန်၏ အလိုအဇ္ဈာသယကို မသိသဖြင့် ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် သင်ပေးပါသ်ေလည်း မတတ်မြောက်သဖြင့် ညီ စူဠပန်အား ကျောင်းမှ နှင်ထုတ်ခဲ့၏။ မြတ်စွာဘုရားကား စူဠပန်၏ အလိုအဇ္ဈာသယကိုရော၊ ပဋိသမ္ဘိဒါလေးပါး ကိုရော၊ အဘိဥာဉ်ခြောက်ပါးကိုရော ၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုရော တတ်မြောက်အောင် သင်ပေးနိုင်၏ဟု မြတ်စွာဘုရား၏ အတုမဲ့ ဂုဏ်ကျေးဇူးတော် များကို ရဟန်းတော်များက ချီးမွမ်းပြောဆိ ကြရာ မြတ်စွာဘုရားက "ချစ်သား ရဟန်းတို့ ၊ ငါဘုရား၏ သာသနာ တော်အတွင်း၌ အားထုတ်အပ်သော လုံ လရှိသူသည် လောကုတ္တရာတရား၏ ပိုင်ရှင်ဖြစ်သည် သာတည်း"ဟု မြွက်ကြားတော်မူကာ ဤသို ဟောကြားတော်မူလေ၏။

-ထကြွလုံ့ လဖြင့် လည်းကောင်း၊ မမေ့မလျော့ခြင်း ဖြင့် လည်းကောင်း၊ သီလကို စောင့်ထိန်းခြင်းဖြင့် လည်းကောင်း၊ ဣနြေ္ဒကို ထိန်းသိမ်းခြင်းအားဖြင့် လည်းကောင်း၊ -ပညာရှိသည် ကိလေသာရေအလျဉ် မလွှမ်းမိုးနိုင်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တည်းဟူသော ကျွန်း ကို ပြုရာ၏။

ထေရ၀ါဒ သာသနာတော်၌ စိတ်သည် ရှေ သွားဖြစ်၏။ ထို့ ကြောင့် စိတ်သည် အလွန်အရေးကြီး၏။ စိတ်ကို မထိန်းမကျောင်းဘဲသူ့ ချည်း လွှတ်ပေးလိုက်လျှင်လည်း ကာမသုခလ္လိက လမ်းစဉ်အရ ယုတ်ညံ့၏။ အကျိုးမဲ့ကို ဖြစ်စေ၏။ စိတ်ကို အတင်းအဓမ္မ ချုပ်ထိန်း ထားပြန်လျှင်လည်း အတ္တကိလမထ လမ်းစဉ်အရ ဆင်းရဲ ပင်ပန်း၏။ အကျိုးမဲ့ကိုပင် ဖြစ်စေ၏။ ထို ကြောင့် စိတ်ကို မဇ္ဈိမပဋိပဒါ လမ်းစဉ်အရ သူကြိုက်သလိုလည်း ဆောင်ရွက်ရန် ခွင့်မပြု။ အတင့်အဓမ္မလည်း မချုပ်ထိန်း။ သို့ ရာတွင် ယဉ်ကျေးလာအောင်တော့ ထိန်းရ၏။ စိတ္တံ ဒန္တံ သုခါဝဟံဟူသည်နှင့်အညီ ယဉ်ကျေးသော စိတ်သည်သာ ချမ်းသာကို ဆောင်နိုင်၏။ စိတ်ကို ယဉ်ကျေးအောင် ဆုံးမရာတွင် ထမင်းချက်သလိုပင် လုပ်ရ၏။

စိတ်က ဆန်၊ သဒ္ဓါက အိုး၊ သမာဓိက ရေ၊ ၀ီရိယက မီး၊ သတိက ယောက်မ၊ ပညာက ထမင်းချက်သူ၊ ဒါန-သီလ-ဘာဝနာက ဖိုခုံလောက် သုံးလုံး။ ဤသို့ နှိုင်းယှဉ်၍ မှတ်သားလျှင် မှတ်သားရလွယ်၏။ ထမင်းနပ်မှ အာဟာရဖြစ်သလို စိတ်ယဉ်ကျေးမှ ချမ်းသာ၏။ ထို့ ကြောင့် ဆန်နှင့်တူသော စိတ်ကို အိုးနှင့်တူသော သဒ္ဓါ၌ထည့်ရ၏။ ထို့ နောက် ရေနှင့်တူသော သမာဓိကို အလောတော်ထည့်ရ၏။ ဒါန သီလ ဘာဝနာတည်းဟူသော ဖိုခုံလောက် သုံးလုံးပေါ်၌တင်ရ၏။ မီးနှင့်တူသော ၀ီရိယကို ရေနှင့်လိုက်အောင် ထိုးရ၏။ ယောက်မနှင့် တူသော သတိဖြင့် အမြဲမပြတ်မွှေရ၏။ ချက်သူနှင့် တူသော ပညာက နပ်သည်၊ မနပ်သည်ကို ကြည့်ရ၏။ နပ်သောထမင်းသည်သာ အာဟာရကို ဖြစ်စေနိုင်သလို ယဉ်ကျေးသော စိတ်သည်သာ ချမ်းသာကို ဖြစ်စေနိုင်၏။

စိတ်ကို ယဉ်ကျေးအောင် ဆောင်ရွက်ရာတွင် ဣနြေ္ဒငါးပါးကို ညီညွတ်အောင် ထားရ၏။ သဒ္ဓါနှင့်ပညာက တစ်တွဲ၊ ၀ီရိယနှင့်သမာဓိကတစ်တွဲ၊ သတိကမူ အားလုံး အပေါ်၌ ရှိရ၏။ သတိဟူသည် ပိုသည်မရှိ။ လိုသည်သာ ရှိ၏။ သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိတို့ ကား အပိုအလို ရှိတတ်၏။ ထို့ ကြောင့် အပိုအလိုမရှိ မျှအောင် ဆောင်ရွက်ရ၏။ ထိုသို့ ဆောင်ရွက်မှသာ စိတ်သည် ယဉ်ကျေးမည်ဖြစ်၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော ဓမ္မပဒ-စူဠပန် မထေရ်ဝတ္ထု မှ) photo -creditto Aung Pyae Soe မေတ္တာဖြင့် စီကုံးပူဇော်သူ အနှိုင်းမဲ့စာတိုပေစများ (www.infinitydhamma.com)