Thursday, May 02, 2013

ဝဋ်မြစ် ၂ ပါး

ဝဋ်မြစ် ၂ ပါး


ပဋိစ္စသမုပ္ပါဒ်စက်သည် အတိတ်ဘဝအကြောင်းမှ စ၍ ပစ္စုပ္ပန်ဘဝအကျိုးဖြစ်သည့်တိုင်အောင် အရှေ့ ပိုင်းတစ်စက် ပစ္စုပ္ပန်ဘဝအကြောင်းမှစ၍ အနာဂတ်ဘဝအကျိုးတိုင်အောင်နောက်ပိုင်းတစ် စက်ဟူ၍၂ စက်ရှိ၏။ ထိုတွင်"အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်နာမ်ရုပ် သဠာယ တန ဖဿ ဝေဒနာ တို့ကား ရှေ့ပိုင်းတစ်စက် ဖြစ်၏။ထိုစက်၌အဝိဇ္ဇာသည်အရင်းမူလအစဖြစ် ၏။ တဖန်"တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏတို့ ကားနောက်ပိုင်းတစ်စက်ဖြစ်၏။ဤစက်၌တဏှာ သည်အရင်းမူလအစဖြစ်၏။ ထို့ကြောင့် ဝဋ်မြစ် ၂ပါးတို့သည် အဝိဇ္ဇာနှင့်တဏှာ တို့ဖြစ်ကြ၏။


စက်ရဟတ်ပျက်ကိန်း


သစ်တစ်ပင်၌ ရေသောက်မြစ်ပြတ်လျှင် တစ်ပင်လုံး ပျက်စီးရသကဲ့သို့ထို့အတူ သံသရာတွင် စည်ပင် နေသည့်သတ္တဝါဟုခေါ်ဆိုအပ်သော ရုပ်နာမ်ခန္ဓာ သစ်ပင်ကြီး၌အဝိဇ္ဇာ-တဏှာ ဟူသည့်ရေသောက် မြစ် ၂ခုကို အရဟတ္တမဂ်လက်နက်ဖြင့် ဖျက်ဆီး လိုက်သော အခါရုပ်နာမ် သံသရာကြီးအပြီးသ တ် ချုပ်ငြိမ်းလေတော့သည်။


ဒေါက်တာမင်းတင်မွန်၏ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။


No comments: