Tuesday, March 04, 2014

***ရဟန္တာအရှင်သူမြတ်ကြီး*** ဆားတောင်ဆရာတော်ဘုရားကြီး *ဦးပညာဏိက*၏ထိ သိ သတိ ဆုံးမသြဝါဒများ

***ရဟန္တာအရှင်သူမြတ်ကြီး*** ဆားတောင်ဆရာတော်ဘုရားကြီး *ဦးပညာဏိက*၏ထိ သိ သတိ ဆုံးမသြဝါဒများအားပူဇော်ပေးလိုက်ပါသည်။ ၁*တရားနှင့်အိပ်စက်ခြင်းတရားနှင့်နိုးထခြင်းတရားနှင့်မွေ့လျော်ခြင်းဒါအပ္ပမာဒတရားဘဲ။ ၂*တောထဲလွှတ်ကျောင်းတဲ့နွားတွေဟာနေ့တိုင်းနေ့တိုင်းဒီစားကျက်ပဲ စားနေကြတာပဲစားစရာမရှိဘူးထင်ရပေ မဲ့ကိုက်ပါများတော့လဲဗိုက်ပြည့် တာပဲတရားဆိုတာလဲဒီအတိုင်းပါပဲဒီ ခန္ဓာပဲနေ့စဉ်ရှုမှတ်နေရမှာပါပဲ။ ၃*ပြဿနာကကိုယ့်ဆီလာတာမ ဟုတ်ပါဘူးပြဿနာကိုသာကိုယ်က လက်ခံထားလို့ရှိနေတာပါ။ ၄*ဘာမဆိုအတွင်းကအေးနေအောင်လုပ်ရ တယ်အပြင်ကဘယ်လောက်ပူပူအတွင်းကအေးနေတော့အေးတာပဲအပြင်ကဘယ်လောက်အေးအေးအတွင်းကပူတော့ပူတာပဲ။ ၅*အားကိုးမမှားစေနဲ့မိမိကိုယ်ကိုအားကိုးရမယ်။ ၆*ခန္ဓာကတော့သူ့တရားသူပြနေတာပဲလောဘဒေါသမောဟဖုံးနေတော့ဘာမှမသိလို က်ရဘူး။ ၇*ခန္ဓာရှိနေသရွေ့အမြဲတမ်းဆင်းရဲ နေမှာပဲဆင်းရဲတွင်းကလွတ်ဖို့တရားအားထုတ်ပါဆိုတော့မထုတ်ချင်ကြဘူး။ ၈*စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူးတ ရားကဖြတ်မှပြတ်တာတရားရှိအောင်အားထုတ်ကြတရားရှိတော့တရားကပဲဖြတ်ေ ပးတယ်ပြတ်ပေးတယ်ပယ်ပေးတယ်။ ၉*ဘယ်လိုပုဂ္ဂိင်္ုံလ်ပဲဖြစ်ဖြစ်တရားကတော့အားထုတ်ရမှာပဲအားထုတ်ခွင့် ကြုံတုံးအားထုတ်ကြသာသနာပပြီဆိုေ တာ့ဝိပဿနာနဲ့တွေ့ရတာမဟုတ် ဘူးဒီတော့ပိုနစ်နာတယ်။ ၁၀*တရားအားထုတ်ဖို့တော့မအားဘူးမ အားဘူးလို့ပြောနေကြတယ် သေချိန်ကျလာလို့မသေချင်ဘူးလို့ ပြောလို့ရတာမဟုတ်ဘူးမအားဘူးလို့ ပြောလို့ရတာမဟုတ်ဘူး *ထေရုပ္ပတ္တိနှင့်တရားကျင့်စဉ်*မှ မျှဝေပူဇော်ပါသည်ဆက်လက်၍လဲပူဇော်သွားပါမည်တရားထူးတရားမြတ်များရရှိကြပါစေ/ရရှိရလိုပါ၏ ။

No comments: