Friday, February 28, 2014

ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း

“ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း” •••••••••••••••••••••••••••••••• မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် “ကုသိုလ်” ဖြစ်တဲ့အလုပ် မှန်သမျှ လုပ်ကောင်းတယ်၊ “အကုသိုလ်”ဖြစ်တဲ့အလုပ် မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်။

တချို့ကျတော့ ဒါလုပ်ကောင်းလား၊ မလုပ်ကောင်းဘူးလား၊

တချို့ ဘုန်းကြီးကျောင်းထဲ ● ဖိနပ်စီးကောင်းလား မေးတဲ့လူက ရှိသေးတယ်နော်၊ အဲတော့ ကိုယ့် “စိတ်”ပ်ါမှာ မူတည်တယ်နော်၊ ဪ ဒါ သံဃာတွေ သီတင်းသုံးတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ် ။ respect ပေးလို့ ချွတ်ရင် ကုသိုလ်ရတယ်၊ ဒါမှန်တယ်။

မချွတ်ချင်ဘူး ဆိုရင်လည်း မလေးမစားလုပ်တာ ၊ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။ သံဃာတွေ့နဲ့တွေ့ရင် ချွတ်တယ်၊

သို့သော် ... ဗမာပြည်မှာ “ဆန့်ကျင်နေတာ”တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် ●“စက်ဘီး”ပေါ်က မဆင်းဘူး။ ●“မော်တော်ဆိုင်ကယ်”ပေါ်က မဆင်းဘူး။ ●“ဖိနပ်”တော့ ချွတ်တယ်။ ဒါ အဓိပ္ပာယ်မရှိဘူးနော်။ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ။ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေါ့။ ဒီလို ဆိုလိုတာပေါ့။

ရှေးတုန်းကဆိုရင် ဘုရား၊ ကျောင်းကန်ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်။ ဖိနပ်စီးပြီး ၀င်လာကြတယ်။ ဘုရားနဲ့တွေ့တဲ့ အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်။

ဒီလို ကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ “အလေးပြု”ရာကနေေ ပ်ါလာတာ။ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး။

♦စီးသည့်အတွက်ကြောင့် “အပြစ်”မရှိဘူး၊ “စော်ကား”လို၍ လုပ်ရင်တော့ “အပြစ်”ရှိတယ်။

♦လေးစားလို့လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ် လုပ်တယ် ဒီလိုပြောရမယ်၊

ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ။ ကျောင်းရှေ့က ဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွာြး ကတယ်။ ဒါ အစဉ်အလာတစ်ခုပဲနော်။ “tradition” လို့ ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊

ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး။ အခုတော့လည်း စီးနေကြတာပဲ။

အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊

● တချို့က “သိမ်”ထဲကို “အမျိုးသမီး” မ၀င်ကောင်းဘူးလို့ ပြောကြတယ်။ မဟုတ်ပါဘူး။ မ၀င်ကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။

ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ “အိမ်မြှောင်”တွေတောင် သိမ်ထဲမှာ နေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်။ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်။

ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့ “သိမ်”က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲသမုတ်ထားတာ။ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံး ရှိနေတာပဲနော်၊ ဒါကြောင့်မို့ မ၀င်ကောင်းဘူးဆိုတာ မဟုတ်ဘူး။

တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်။ ဆရာတော် သိမ်ထဲမှာ အိမ်သာ “ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရလား။ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့ မေးတယ်။ ရှင်သာရိပုတ္တရာ သမုတ်တဲ့ သိမ်ထဲမှာတော့ ဘယ် ကုဋီတင်ကမှာတုန်း၊

သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့၊ ကိုယ့်ဟာကိုယ် သင့်တော်၏ ၊ မတော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်။

အေး ဒါကြောင့်မို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

(မူရင်းဓမ္မဒါနအလှူရှင် -Ma Hla Hla Win)

Dhamma Danã Source ► Ma Hla Hla Win & www.facebook.com/youngbuddhistass ociation.mm

Thursday, February 27, 2014

စရိုက် ၆-ပါး

စရိုက် ၆-ပါး

ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို `စရိုက် ´ဟုခေါ်၏။

ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိ(ပညာ)စရိုက်နှင့် ၀ိတက်စရိုက်ဟူ၍ စရိုက် ၆-ပါးရှိ၏။

၁။ ရာဂစရိုက်ရှိသူသည် လောကီအာရုံကာမဂု ဏ်များကို မရှက်မကြောက်လိုက်စား၏။

၂။ ဒေါသစရိုက်ရှိသူသည် နေရာတကာတွင် ရူးရူးရှဲရှဲ အမြဲစိတ်တို၏။

၃။ မောဟစရိုက်ရှိသူသည် ထိုင်းမိုင်းဖျင်းအပြီး အောက်ကျ နောက်ကျရှိ၏။

၎။ သဒ္ဓါစရိုက်ရှိသူသည် ရတနာမြတ်သုံးပါးကို လွန်စွာကြည်ညို၏။

၅။ ဗုဒ္ဓိစရိုက်(၀ါ)ပညာစရိုက်ရှိသူသည် ထက်မြက်သော ဉာဏ်ပညာဖြင့် အရာရာတွင် စဉ်းစား ဆင်ခြင်လေ့ရှိ၏။ သူများပြောတိုင်း မယုံချေ။

၆။ ၀ိတက်စရိုက်ရှိသူသည် အကြံအစည်များပြီး အလုပ်မတွင်ကျယ်ဘဲ ရှိတတ်၏။

ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်မှ

" ဥပုသ်အဓိပ္ပါယ် နှင့် ရှစ်ပါးသီလ- ကိုးပါးသီလ အကြောင်း”

" ဥပုသ်အဓိပ္ပါယ် နှင့် ရှစ်ပါးသီလ- ကိုးပါးသီလ အကြောင်း” ************************************************* ဥပုသ်နှင့်ပတ်သတ်တဲ့ အကြောင်းအရာလေးက နည်းနည်းရှင်းပြပါ့မယ်။ ဥပုသ်ဆိုတာ “ဥပေါသထ” ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ (ဥပ) ဆိုတာက ညစာမစားခြင်း၊ သူ့အသက်ကို မသတ်ခြင်းဆိုတဲ့ အကျင့်ကောင်းတွေနဲ့ ပြည့်စုံပြီး (ဝသထ) ဆိုတာက နေတာ။ နှစ်ခုပေါင်းလိုက်တော့ ဥပဝသထ- ဥပေါသထ=ဥပုသ်ဆိုတာ ညစာမစားခြင်း၊ သူ့အသက်မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ အကျင့်ကောင်းသီလတွေနဲ့ ပြည့်စုံပြီး စောင့်စည်းနေထိုင်တာကို ဥပုသ်စောင့်ခြင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒါက ဥပုသ်ရဲ့ အဓိပ္ပါယ်ပါ။

နောက်တစ်ချက်က ဥပုသ်ဆိုတာကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့် လကွယ်နေ့တွေမှာသာ စောင့်ထိန်းအပ်သ ည်မဟုတ်သေး၊ မည်သည့်နေ့မဆို စောင့်ထိန်းလိုကစောင့်ထိန်းနိုင်ကြောင်း မဟာသုဒဿနသုတ်မှာ ဖွင့်ပြထားပါတယ်။ ဒီလိုဖွင့်ပြထားခြင်းကြောင့် ဘယ်နေ့မှာမဆို ဥပုသ်စောင့်နိုင်ပါတယ်။ သဘာဝကျကျစဉ်းစား ကြည့်မယ်ဆိုရင်လည်းကုသိုလ်ကောင်းမှု ပြုခြင်းလို့ ခေါ်တဲ့ ဥပုသ်စောင့်ထိန်းခြင်းဟာ ဥပုသ်နေ့ဥပုသ်စောင့်မှ ကုသိုလ်ရတယ်၊ ဥပုသ်နေ့ မဟုတ်တဲ့နေမှာဆို ဥပုသ်စောင့်ရင် ကုသိုလ်မရဘူးလို့မဖြစ်သင့်ပါဘူး။ဒါကြောင့် ဥပုသ်ကို ဘယ်နေ့မဆို စောင့်သုံးနိုင်တယ်လို့ မှတ်သားထားရပါမယ်။

နောက်တစ်ချက် ဥပုသ်သီလကို မြတ်စွာဘုရားရှင်ထံတော်မှောက်၌ဖြစ်စေ၊ ရဟန်းတစ်ပါးပါး ထံတော်၌ ဖြစ်စေ၊ ဆယ်ပါးသီလနားလည် တတ်ကျွမ်းတဲ့ မိမိထက် အသက် ဂုဏ်ဝါ သိက္ခာ သီလ သမာဓိ ပညာ ကြီးမြတ်ကြတဲ့ လူပုဂ္ဂိုလ်ထံ၌ဖြစ်စေ ဆောက်တည်နိုင်ပါတယ်။ ပါဠိတော်တွေ ဆိုလို့မတတ်ရင်လည်း မြန်မာပြန်သက်သက် ဆောက်တည်နိုင်သေး၏။ ရဟန်းတော်များရှားပါးတဲ့နေရာေ ဒသများမှာဆိုရင်တော့ မြတ်စွာဘုရားထံေ တာ်၌ပင်ဆောက်တည်နိုင်ပါ၏။ ရဟန်းသံဃာတော်တွေရှေ့မှာဆိုရင်တော့ ရဟန်းတော်များကတိုင်ကြားပေးပြီးဆောက်တည်စေတာကြောင့် မိမိသီလအပေါ် ပိုဂရုစိုက်တာပေါ့။ သြော်..ဆရာတော်တွေဆီမှာ (အာမဘန္တေ) ခံလာခဲ့တာပဲဆိုပြီး တော်ရုံ တန်ရုံ သီလကျိုးဖို့တွေ့လာပေမယ့် မကျိုးအောင် ဇွဲတင်းပြီးထိန်းသိမ်းဖြစ်တာပါ။ ဒါကြောင့် ဥပုသ်သီလကို ပါဠိလိုမရလျှင် မြန်မာပြန်သက်သက်သော်လည်းကောင်း၊ ရဟန်းတော်များရှားပါးတဲ့အရပ်ဒေသများမှာ မြတ်စွာဘုရားထံတော်၌လည်းကောင်း၊ ဆယ်ပါးသီလ တတ်ကျွမ်းတဲ့ သီလ သမာဓိ ပညာကြီးမြတ်တဲ့ လူပုဂ္ဂိုလ်ထံ၌လည်းကောင်း၊ ရဟန်းတော် တစ်ပါးပါးထံ၌သော်လည်းကောင်း ဆောက်တည်နိုင်ပါ၏။

နောက်ဆုံးအချက် “ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ ရှိသလား”ဟုမေးကြ၏။ဗုဒ္ဓဘာသာမှာ “တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟု”ဘုရားဟောပါဠိတော်များမှာ မတွေ့ရပါ။ သို့ရာတွင် “တစ်ပါးတတ်နိုင်လျှင် တစ်ပါး၊နှစ်ပါးတတ်နိုင်ရင်နှစ်ပါး၊ စသည်ဖြင့် စောင့်သုံးနိုင်ကြောင်း အဋ္ဌကထာကျမ်းများမှာ ဖွင့်ဆိုထားသည့်အတွက် တစ်ပါးသီလ၊ နှစ်ပါးသီလ အဖြစ်ဖြစ်ဖြင့် စောင့်ကောင်းပါသည်။” တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားခဲ့သော်လည်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ သိက္ခာပဒဝိဘင်းအဖွင့်၌”လူဝတ်ကြောင်များမှာ သီလခံယူပြီးနောက် ကျူးလွန်သည့် သိက္ခာပုဒ် သာ ပျက်၏။ ကျန်သိက္ခာပုဒ်များမပျက်။ အကြောင်းမှာ လူများသည် သီလမမြဲကြ၊ အမြဲစောင့်နိုင်မှ စောင့်ရမည့် သီလမရှိသည့်အတွက်ကြောင့် ဖြစ်သည်။ စောင့်နိုင်သမျှ သိက္ခာပုဒ်ကိုသာ စောင့်ထိန်းကြသည်”ဟု မိန့်ဆိုထား၏။ အဓိပ္ပာယ်မှာ ရှင်သာမဏေတို့မှာ ဆယ်ပါးသီလကို အမြဲစောင့်ထိန်းကြရ၏။ သိက္ခာပုဒ် တစ်ပါးပျက်လျှင် ဆယ်ပါးလုံးပျက်သွားကာရှင်သာမဏေ မဟုတ်တော့သည့်အတွက် ရှင်သာမဏေများ၌ ဆယ်ပါးသီလ အမြဲရှိရသကဲ့သို့လူဝတ်ကြောင်များမှာ “သီလရှိမှ လူဖြစ်မယ်။သီလမရှိရင် လူမဖြစ်”ဟု အမြဲစောင့်ထိန်းရမည့် သီလမရှိဟု ဆိုလိုပေသည်။ ဤအဋ္ဌကထာ အဆိုအမိန့်အရ လူဝတ်ကြောင်များ သည် ဆယ်ပါးသီလကို မဆိုထားနှင့် ငါးပါးသီလကိုပင် တတ်နိုင်သမျှ စောင့်ရမည်။ ငါးပါးလုံးကို မစောင့်နိုင်ဘဲ တစ်ပါး၊နှစ်ပါးသာ စောင့်ထိန်းလျှင်လည်းငါးပါးလုံး မပြည့်၍ မစောင့်ကောင်း၊ စောင့်သော်လည်းကုသိုလ်မရ၊ သီလမဖြစ်ဟု မဆိုနိုင်ပါချေ။ ငါးပါးမပြည့်ဘဲ စောင့်နိုင်သမျှ စောင့်ရာမှာ ကုသိုလ်လည်းရ၏။ သီလအစစ်လည်းဖြစ်၏ ဟု မှတ်ယူရမည်။ ဆက်၍ဆိုပါဦးမည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ “ ပရိယန္တပါရိသုဒ္ဓိသီလ”(ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလ) ဟူသောပုဒ် ကို အဋ္ဌကထာဖွင့်ဆိုရာ၌ ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလသည် (၁)။ သိက္ခာပုဒ်အပိုင်းအခြား( သိက္ခာပဒ ပရိယန္တ) (၂)။ ကာလအပိုင်းအခြား (ကာလပရိယန္တ) ဟု နှစ်မျိုးရှိ၏။ ထို့တွင် သိက္ခာပုဒ်အပိုင်းအခြားဆိုသည်မှာ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလိုရှိရာ ဆောက်တည်ရိုး အစဉ်အတိုင်း သိက္ခာပုဒ်တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးသော် လည်းကောင်း၊လေးပါးသော်လည်းကောင်း၊ ငါးပါးသော်လည်းကောင်း၊ ရှစ်ပါးသော်လည်း ကောင်း၊ ဆယ်ပါးသော်လည်းကောင်း၊ စောင့်ထိန်းကြကုန်၏။ သိက္ခမာန်၊ သာမဏေယောက်ျားသာမဏေမိန်းမတို့မှာမူ ဆယ်ပါးသော သိက္ခာပုဒ်တို့ကု ဆောက်တည်ကျင့်သုံးကြ၏ဟု ဖွင့်ဆိုထားသည်။

ဤအဋ္ဌကထာဖွင့်ဆိုချက်အရလည်း လူဝတ်ကြောင်တို့သည် သိက္ခာပုဒ်တစ်ပါး ကိုပဲဖြစ်ဖြစ်၊ နှစ်ပါး၊ သုံးပါး၊လေးပါး၊ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးကိုပဲဖြစ်ဖြစ်ဆောက်တည်ပြီးလုံလုံခြုံခြုံေ စာင့်ထိန်းနိုင်လျှင် သိက္ခာပဒပရိယန္တ ပါရိသုဒ္ဓိသီလ( သိက္ခာပုဒ် အပိုင်းအခြားရှိ၍ စင်ကြယ်သောသီလ) အမှန်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ၊နှစ်ပါးသီလ၊ သုံးပါးသီလ၊လေးပါးသီလဟူ၍မရှိ။ ငါးပါးသီလသာ ထင်ရှားရှိစေကာမူ ငါးပါးလုံး ဆောက်တည်နိုင်မှ ဆောက်တည်ကောင်း၊ စောင့်ထိန်းကောင်းသည်မဟုတ်၊ တစ်ပါးတတ်နိုင်လျှင်တစ်ပါး၊နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး၊ သုံးပါးတတ်နိုင်လျှင် သုံးပါး၊ လေးပါးတတ်နိုင်လျှင် လေးပါး ဆောက်တည်ကျင့်သုံးကောင်းကြောင်း မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးဆုံးဖြတ်တော်မူထား၏။ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလဟူ၍ကားမရှိ။ သို့သော် စောင့်ထိန်းလိုလျှင် စောင့်ကောင်း၏။ ကုသိုလ်လည်းရ၏ သီလလည်းဖြစ်၏။

တစ်ထိုင်သီလ၊ ကျောင်းနေသီလ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ သီလမယဥာဏနိဒ္ဒေသ အဖွင့်မှာလည်းကာလအပိုင်းအခြားရှိသည့် သီလ (ကာလပရိယန္တ)သီလဆိုသည်မှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လေ့ရှိကြသော ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလှူလှူဒါန်းကြသည့်အခါ မိမိကျွေးမွေးလှူဒါန်းသည့်အချိန်တွင်း ပိုင်းခြား၍ သီလကို ဆောက်တည်ကြကုန်၏။(ယခုခေတ်၊ တစ်ထိုင်သီလဟု ပြောဆိုနေကြသည့် သီလမျိုးဖြစ်၏။) ဘုန်းတော်ကြီးများကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်းမှ မပြန်မီ အတောအတွင်းသီလကို ဆောက်တည်ကြကုန်၏ ။( ကျောင်းမှာနေသည့် ကာလအပိုင်းအခြား ဆောက်တည်သော သီလမျိုးဖြစ်၏။) တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ ထိုထက်များသောရက်တို့ကို ညဥ့်နေ့ပိုင်းခြားပြီးဆောက်တည်ကြ၏။ ဤသို့စွမ်းနိုင် သမျှ အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလမျိုးဖြစ်သည်။) ဤအဋ္ဌကထာကျမ်း၏ အဆိုအမိန့်အရ တစ်နေ့လုံး မဟုတ်ဘဲသံဃာတော်များကို အိမ်သို့ပင့်ပြီး လှူဒါန်းနေ သည့် အချိန်ပိုင်း၌ဖြစ်စေ၊ ကျောင်းသို့သွားသည့်အခါကျောင်းမှနေသရွေ့ အချန်ပိုင်း၌ဖြစ်စေ၊သီလစောင့်သုံးနိုင်ကြောင်း၊ ကာလပရိယန္တသီလမျိုးဖြစ်ကြောင်း သိသာထင်ရှားသည့်အတွက် ညဘက်မှာ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်လိုကလည်း ဆောက်တည်နိုင်၏။ ထို့ကြောင့် “ဥပုသ်နေ့မှာ ညစာမစားဘဲ မနေနိုင်သေးသည့် ကလေးသူငယ်များ၊ အစာအိမ်ရောဂါအခံရှိသူများကို နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလဆောက်တည်စေကောင်းသည်”ဟု ဆရာတော်ကြီးများမိန့်ဆိုတော်မူခြင်း ဖြစ်သည်။ မြတ်သည့်အကျင့်ကို တစ်နေ့လုံးကျင့်မှ ကုသိုလ်ရမည်။အချိန်တစ်စိတ်တစ်ပိုင်းကျင့်လျှင် ကုသိုလ်မရဟု မဆိုနိုင်။ကျင့်နိုင်သမျှ ကုသိုလ်ရသည့်အတွက် ဆရာတော်ကြီးများ၏ မိန့်ဆိုချက်အတိုင်း စွမ်းနိုင်သမျှ အချိန်ပိုင်းဖြင သီလဆောက်တည် ကျင့်သုံးကောင်းသည်ဟု အသိပေးရေးသားလိုက်ရပါသည်။

ရှစ်ပါးသီလ(ကိုးပါးသီလ)တောင်းခြင်း အဟံဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ(နဝင်္ဂ သမန္တွာဂတံ) ဥပေါသထ သီလံဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ။ ။အဟံဘန္တေ…… ဒေထ မေ ဘန္တေ။ (ဆက်ဆိုရန်) တတိယမ္ပိ။ ။အဟံဘန္တေ…….ဒေထ မေ ဘန္တေ။ (ဆက်ဆိုရန်) ဘုန်းကြီး။ ။ယမဟံ ဝဒါမိ တံဝဒေထ။ လူများ ။ ။အာမ ဘန္တေပါဘုရား။

ဘုရားရှိခိုးခြင်း နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်) သရဏဂုံဆောက်တည်ခြင်း။ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ ဓမ္မံ သရဏံဂစ္ဆာမိ။ သံဃံ သရဏံဂစ္ဆာမိ။ (ဒုတိယမ္ပိ။ တတိယမ္ကိ) ဘုန်းကြီး။ ။တိ သရဏ ဂမနံပရိပုဏ္ဏံ။ လူများ ။ ။အာမ ဘန္တေပါဘုရား။

ရှစ်ပါးသီလ၊(ကိုးပါးသီလ) ဆောက်တည်ခြင်း ၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။)

၂။ အဒိန္တွာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူတစ်ပါးပစ္စည်းခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)

၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏)

၎။ မုသာဝါဒါဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ ( လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ပါ၏)

၅။ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ (သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏)

၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏)

၇။ နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ (ကခြင်းသီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်းနံ့သာ နံ့သာပြောင်းကို လိမ်းကျံခြင်းမှ ရှောင်ကြဉ်ပါ၏)

၈။ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏)

၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ (မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အလုံးစုံများစွာ သတ္တဝါတို့၌ ပျံ့နှံ့စေ၍ နေပါမည်။

မှတ်ချက်။ ။ရှစ်ပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ မေတ္တာတရားကို ပွားများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်(ကိုးပါးသီလ)ကို ကျင့်သုံးနေထိုင်သူဖြစ်တော့၏။ မေတ္တာသည် ဘာဝနာဖြစ်၏။ သီလကိုသာ ဆောက်တည်ရသည်။ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်တော့၏။ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တစ်ခု ပြုလုပ်၍ ဆောက်တည်ရန်မလို၊ထို့ကြောင့် မြတ်စွာဘုရားရှင်ကသမာဒိယာမိဟူသောပုဒ်ကို ထည့်၍ဟောတော်မမူ၊ရိုးရိုးရှစ်ပါးသီလကို ဆောက်တည်ပြီးနောက်မှ မေတ္တာတရားကို စွမ်းနိုင်သမျှ ပွားများအားထုတ်နေလျှင် အင်္ဂါကိုးပါရှိသော နဝင်္ဂ (ကိုးပါးသီလ)ဥပုသ်ကို ကျင့်သုံးပြီးဖြစ်ကြောင်း မှတ်အပ်၏။ သံဃာ။ ။တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။ လူများ ။ ။အာမ ဘန္တေပါအရှင်ဘုရား။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Wednesday, February 26, 2014

အကြားအမြင်

အကြားအမြင်

ဗုဒ္ဓ၀ါဒအရ ``ယထာကမ္မူပဂဉာဏ်´´ကို ရတဲ့သူဟာ ဘယ်ကံရဲ့အကျိုးပေးကြောင့်သတ္တ၀ါတွေ ဘယ်ဘုံဘ၀မှာဘယ်လိုဖြစ်နေတယ်ဆိုတာကို လမ်းပေါ်မှာသွားနေသူတွေကို အိမ်ပြတင်းပေါက်ထိုင်ကြည့်နေသလိုမြင်နိုင်တယ်။ ဒါကြောင့်အဲဒီဉာဏ်ကိုရရင် ``အကြားအမြင် ´´ရသူလို့ဆိုခွင့်ရှိတာမှန်တယ်။ အဲဒီဉာဏ်ကိုရဖို့ မြတ်ဗုဒ္ဓရဲ့သိက္ခာသုံးပါးကျင့်စဉ်ကိုကျင့်ရင် ရတာလည်းဟုတ်တာပဲ။

ဒါပေမဲ့အဲဒီဉာဏ်ကိုရမှသာ အကြားအမြင်ရသူလို့ဆိုရင် မပြည့်စုံတော့ဘူး။ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓလက်ထက်က ၀င်္ဂီသရဲ့ဖြစ်ရပ်အရ အဲဒီဉာဏ်ကိုမရဘဲ တခြားစွမ်းရည်တစ်မျိုးနဲ့လည်းသတ္တ၀ါတွေ ရောက်နေတဲ့ဘ၀ကို သိနိုင် တာကိုတွေ့ရလို့ပါ။အဓိပ္ပါယ်ကတော့ မြင်နိုင်ကြားနိုင်တဲ့စွမ်းရည်ပမာဏသာကွာရင်ကွာမယ် အခြားနည်းနဲ့ အကြားအမြင်ရတာမျိုးလည်းရှိနိုင်တယ်လို့ဖြစ်ပါတယ်။

သာဝတ္တိမြို့သား (ဓမ္မပဒ-ဋ္ဌ ၂၊၄၄၉ ) အရ ရာဇဂြိုလ်မြို့သား ၀င်္ဂီသအမည်ရတဲ့လူငယ်ဟာသုံးနှစ်အလွန်က လူသေရဲ့ခေါင်းခွံကိုပင် လက်သည်းဖျားနဲ့ခြစ်ပြီး ခေါက်ကြည့်ရုံနဲ့အဲဒီလူဘယ်ဘ၀ရောက်နေတယ်ဆိုတာ ကိုပြောနိုင်သတဲ့။ အဲဒီတော့ပုဏ္ဏားလူလည်တွေက``ဒီကောင်ကိုပြပြီးလုပ်စား လို့ ရတယ် ( သက္ကာ ဣမံနိဿာယလောကံ ခါဒိတုံ )လို့ ကြံပြီးဝါဒဖြန့်လိုက်တာ ``အင်္ဂီသနဲ့တွေ့ရင်ဝင်ငွေလာဘ်တိုးရုံမျှမက သေရင်နတ်ပြည်ရောက်တယ်´´ဆိုတဲ့အထိပဲ။ တစ်ထောင်ဆိုလည်းရော့၊တစ်သောင်းဆိုလည်း အင့်လို့ဆိုပြီး ပေးလာတဲ့ လူတွေထဲမှာ မင်းမှုးမတ်နဲ့သူဋ္ဌေးတွေ ရှေ့ဆုံးကပါသတဲ့။ ဗုဒ္ဓနဲ့တွေ့တဲ့အခါဗုဒ္ဓက၀င်္ဂီသကိုဦးခေါင်းခွံတစ်ခုပေးပြီး ဟောခိုင်းတယ်။ ၀င်္ဂီသကလက်ခြစ်ခေါက် ကြည့်ပြီး``ဒီခေါင်းပိုင်ရှင်က ငရဲမှာ´´လို့ဖြေတော့ဗုဒ္ဓက ``ကောင်းစွ၊မင်းမြင်တာမှန်တယ်( သာဓု သုဒိဋ္ဌံ တယာ )( အံ-ဋ္ဌ ၁၊၂၀၉ )´´လို့မိန့်တော်မူတယ်။

ဝင်္ဂီသဆီမှာလူတွေတရုန်းရုန်းဖြစ်ရတာဟာ သေသူတွေရဲ့ရောက်ရာဘ၀ကိုပြောနိုင်တာအပြင်တမလွန်မှာရှိနေတဲ့သေပြီးသူတွေနဲ့ သေသူအကြားရှိခဲ့တဲ့လျှို့ဝှက်ကိစ္စနဲ့ပါတ်သတ်ပြီး လူအများယုံကြည်လောက်အောင် ပြောပြနိုင်တာတွေ ကြောင့်လည်းဖြစ်ဖွယ်ရှိတယ်။ ဗုဒ္ဓကတောင် ၀င်္ဂီသဖြေတာမှန်တယ်လို့ မိန့်တော်မူပုံထောက်ရင် သူ့စွမ်းရည်ဟာ မခေဘူး။ ကျမ်းဂန် ( အပဒါန၊ဋ္ဌ ၂၊၂၅၄) မှာတော့ဝေဒကျမ်းလာ ``ဆ၀သီသ မန္တာန်´´ကိုတတ်လို့ အဲဒီလိုဟောနိုင်တာ လို့သာမာန်ပဲဆိုတယ်။ အဲဒီမန္တာန်ကဘာ၊ ဘယ်လိုစီရင်ရတယ်ဆိုတာ မဖော်ပြဘူး။ ၀င်္ဂီသဟာ သူ့စွမ်းရည်ကို သက်မွေးကျောင်းအတွက်အသုံးချခဲ့တာပဲ။

ယနေ့ခေတ်မှာလည်းကမ္ဘာတစ်လွှား``အကြားအမြင်ရ ကြားခံလူ (psychnic medium) ´´လို့ခေါ်တဲ့ ၀င်္ဂီသလိုလူတွေရှိကြတယ်။ ဒီဘက်ကမ္ဘာကခေတ်သစ်ဝင်္ဂီသတွေကတော့သူ့တို့ရဲ့စွမ်းရည်ကိုလျော့မသွားအောင် ထိန်းသိမ်းထားပြီး ကိုယ့်ကိုယ်ကိုလူအများသိအောင်စာရေး၊ရုပ်မြင်သံကြား၊ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြီးအဲဒီမွေးရာပါစွမ်းရည်ကိုမိမိတို့ရဲ့သက်မွေးဝမ်း ကျောင်းဘ၀ထဲရောက် အောင်ကြိုးစားကြတယ်။

ကမ္ဘာနဲ့အ၀ှမ်းနာမည်ကြီးသူတွေအနက်တစ်ဦးက နယူးယောက်မြို့သားဂျွန် အက်ဒ်ဝပ်(John Edward)ဖြစ်ပါတယ်။ မွေးတုန်းကရိုမန်ကက်သလစ်၊ နောက်တော့ အဲဒီယုံကြည်မှုကိုစွန့်ခဲ့ကြောင်းသိရပါတယ်။ ဒီလူက ပရလောကသား (သူ့အခေါ် outer side ကပုဂ္ဂိုလ်)တွေနဲ့ ဆက်သွယ်ပြီး စကားပြောနိုင်ပါသတဲ့။ ဒီလူရဲ့အကြားအမြင်ဟောပြောချက်ကို CNN မှာတွေ့ဖူးကြမှာပေါ့။

နောက်တစ်ဦးကသူ့ကိုယ်သူ ဂျွန်ဟော်လန် ( John Holland ) ဒီလူကတော့ သူ့ဆီကိုလာမေးတဲ့လူတွေကိုလည်းအခကြေးငွေယူပြီး ဟောပေးသတဲ့။ ၀ိညာဉ်တွေသူ့ဆီလာပြီးသူ့နားရွက်နားမှာ တိုးတိုးလေးကပ်ပြောတယ်လို့သူကဆို တယ်။ဒီလူတွေဟာဆယ်ခုမေးရင် ရှစ်ခုထက်မနည်းတော့ မှန်အောင်ဖြေနိုင်ကြသတဲ့။

သိပ္ပံပညာရှင်တွေက ``ဒီလူတွေဟာ သိပ်ပြီးတော့ sensitive ဖြစ်တယ်။( အမြင် အကြားအတွေးစတဲ့ အာရုံတွေသူများထက် အားကောင်းတယ် ) ´´လို့မှတ်ချက်ပေးရုံကလွဲပြီးအဲဒီလူတွေရဲ့စွမ်းရည်ကို သိပ္ပံနည်းနဲ့ မစမ်းသပ်နိုင်သေး ပေမဲ့ CIAလိုထောက်လှမ်းရေးဌာနကတောင် ထိုလူတွေရဲ့စိတ်နဲ့ပုံဖော်တဲ့ တရားခံရဲ့ရုပ်သဏ္ဍာန်ကို အတည်ပြုရပါသတဲ့။

ဗုဒ္ဓ၀ါဒမှာ လူတစ်ချို့ကလွဲပြီးလူတိုင်းမတွေ့မြင်နိုင်တဲ့ တမလွန်ဘ၀မျိုးရှိတယ်ဆိုတာယုံကြည်တယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့မာရ်နတ်က သောတာပန်အရိယယာဖြစ်တဲ့ရှင်အာနန္ဒာရဲ့ နှလုံးအိမ်ကိုဖမ်းဆုတ်ထားတယ်။ (မုခေနဟတ္ထံ ပဝေ သေတွာ ဟဒယံမဒ္ဒတိ၊ဒီ-ဋ္ဌ ၂၊ ၁၄၅ )ဆိုတာကို ခေတ်ဝေါဟာရနဲ့အဓိပ္ပါယ်ယူရင် အရှင်အာနန္ဒာကိုမရ်နတ်ကြီးက ၀င်ပူးတဲ့သဘောပဲ။ ဒါကြောင့်ဝင်ပူးတယ်ဆိုရင်လဲလက်ခံနိုင်ဖွယ်ရှိတယ်။ မရ်နတ်ကြီးလည်းသေလာအမည်ရှိတဲ့ ဘိက္ခူနီမရဲ့နားရွက်နားကို ကပ်ပြီး``သိပ်ချောတာပဲ ´´လို့ပြောတယ်။( သံ-၁၊၁၃၅ ) ဆိုတော့ မမြင်နိုင်သူ ပရလောကသားနဲ့ ဆက်သွယ်စကားပြောတယ်လို့ဆ်ုရင်ကော ငြင်းလို့သင့်ပါမလား။

ဒီနေရာမှာ သူသူငါငါတို့သတိထားရမှာက ၁။ နတ်ဝင်သည်သို့မဟုတ် အကြားအမြင်ရသည်ဆိုသူတွေအနေနဲ့မလိမ်မညာဘူး။ ရိုးတယ်ပဲထား။ ၀င်ပူးကပ်ပြောလာတဲ့ ပရလောကသားအများစုဟာ ပုထုဇဉ်တွေပဲဖြစ်ဖွယ်ရှိလို့ပြောတိုင်းမမှန်နိုင်ဘူးလို့မှတ်ထား ပါ။ ၂။ ဒါ့အပြင်ဘယ်လောက်ရိုးပါတယ်ပြောတဲ့ လူတွေတောင် နာမည်ကြီးလာတဲ့အခါရရှိတဲ့ အရှိန်အ၀ါနဲ့ စီးပွားဖြစ်ထွန်းမှုကို သာယာမက်မောပြီးအမှန်တစ်ပဲ အလွဲတစ်ပိဿာဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်။ ဒါ့ကြောင့်နာမည်ကြီးလို့ဆိုပြီး မိမိရဲ့ဘ၀နဲ့ဓနကို ဘယ်တော့မှ အကြားအမြင်တွေစီမှာပုံမအောမိပါလေနဲ့။ လိမ္မာမြင်သိပညာရှိ ဗုဒ္ဓ၀ါဒီဖြစ်ရင်အဲဒီလို အကြားအမြင်ဆရာတွေကို မျက်စိစုံမှိတ်ယုံကြည်ပြီး ရာထူးတက်မယ် သူဋ္ဌေးဖြစ်မယ်ဆိုတဲ့ အမျှော်စိတ်စွဲနဲ့ ၄င်းတို့နောက်လိုက်ရင်း အချိန်ကုန် လူပန်းဥစ္စာဖြုန်း နလပိန်းတုန်းမလုပ်ပဲ``ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းမယ်´´ဆိုတာကိုဦးနှောက်ထဲ သံမှိုနှက်သလိုစွဲထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရင်းဇွဲ လုံ့လ ဆင်ခြေတုံတရားထိုလေးပါးနဲ့သာ ဘ၀လောကဓံကို ကျော်လွှားဖို့ကြိုးစား သင့်ပါကြောင်း။

အရှင်ကေလာသ(USA) ဓမ္မအမေးအဖြေများ