Tuesday, February 25, 2014

“နောက်ဘဝ၌သောတာပန်တည်စေမည့်ကုသိုလ်လေးမျိုး ”

“နောက်ဘဝ၌သောတာပန်တည်စေမည့်ကုသိုလ်လေးမျိုး ”

ထိုသုတ်၌ပါရမီမပြည့်သေးသောကြောင့်ယခုဘဝ၌ သောတာပန်မတည်သေး သော်လည်း နောက်ဘဝ၌ နတ်ပြည်တွင် သောတာပန်တည်ရမည့်သူတော် ကောင်း ပုထုဇဉ်လေးမျိုးကိုဟောကြားထား၏။ ယင်းတို့မှာ -

၁။ တရားတော်များကိုရွတ်ဆို ပူဇော်နေသူ

၂။ တရားတော်ကို စိတ်ဝင်တစားအမြဲနာကြားနေသူ

၃။ တရားတော်ကို စိတ်ဖြင့် ဆင်ခြင်နှလုံးသွင်းသူ

၎။ အယူမှားပျောက်အောင်တရားကိုရှုပွားထားသူ တို့ဖြစ်သည်။

အရိယာနွယ်ဝင် ပုထုဇဉ်များသည် ဖော်ပြပါ ကုသိုလ်လေးမျိုးတွင်တစ်မျိုးမျိုး ကိုအမြဲပြုလုပ်နေသူသာဖြစ်၏။

ထို့ကြောင့် ယခုဘဝမဂ်ဖိုလ်မရသော်လည်း နောက်ဘဝနတ်ပြည်တွင် မဂ်ဖိုလ် ရမည့်သူဖြစ်သောကြောင့်သောတာပန်နည်းတူ သံသရာတစ်လျှောက် အပါယ် လေးပါးမကျတော့သူဟု တန်းတူထား၍ ဆိုရခြင်းဖြစ်သည်။

ဆရာတော်အရှင်ဇဝန

credit to*****
Buddhavasa Tiloka

No comments: