Sunday, May 26, 2013

မုံလယ်ဆရာတော်ဘုရားကြီး ၁၄.၅.၂၀၀၇ ည၇နာရီ တရား (ပြင်ဦးလွင် ဓါတ်တော်ချိုင့် စခန်း)

သူငယ်ချင်းကောင်း ဘုန်းကြီးတို့ ဒေသန္တရ မှာ ရှေးက လူဆရာ တရားဟော ပုဂ္ဂိုလ်ကြီးပေါ့။ အဲတော့ သူ့သူငယ်ချင်းတယောက်က တောင်ပေါ်မှာ မွေးတာကိုး။ချင်းပေါ့နော်။ ကြီးတာတော့ အောက်ပိုင်းမှာ ကြီးတာကိုး။ကျောင်းနေဖက်ပေါ့။သူကလည်း စားဝတ်နေရေးက မပြေတော့ကာ လူနာမည်ရေးတတ်ရုံလေး ကျောင်းထွက်တော့တာကိုး။ရှေးက ဘုန်းကြီးကျောင်းခေတ်လေ။အတန်းကျောင်းတွေ သိပ်မရှိသေးဘူး။ အဲတော့ သင်ပုန်းကြီးတင် ထွက်သွားတော့တာ။ အဲဒီတရားပြတဲ့ ပုဂ္ဂိုလ်ကလည်းဘဲ တော်တော်လေးအသက်အရွယ်ကြီးတော့ တရားလေး ဘာလေးရ ဆရာကောင်းသမားကောင်းနဲ့တွေ့ ။ သူ့သူငယ်ချင်းကိုသွားပြီးတော့ တရားဟောတာပေါ့။ သူ့သူငယ်ချင်းက သူ့အလုပ်က ၀က်မွေးတယ် ကြက်မွေးတယ် အရက်ချက်တယ်နော် ။ပိုက်ဆံနှင့် လယ်ယာကိုင်းကျွန်း မ၀ယ်နိုင်တော့ တောထဲမှာ ပေါက်ပြားနဲ့ လယ်တည်တယ်။ မင်းကို တရားဟောချင်တယ်လို့မပြောရဘူးလား။မင့်တရားကို ငါမနာ နိုင်ဘူးကွဲ့၊ငါ့မှာ လယ်မရှိ ယာမရှိဘူးပေါ့။ကိုယ်တိုင် ပေါက်ပြားနဲ့ တည်ရတာပေါ့ ။ အဲတော့ တောထဲမှာ။ တောထဲ လိုက်ဟောရင်ကော မဖြစ်ဘူးလား။ မင်း လိုက်ဟောရင် ငါ ဘာအလုပ် လုပ်ရမလဲ ကြားလား။ မင်းအလုပ် လုပ်တဲ့အခါမနားဘဲနှင့်လုပ်သလား ။ မမေးရဘူးလား။နားတာပေါ့ကွဲ့တဲ့နော်။ နားတဲ့အခါဟောမဖြစ်ဘူးလား။ အေး ဒါကတော့ဖြစ်တယ် နားတဲ့အခါ ဟောရမှာနော်။ အဲဒါနဲ့ ဟောရတာ ဟုတ်ပြီငါ ဆန်ဝယ်ပြီးတော့ မစားနိုင်ဘူးပေါ့။ ပြောင်းဖူးပြုတ်ပြီးတော့မှ စားတာတဲ့။ရေနွေးကြမ်းပေါ့နော်။ လက်ဖက်ခြောက်တည့်ပြီးတော့ ရေနွေးကြမ်းနဲ့စားတာပေါ့။ ဟင်းမပါဘူး။ မင်းစားတာကော မကျွေးနိုင်ဘူးလားလို့ မမေးရဘူးလား။ကျွေးနိုင်တယ်တဲ့။ အဲတော့ ပြောင်းဖူးစားပြီးတော့ တ၀ါတွင်းလုံးဟောတာ။ တောထဲမှာ။ကြားလား။ နားတဲ့အခါဟော ။နေဦးရပ်ဦးကွာ။ငါ အလုပ် လုပ်ရတော့မှာ။ ဆင်းသွားပြန်ပြီ။ တော်ကြာ နားပြန်ပြီ ဟောပြန်ပြီ၊ သွားပြန်ပြီ ညကျတော့ခါလည်းဟော ။အိပ်ချင်တယ်နေဦး မောတယ်တဲ့။အိပ်တာဘဲ။အဲလိုနဲ့ အလိုက်သင့်ဟောတာ။ ၀ါလည်းကျွတ်တော့တယ်။အကျွတ်တရားရသွားတော့တာ။ တခါတည်း အဲဒီနေ့ကစလို့ အရက်ချက်တို့ ကြက်မွေးတို့. အကုန် ဖြတ်ပစ်လိုက်တာနော်။ ဘယ်လောက်ထိ အကျိုးများသလဲ ၊စိစစ်ဖို့ မကောင်းလား။ သူတို့အိမ်အတွက် သတ္တဝါတွေ ကဲ သေတယ်လို့ရှိသေးရဲ့လား။ သူ့အတွက်နဲ့ ပစ္စည်းပျောက်တယ် လို့ ရှိသေးရဲ့လား။ သူ့အတွက်နဲ့ သားပျို သမီးပျိုတွေ ပျက်စီးတယ်လို့ရိသေးရဲ့လား။ လင်ရှိ မယား၊မယားရှိလင်တွေ ပျက်စီးသေးရဲ့လား။ မုသားမသုံးတော့ သတ္တဝါတွေ မချမ်းသာဘူးလား။ မသောက်စားတော့ သတ္တဝါတွေ မချမ်းသာဘူးလား။ အကုန်ချမ်းသာတယ်နော်။ အဲလောက်ထိ အကျိုးရှိတာကွဲ့။ မုံလယ်ဆရာတော်ဘုရားကြီး ၁၄.၅.၂၀၀၇ ည၇နာရီ တရား (ပြင်ဦးလွင် ဓါတ်တော်ချိုင့် စခန်း)တွင် အပြည့်အစုံ နာယူနိုင်ပါသည်။


Saturday, May 25, 2013

အခြေခံဝိပဿနာရှုနည်းအကျဉ်း

အခြေခံဝိပဿနာရှုနည်းအကျဥ်း


စကားဦး မြတ်စွာဘုရားရှင်၏အမှာစကားတော်တစ်ရပ်ရှိသည်။ ယင်းကား -၀ိပဿနာအလုပ်ကို တကယ်တမ်းကြိုးစားအားထုတ်သူသည် တစ်ရက်ကို ခြောက်ပုံစု တစ်စုကိုချန်ထားကျန်ငါးစုကို ရှုမှတ်မှုနှင့် မကင်းစေရ -ဟူသော စကားပင်ဖြစ်သည်။အောက်ပါ မိမိရေးမည့် ဣရိယာပုထ်လေးပါးဖြင့် ရှုမှတ်ပုံအကျဉ်းသည် စာ ဖတ်သူတို့ကို သဘောတရားနားလည် စေနိုင်သော အဆင့်သို့သာ ရောက်စေနိုင် လိမ့်မည်။မိမိအိမ်တွင် အစမ်းရှုမှတ်မှု ပြုနိုင်ရန်သာ အထောက်အ ကူပြုပါလိမ့်မည်။တကယ်နည်းကျကျ သိလိုလျင် ရန်ကုန်မဟာစည် ကြီး၊စိန်ပန်း မဟာစည်စသည့် ရိပ်သာတို့သို့ သွားရောက်ရှုမှတ် ကြ ပါရန် တိုက်တွန်းလိုပါသည်။မိမိ ကိုယ်ကို ချင့်ချိန်၍ ဆရာရှိသင့်လျင် ရှိရပါလိမ့်မည်။သို့မှသာ နောက်ဆက်တွဲ မိမိတို့ရှုမြင်မှုတို့ကို ထောက် ပြဆွေးနွေးမည့် ကမ္မဋ္ဌာနာစရိယ၏အကူညီရမည်ဖြစ်ပါသည်။ ထိုင်၍ရှုပုံ ထိုင်နည်းနှစ်မျိုးရှိတယ်။ မဟာပလ္လင်္က = ဘယ်ညာနှစ်ဖက်ခွေ ထိုင်နဲ့ အဍ္ဎပလ္လင်္က = တစ်ဖက်ခွေပြီး တစ်ဖက်ကို နောက်ပစ်ထားပါ။ တရား နာရင်တော့ မဟာပလ္လင်နဲ့ထိုင်ပြီး လက်အုပ်ချီ၊တစ်လုံးမကျန် မှတ်ပြီး နာပါ။လက်ကိုဘေးမထောက်ပါနှင့်။တရားထိုင်မည်ဆိုလျင် ခါးကို ဖြောင့်ဖြောင့်ထားပါ။ လေကိုရှုသွင်းတော့ဗိုက်ကဖေါင်းလာတယ် အဲဒါကို ဖောင်းတယ်၊ လေ ကိုရှိုက်ထုတ်တော့ဗိုက်က ပိန်ကျ တာကို ပိန်တယ်၊ စိတ်ကအပြင်အာရုံ ရောက်ရင် ရောက်တယ်၊ နာရင် နာတယ် ကျင်ရင် ကျင်တယ်မှတ်၊ ထိုင် ရာကနေ ထရင် ထတယ်လို့သိ၊ရပ်ရင် ရပ်တယ်လို့သိ၊ မျက်လွှာချထားပါ၊ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းတယ်တဲ့။ အမှတ်ဆက်နိုင်သမျှဆက် ပါစေ။အရှင်အာနန္ဒာလို အမှတ်မလွတ်ရင် အရှင် အာနန္ဒာတို့တောင်မှ ဣရိယာပုထ်လေးပါးကနေ အလွတ်ဖြစ်ပြီးတရားရတယ်။ စကားမပြောရပါ၊ တရားအကြောင်း ဘုရားအကြောင်း သံဃာအကြောင်းပြောတာ ကောင်းပါ ၏။သို့သော် ကုသိုလ်ချင်းယှဉ်ရင် တရားအားထုတ်တဲ့ကုသိုလ်က ပိုမြတ် ပါသည်။ဒါကြောင့် စကားမပြောပါနှင့်။မိမိဝမ်းဗိုက်ကိုစိတ်ဖြင့် စူးစိုက် ကြည့်ပါ။ ဖောင်းခြင်းပိန်ခြင်းသဘောထင်အောင်ကြည့်ပါ။ မထင်ရှားလျင် ၀မ်းဗိုက်ကို လက်နှင့် ကပ်ထားကြည့်ပါ။ မြင်ပြီဆိုပါက ၀င်သက်အခိုက် ၀မ်းဗိုက်ဖောင်းကြွရွေ့ရှားလာတာကို ဖောင်းတယ်၊ ထွက်သက်အခိုက် ၀မ်းဗိုက်ပိန်ကျသွားတာကို ပိန်တယ်ဟု ရှုပါ။ မနှေးမမြန်ရှုပါ။ မှတ်ချက် = ၀မ်းဗိုက်သဏ္ဍာန်ပညတ်ကို ရှုရာရောက်သည်မဟု တ်လောဟု မေးစရာကားရှိပါ၏။အဖြေမှာ -အားထုတ်ခါစတွင်ပညတ်ကို ဖျောက်၍ချက် ချင်းရှုရန်မဖြစ်နိုင်ပါ။ထို့ကြောင့် စစချင်းတွင် ပညတ်ကို ပါ ရော၍ရှုမှတ်ပြီး လျင် ဥာဏ်ရင့်သန်လာသောအခါ ပညတ်အာရုံကိုဖျောက်၍ ပရမတ်သို့ ရောက်လာပါ လိမ့်မည်။ဝိပဿနာ၏ သဘောအမှန်ကား ဒွါရခြောက်ပါး တွင် ထင်ရှားလာသော ရုပ်နာမ်တို့ကိုရှုမှတ် ရခြင်းဖြစ်သည်။ သို့သော် စစ ရှုမှတ်သူတို့အဖို့သတိ၊သမာဓိအားနည်းသေးသောကြောင့် ထိုသို့ အလုံးစုံ ရှုရန် မလွယ်ကူ။ အသက်ရှုရိုက်မှုကိုပုံမှန်အတိုင်းထားပါ၊ ပြုပြင်စရာမလိုပါ။ ပြုပြင်လိုက်လျင်မောဟိုက်၍ ဆက်လက်မရှုမရပဲ ဖြစ်နိုင်သည်။ ရှုမှတ်စဉ်အတွင်းစိတ်ကူးများ လွင့်မျောခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုသို့ စိတ်ကူးမိလျင် အရင်းဖြစ်စေ အဖျားဖြစ်စေ မိအောင်ဖမ်း၍ စိတ်ကူးတယ် စိတ်ကူးတယ်ဟု ရှုပါ၊ ဤသည်ပင် စိတ္တာနုပဿနာ မဟုတ်လော။စိတ် ကူးတို့ လွင့်မျောသဖြင့် ထိုသို့စိတ်ဖြစ်သည်ကို အတင်းဖမ်းချုပ်ကာ မိမိ ကိုယ်ကို မကျေမနပ်စိတ်ဖြင့်မွန်းကြပ်နေစရာမလိုပါ။ မှတ်ပါများသည့် အခါ သမာဓိဖြင့် လွင့်ပျောက်မှုတို့လျှော့ သွားကြပါလိမ့်မည်။ လွင့်ရင် လွင့်တယ်၊စိတ်ကူးရင် စိတ်ကူးတယ်-ဟုမှတ်ပါ။ရှုမှတ်နေစဉ် ညောင်း ရင် ညောင်းတယ်ဟုမှတ်၊တစ်နေရာရာမှ နာကျင်နေပါက နာကျင်တယ် ဟုမှတ်၊ ထိုဝေဒနာများအပေါ်စူးစိုက်မှတ်ပါ။ ပျောက်သည့်ဝေဒနာများ လည်းရှိမည်။မပျောက်သည့်ဝေဒနာများလည်းရှိမည်။အလွန် တရာ ညောင်းကိုက်လွန်းသဖြင့် ခြေပြောင်းလိုပါက ပြောင်းစဉ်ကို သိနေလျက် ပြောင်းတယ်ပြောင်းတယ် ဟုမှတ်၊ သတိမလွတ်စေပါနှင့်၊ ဘာပဲလုပ်လုပ် သတိကို ဘယ်တော့မှမလွတ်စေပါနှင့်၊ တစ်ခုသတိထား ရမည်မှာ ခန္ဓာကိုယ်ကို သိပ်အလိုမလိုက်မိဖို့ဖြစ်သည်။ ခန္ဓာကိုယ်ကို သိပ် အလိုလိုက်လွန်းလျင် သမာဓိပျက် သည်။သမာဓိပျက်ပါများ ပါက တရား မြင်ရန်မလွယ်ကူနိုင်။ ထို့ကြောင့် ခဏခဏအပြောင်းအလွဲမလုပ်ပါနှင့် မှတ် နေရင်းလက်စသည်တွင် ယားမှုတို့ဖြစ်လာပါလျင် ယားတယ် ယားတယ် ဟုမှတ်ပါ၊တဖြေးဖြေးပျောက် ကွယ်သွားပါလိမ့်မည်။ တစ်ခါတစ်ရံ သတိ လွတ်သဖြင့် ယားသည်ထင်မိသောနေရာကို လက်ဖြင့်ကိုင်မိ တတ်သည်။ ထိုအခါ ဘာမှမရှိသည်ကို တွေ့ရပါလိမ့်မည်။အကယ်၍ ယားမှုတို့ပျောက် လျင် မူဖြစ်သည့် ၊ဖေါင်းတယ်ပိန်တယ်ကို ပြန်၍မှတ်ပါလေ။ မူကိုတော့ဖြင့် မမေ့နှင့်။ စင်္ကြံလျှောက်ပုံနှင့်ရပ်ပုံ ထိုင်ရာမှထမည်ဆိုလျင် ထတယ် ထတယ်ဟုမှတ်၊ရပ်လျင် ရပ်တယ် ရပ် တယ်ဟုမှတ်၊ရပ်တယ်ဟု တစ်ချက်နှစ်ချက်တည်းဖြင့် မပြီးစေရ၊ အချိန် နည်းနည်းကြာပါစေ၊ရပ်နေချိန်တွင် ခြေအစခေါင်းအဆုံး စိတ်ဖြင့် မြင် အောင်ကြည့်ပါ ခန္ဓာကိုယ်၏တောင့်တင်းခက်မာ ခြင်းသဘောကို တွေ့ လိမ့်မည်။ထိုမှတစ်ဖန် ညာဖက်မှ စကာ ညာ-လှမ်း-တယ်-ဟု ညာတွင် ခြေကြွမှုကို စိတ်ဖြင့်သိကာ လှမ်းတွင် ခြေလှမ်းနေချိန်ကို သိပါ။ တယ် ဆိုသောအချိန်တွင်ခြေချသည်ကို စိတ်ဖြင့်သိပါ။ ဤနေရာတွင် ပြော စရာရှိသည်မှာ အဘယ့်ကြောင့် ညာဖက်မှ စလျှောက်ရသနည်းဟူ သောမေးခွန်းပင်၊ဘယ်ဖက်မှဖြစ်စေ ညာဖက် မှဖြစ်စေ စလျှောက် နိုင်ပါသည်။ညာဖက်မှစရှုစေချင်သည်မှာ မြတ်စွာဘုရားသည် ညာ ဖက်မှစ၍လှမ်းကြွတော်မူလေ့ရှိသောကြောင့် ဘုရားရှင်ကို အတု ယူလျက် လျှောက်စေလို၍ဖြစ်သည်။(စိန်ပန်း မဟာစည်ဆရာတော်) မိမိအယူဆနှင့် မတူမျှလျင် ကြိုက်သည့်ဖက်မှ စလှမ်းနိုင်ပါသည်။ စရှု မှတ်ချိန်တွင် ညာလှမ်းတယ် ဘယ်လှမ်းတယ်ဟု မှတ်ပါ။ ထိုညာလှမ်း တယ် ဘယ်လှမ်းတယ်သည် မိမိနှင့်အဆင်မပြေ ၍သော်လည်းကောင်းမှတ်၍အဆင်ပြေပြီဆိုလျင် သော်လည်ကောင်း စင်္ကြံရှုမှတ်မှုကိုတစ်မျိုး ပြောင်းပါ၊ပြောင်းပုံမှာ ကြွ-တယ်၊ ချ-တယ်ဟူ၍ဖြစ်သည်။ ကြွဟူသော အချိန်တွင် ခြေကြွနေသည်ကို စိတ်ဖြင့် သိနေရမည်၊ ချဆိုသောအချိန် တွင် ခြေချနေသည်ကို စိတ်ဖြင့်သိနေရမည်။ထပ်၍မှာလိုသည်မှာ မမြန် မိစေ ရန်ဖြစ်သည်။ ထိုသို့ ဘယ်လှမ်းတယ် ညာလှမ်းတယ်-ဟု လည်း ကောင်းကြွတယ် ချတယ်-ဟု မှတ်ပြီး သည့်နောက် သမာဓိရလာသော အခါ ရှုမှတ်မှုကို အသေးစိတ်စေရန် တစ်ဆင့်ပြောင်းရ ပါတော့မည်။ ပြောင်း ပုံမှာ -ကြွ-တယ် လှမ်း-တယ် ချ-တယ်ဟူ၍ဖြစ်သည်။ တရားအလုပ်ကို တကယ်လုပ်သော ယောဂီသည် ရှုမှတ်မှု ကြာလာသည်နှင့်အမျှအမှတ် ပိုစိတ်လာရမည်။သမာဓိပိုရလာရမည်။ယခုပြခဲ့သည့် စင်္ကြံမှတ်ပုံမှာ လွယ်သည်ဟုထင်ရသော်လည်း တကယ်ရှုကြည့်ပါက မလွယ်သည်ကို သိလာရ ပါမည်။တရားကို လွယ် လွယ်နှင့်ရမည်ဟု ထင်မှတ်မထားပါနှင့် မိမိ၏၀ီရိယ၊သတိ၊သမာဓိကို ကြိုးစားစိုက်ထုတ်ပါ၊ တရားအား ထုတ်သော ယောဂီသည် စရှုမှတ်ချိန်တွင်သမာဓိအားနည်းသောကြောင့် လျင်လျင်မြန် မြန်ဖြစ်နေလိမ့်မည်။ရှုမှတ်မှုအားကောင်း၍ သမာဓိရလာလေလေ ဣနြေ္ဒတို့ငြိမ်သက်လေလေဖြစ်သည်။ ထိုသို့လျှောက်လေရာ စင်္ကြံလမ်းအဆုံးသို့ရောက်သည့်အချိန် တွင် ခြေစုံရပ်၍ခေါင်းအစခြေအဆုံးစိတ်ဖြင့်မြင်အောင်ကြည့်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ၊ ရပ်ချိန်တွင် ခန္ဓာကိုယ်တောင့်တင်းထောင်မတ်နေခြင်းသဘောတို့ သိရှိလာ ပါမည်။ထို သို့ရပ်ပြီးသည့်နောက် လာရာစင်္ကြံလမ်းသို့ပြန်လှည့်မည်ဆို သောအခါ လှည့် စဉ်တွင် လှည့်-တယ် လှည့်-တယ်ဟု မှတ်ပါ။မြန်မြန်မလှည့်ပါနှင့်။တရားရှု သူမှာ အမူအရာ လူနာနှင့်တူရပါမည်။ကျန်းမာရေးကောင်းသူအဖို့ ရပ်ခြင်းစ သည်မှာ လွယ်ကူနေမည်ဖြစ်သော်လည်းလူနာအဖို့ ထိုသို့ မြန်နိုင် လိမ့်မည် မဟုတ်ပေ။တရားရှုသူမှာလည်းထို့အတူပင် သတိမေ့လျော့နေလျင် မြန်နေ ပြီး သတိကောင်းကာ အမှတ်စိပ်နေသည့်အချိန်တွင် ဖြေးနှေးသွားသည်ကို ရှုသည့်ပုဂ္ဂိုလ်ကိုသာမန်ကြည့်၍ပင် သိနိုင်ပါသည်။လှည့်ပြီး၍ စင်္ကြံလမ်းသို့ ရှေးရှုမိသည်တွင်ခေါင်းအစခြေအဆုံးစိတ်ဖြင့် မြင် အောင်မှတ်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ။ထို့နောက် အထက်ပါနည်းအတိုင်းဆက်လက်လျှောက်လှမ်းနိုင်ပါပြီ။ တစ်ခုသတိ ထားပါ၊လမ်းလျှောက်ရင် မျက်စိမှိတ်ပြီးမသွားပါနှင့် ခလုတ်တိုက်လဲတတ်တယ်၊ လေးတောင်ခန့် ကြည့်ပါ။ လျောင်း၍ရှုမှတ်ပုံ လှဲအိပ်လိုလျင် လှဲချင်တယ် လှဲချင်တယ်။ ခေါင်းအုံဖြင့် လက်၊ ခြေ၊ခေါင်း တစ်စုံတစ်ရာထိမှုကို ထိတယ် ထိတယ်-ဟုမှတ်ပါ။ ထူးခြားမှုရှိလျင်ထူးခြား သည့်အခြေ အနေပေါ်လိုက်၍ရှုမှတ်ပါ။ထူးခြားမှုမရှိ လျင် ဖေါင်းပိန်ကိုသာ ပြန်လည်ရှုမှတ်ပါလေ။အိပ်လိုလျင် အိပ်ချင်တယ်-ဟုမှတ်ပါ။ သတိလွတ်၍ မအိပ်ရ။အားထုတ်ပါများသောအခါ အိပ်ချင်တယ်ဟုမှတ်လျင် ပြန်လည် ကြည်လင်လာတတ်သည်။ထိုအခါ ကြည် လင်တယ် ကြည်လင်တယ်ဟု မှတ်ပါ။အိပ်ခြင်းသည် ဘ၀င်စိတ်ဖြစ်သည်။ထိုဘ၀င်စိတ်သည် အစ စွာဖြစ် သောစိတ်၊ စုတိစိတ်နှင့် အလားတူသောစိတ်ဖြစ်ရကား အလွန်သိမ်မွေ့ သဖြင့် အိပ်ပျော်ခိုက်၌မှတ်၍မရနိုင်၊အခြားအချိန်တွင် ကြာမြင့်စွာ မဖြစ် တတ်၊ အိပ်ပျော်နေချိန်သာ ကြာမြင့်စွာဖြစ်တတ်သည်။သို့သော် သူ ဘာကိုအာရုံပြုသည်ဖြစ်နေသည်ကိ မသိရ၊ ထို့ကြောင့် မမှတ်နိုင်ခြင်းဖြစ် သည်။နိုးလျင် နိုးတယ်ဟုမှတ် စစရှုချင်းတွင် နိုးသည်ကို မသိဖြစ်တတ် သည်။ထို့ကြောင့် စစရှုချိန်တွင် မိမိဦးစွာပေါ်သည်ကို ရှုပါ။ မျက်နှာသစ် လျင် သို့မဟုတ် ရေချိုးလျင် သို့မဟုတ် ထမင်းစားလျင် သို့မဟုတ် အ၀တ် ၀တ်လျင် ကြည့်ခြင်း မြင်ခြင်း လက်လှမ်းခြင်း ကိုင်ခြင်းခပ်ခြင်း ယူခြင်း လောင်းခြင်းအေးခြင်းပွတ်တိုက်ခြင်း ပြင် ၀တ်ခြင်း အိပ်ရာပြင်ခြင်းတံခါး ဖွင့်ခြင်းငုံ့ခြင်း ထိခြင်းချခြင်း မျိုခြင်းတို့တွင် တယ်တစ်လုံးကို မမေ့ပါနှင့်။ အမှတ်တက်ပုံ အားထုတ်၍သမာဓိရလာလျင် ဖေါင်းတယ် ပိန်တယ်ဟူသော နစ်ချက် ရှုမှတ်မှုမှ ဥပမာ = ထိုင်ချိန် တွင် ဖေါင်းတယ် ပိန်တယ် ထိုင်တယ် ဟုလည်းကောင်း လျောင်းချိန်တွင်ဖေါင်းတယ် ပိန်တယ် လျောင်း တယ်ဟုလည်းကောင်းသုံးချက်မှတ်ကာ တစ်ချက်တိုးမှတ် လာရပါမည်။ အမှတ်တိုးလာသည့်အဆင့် မရောက်ဟု စိတ်ထင်မိသောအခါပျင်းလာ တတ်သည်။ထိုသို့ပျင်းလျင်ပျင်းတယ် ပျော်လျင် ပျော်တယ် ဟုသာ အမှတ်မလွတ်စေပဲ ရှုမှတ်ပါလေ။ဤသို့ဖြင့် အိပ်ပျော်ချိန်မ တစ်ပါးကျန် အချိန်အားလုံးတွင် သတိ မလွတ်စေပဲ ကိုယ်၊ဝေဒနာ၊ စိတ်၊ ပရမတ္ထဓမ္မ တို့ကို ရှုမှတ်ခြင်းဖြင့်သတိပဋ္ဌာန်အလုပ်ကိုအားထုတ်နိုင်ကြ ပါစေ။ အထူးမှာထားချက် ဤပိုစ့်ကို မဟာစည်ဆရာတော်ကြီး၏၀ိပဿနာရှုနည်းကျမ်းကြီး ပဌမတွဲ၊ဒုတိယတွဲတို့မှ ထုတ်နှုတ်ရေးသားထားသော ၀ိပဿနာရှုနည်း (အကျဉ်းချုပ်)စာအုပ်မှ ပြန်လည် ထုတ်နှုတ်ရေး သားခြင်းဖြစ်ပါသည်။ ၀ိပဿနာအားထုတ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမြင်ပြီး ဘုရားကို မြင်နိုင် ကြပါစေ။


အလောဘအေ ကြာင်း

အလောဘအေ ကြာင်း

မလိုချင်မူသဘောသည် အလောဘတရားတည်း။ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ဤအလော ဘ၏ မလိုချင်မူသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။မီးနှင့်ရေ ပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ဖြစ်ရကားလောဘ၏လိုချင်အပ် သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့်လောဘသမားနှင့် အလောဘသမားတို့ ကွာ ခြားပုံကို သတိပြုပါ။


လောဘဘုန်းကြီး လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင် ၏။မိမိကိုလှူချင်လာအောင် ဆွယ်တရားဟော၏။ရပြန်လျှင် လည်းထိုပစ္စည်းကို မလှူရက် မပေးရက်၊ အလွန်မက်မော၏။ ထိုပစ္စည်းရမူကိုအကြောင်းပြု၍“အာဂ---ငါပဲ”ဟု စိတ်ကြီးဝင် လိုက်သေး၏။လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက် ကျို့၍ဆက်ဆံရသဖြင့် မိမိ၏အောက်ကျပုံကိုကားသတိမရ ရှာချေ။


လောဘလူ လောဘသမားလူပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ ပစ္စည်း ဥစ္စာကို (တရားသည့် မတရားသည့် မစိစစ်နိုင်တော့ဘဲ) မရမက “ ရှာဖွေလေ့ရှိ၏။ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊“ရလေလိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ တစ်သက်လုံးအချိန်ရှိသမျှ စု၍ရသော ပစ္စည်းတွေကို “ငါ့ဟာ ငါ့ဟာ”ဟု လွန်စွာစွဲလမ်းစဉ် သေမင်းငင် သောအခါ ပြိတ္တာဘောင်သို့ထိုဥစ္စာများကပင်ပို့ဆောင်တတ် လေသည်။လောဘသည် ဤအခြေအနေရောက်အောင် ဆိုးရွား လှချေတကား။


အလောဘဘုန်းကြီး အလောဘကား ဤသို့မဟုတ်။ဘုန်းကြီးဖြစ်လျှင် ပစ္စည်ကို မခင် မင်။အဆင်သင့်ရသည်ကိုမသာယာ။ ဒကာဒကာမတို့က ကုသိုလ် လိုချင်၍စွန့်ကြဲလိုက်သော စာလုံးစားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော်အနေနှင့် စဉ်း စား၍မကြည့်သေးဘဲ ယောက်ျားကောင်းတစ်ယောက်အနေနှင့် စဉ်း စားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန်တူ၏။ “ယောက်ျားကောင်း”ဟူသည် မိမိကသာ သူတစ်ပါးတို့အား ပေးကမ်း စွန့်ကြဲသင့်သည်ဟု သဘောထားဟန်လက္ခဏာရှိသည်။ ထို့ကြောင့် အလောဘဓာတ်ခံ ရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်း လာဘ်လာဘကို မက်မောခြင်းမရှိ။


အလောဘလူ လူဖြစ်ပြန်လျှင်လည်းမလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတ ရားသဖြင့် ရှာဖွေခြင်းမရှိ။လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စား လေ့မရှိ။ပစ္စည်းရှာရာ၌ဆင်းရဲသားတို့အပေါ် သနားညှာတာလေ့ ရှိ၏။ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။လှူပြန်လျှင်လည်း တွန့်ဆုတ်တွန့် ဆုတ် မဟုတ်။မုတ္တစာဂီ = လူကောင်းသူကောင်းပီပီ လွတ်လွတ်ကျွတ် ကျွတ် စွန့်လေ့ရှိ၏။ရွှေအိမ်ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက် တောက် စွန့်ခွာ၍ ရိပ်သာပင်နန်းကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။


ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်းဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍“လောဘသမားလော၊ အလောဘသမား လော”ဟု စစ်ကြောကြည့်ကြပါကုန်။လောဘသမား ဖြစ်နေသေးလျှင် ယခုဘ၀က အမြန်ပြင်ကြပါ။အလောဘသမား ဘက်သို့ ပါဝင်နိုင်သူ ဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ရှေ့သို့ အဆင့်ဆင့် တိုးတက် ဖို့ရာ အဘက်ဘက်၌သတိထားလျက် အလောဘသမား အစစ်ဖြစ် အောင် အားထုတ်ကြပါကုန်။ အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ် ဖော်ပြပေးထားပါသည်။( မေတ္တာရိပ်ဆိုက်မှ)


သုဂတိ ဘုံ သို့ ဘဝ ကူးနည်း

သုဂတိ ဘုံ သို့ ဘဝ ကူးနည်း ********************

သေနည်း မည်သူ မဆို တစ်နေ့ မုချ သေရမည် ။နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။ သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီးစိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏။ သေပုံ သေနည်းမတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ငရဲ ကျသူတွေ အများ အပြား ရှိ၏။


မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီးတွေ့ ရာဆွဲယူ တတ်သလို သေခါ နီးတဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြသည် ။သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ခင်ပွန်း၊ ဇနီး၊ သမီး ၊သား ၊ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝတွင် ခဏ လာပြီးဆုံဆည်းကြ ခြင်းဖြစ်သည် ။ကံ စီမံရာ အတိုင်းသူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူးတွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး။ တွယ်တာဖို့ မလိုဘူး။စိတ်ကို ရှင်းရှင်းထားအားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။


သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝအတွက် အကျိုးပေးသဖြင့် ဘဝကူးအတွက် အလွန် အရေးကြီးသည် ။သေခါနီး ကာလဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါးနေတဲ့ အတွက် ကာယကံ မှု ၊ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။မနောကံ အလုပ်၊ စိတ်ထဲကနှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများမလုပ်နိုင်တော့ ဘူး။ လုပ်သလောက်ဟာကလေးတိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။


ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီးဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံးချုပ်မယ့် ပုံစံကို တိတိကျကျရေးဆွဲ ထားရမည် ။ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါနှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ညစဉ် အိပ်ယာ ဝင်တိုင်းတကယ်သေခါ နီးအချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြုလေ့ကျင့် ထားရမည် ။မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုးကို ထပ်ကာ ထပ်ကာ မီးထိုးပေးနေရမည် ။တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်းငါးမျိုးအနက် ကြိုက် နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြသ်ထား ရမည် ။


သေနည်းငါးမျိုး


၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။


၂။ ဒါန နှင့် ဘဝ ကူးနည်း။


၃။ သီလ နှင့် ဘဝကူး နည်း ။


၎။ သမထ နှင့် ဘဝ ကူး နည်း။


၅။ ဝိပဿနာ နှင့် ဘဝ ကူးနည်း။


သရဏဂုံ နှင့် ဘဝကူး နည်း ။ ********************* သရဏဂုံ တည်ဆောက် ပြီးမကျိုးမပေါက် အောင် စောင့်ထိန်းပါ ။ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ။သေခါ နီးမှာ ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။


ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။


သံဃံ သရဏံ ဂစ္ဆာမိ (သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။


လို့ အဓိပာယ် ပါအာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။သရဏဂုံ နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။


ဒါန နှင့် ဘဝ ကူးနည်း ++++++++++++ ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ။ ပီတိ အားကောင်းမှ အကျိုးပေးထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံးဒါနကောင်းမှု ကို ခုလောလောဆယ် လှူနေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်းဖြစ်နေစဉ် အလှူဒါန ပြုပြီးပြုခဲ့ သော အလှူဒါနကို နှလုံးသွင်းပီတိ ဖြစ်သည် အထိအားရုံ ပြု ပွားများ၍လည်းရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်းဆင်ခြင် ရပါမည် ။ မိမိ လှူထားသော အဆောက် အဦး ၊လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။


သီလနှင့် ဘဝကူးနည်း **************** နေ့ စဉ် ပုံမှန် ငါးပါးသီလ ခံယူပြီး မကျိုးမပေါက် အောင် စောင့်ထိန်းပါ ။သေခါ နီးသံယောဇဉ် ဖြတ်ပြီးစိတ်ကို ငြိမ်အောင် ထားပါ ။မိမိ သီလကို နှလုံးသွင်းပြီးသီလ နုဿတိ ဖြစ်နေအောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ။ သေခါ နီး တွင် လည်းဘုရားအာရုံ ပြုပြီး ငါးပါး သီလခံယူ ပါ ။အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံးသွင်း အာရုံ ပြုပါ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။


သမထ နှင့် ဘဝ ကူးနည်း xxxxxxxxxxxxxxxxxx သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့  လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။သေခါ နီးသူ သည် အများ အပြား မလုပ်နိုင်တော့သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြုပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း-အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေနှလုံး သွင်း ပွားများရပါ မည် ။မေတ္တာ ဘာဝနာ ပွား များနည်း-သတ္တဝါအားလုံးကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေနှလုံးသွင်း ပွားများရ ပါမည် ။ ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများနည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကိုကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံးသွင်း အာရုံပြုပါ။ ကောင်းရာ သုဂတိ ရောက်သည် ။


ဝိပဿနာ နှင့် ဘဝ ကူးနည်း ++++++++++++++++ ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ကိုယ် အမှု အရာ ဘာပဲ ပြုပြု -ပြုနေစဉ် ၊စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် -ဖြစ်နေစဉ် ၊နေ့ စဉ် တိုင်းနေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွားရန် ဖြစ်သည် ။ ရုပ် နာမ် တရားတို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့်အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများအားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်းနာခံပြီးစနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ်ရမည် ။အိမ် မှာလည်းနေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ဝိ ပဿနာ ကို နှလုံး သွင် ပြီးဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။


( မိုးကုတ် ဆရာတော်ဘုရားကြီး ၏ဝေဒနာ ကုန်ပျောက် နိဗာန် ပေါက် တရား တော်မှ ဝိ ပဿနာ နှင့် ဘဝ ကူးနည်းကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။ဘုရားရှင်က သေနည်း၆=မျိုး ဟော ကြား ထားပါသည် ။ပုထုဇဉ် တို့၏သေ နည်းက ၃-မျိုး၊ သောတာပန်-သကဒါဂါမ် ၊အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း-၆-မျိုးရှိပါသည် ။အဲဒီ အထဲက မှ ဆရာတော် ကြီးဟော ကြားထား သော ပုထုဇဉ်တို့ အတွက် အသင့် တော်ဆုံးသေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်းကတော့ ဘုရားရှင် နှင့် တပည့်သားတို့ ထံ မှ ကြား နာရသည့် တရားအတိုင်းဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍သေနည်း ဖြစ် ပါသည် ။သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း ကဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစားပြီးအကျင့် လုပ်ထား ရမည် ။ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ။ သံသရာ ဝဋ်ဆင်းရဲ မှ မရုန်းထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေစေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း၊ ဖြစ်သည် ။ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပါဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွားနိုင်သည် ။)


ဓမ္မဒါန…မှတ်ချက် အချို့ စာလုံးများသည်အဆင့် ကျန်နေသည်ကို နားလည်ပေးစေချင်ပါသည်။


စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။ ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ… ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု… ဆုတောင်းပေးရင်း… မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်းမရှိသော… သာသနာ့ ဟိတကာရီ.အရှင်ကုဏ္ဍလ-နေသိုက်ဈာန်(လမှုး) —