Wednesday, May 22, 2013

အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်၌သာ ဟောကြားခဲ့ခြင်း ၏ရည်ရွယ်ချက်

အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်၌သာ ဟောကြားခဲ့ခြင်း ၏ရည်ရွယ်ချက်


အခြားသော သုတ္တန် -ဝိနည်း ဒေသနာတော်များကို လူ့ပြည်၌ ဟောကြားခဲ့သော်လည်း အဘိဓမ္မာကိုမူ တာဝတိံသာ နတ်ပြည် ၌သာ ဟောကြားခဲ့ရခြင်း၏ရည်ရွယ်ချက်မှာ -


(၁)မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း (၂)မိဘကျေးဇူးကို သတ္တဝါတို့ နားလည်စေလိုခြင်း (၃)အဘိဓမ္မာရားကို အစ အဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း (၄)အစအဆုံးတစ်ထိုင်တည်းဟောမှ နာကြားရသော တရားနာသူ များ အကျိုးထူးရရှိနိုင်ခြင်း (၅)အဘိဓမ္မာဒေသနာတော်၏ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း (၆)လူတို့၏အရေအတွက်ဖြင့် သုံးလခန့်ကြာအောင် ဟောကြားမှ ကုန်နိုင်မည့် အဘိဓမ္မာတရားကို လူတို့ဣရိယာပုထ်နှင့် ဟောသူရော နာသူပါမနေနိုင်ခြင်း -စသောအကြောင်းများကြောင့် တာဝတိံသာ နတ်တို့၏သက်တမ်းအချိန်အားဖြင့် မိနစ် စက္ကန့်ပိုင်းမျှသာ ကြာ၍ ဣရိယာပုထ်အားဖြင့်မငြီးငွေ့ မပင်ပန်းနိုင်သည့်အတွက် ဘုရားရှင် တိုင်းသည် ခြွင်ချက်ထားခဲ့ခြင်းသဘောတူပေါင်းခဲ့ခြင်း သိလောက် ပြီဆိုပြီးကျော်ဟောခြင်းစသည်တို့ကိုမပြုလုပ်ပဲ အကျွင်းအကျန်မရှိ အသေးစိပ် ပိုက်စိပ်တိုက်ပြီး အကျယ်ဆုံးဟောတော်မူခဲ့သောနည်း (အတိဝိတ္တာရ နယ -အကျယ်ဆုံးနည်း )ကို တာဝတိံသာနတ်ပြည် ၌သာ ဟောတော်မူ ကြမြဲဖြစ်ပါသည်။


ဓမ္မဗျူဟာ အဘိဓမ္မာ (ရိုးရိုး )သင်တန်း ပထမအဆင့် (မှတ်စု ) စာအုပ်မှ။


No comments: