သူများအကုသိုလ် ကိုယ့်အကုသိုလ်မဖြစ် စေနဲ့ ****************************
မိုးကုတ်မြို့တွင် မိုးကုတ်ဆရာတော်ဘုရား သီတင်းသုံးနေစဉ်၊
မန္တလေးမြို့ရဟန်းပျိုအဖွဲ့မှသံဃာတော်တချို့
မိုးကုတ်မြို့သို့ကြွလာကြပြီး ကန့်ကွက်ဆန္ဒပြကြပါသည်။
ထိုအခါ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးမြင့်နာယက၊
ကျောင်းအစ်မကြီးဒေါ်သန်းသန်းတို့က ဆရာတော်ထံလျှောက်ထားရာ
ဆရာတော်ဘုရားက . . .
"ဒီကိစ္စ မင်းတို့လုပ်တာလား၊ သူတို့လုပ်တာလား" လို့ မေးရာ
"သူတို့လုပ်တာပါ ဘုရား"ဟု ဖြေကြားကြပါသည်။
ထိုအခါ ဆရာတော်ဘုရားက ...
"မင်းတို့ဟာ သူများရဲ့ ကုသိုလ်ကိုတော့ ကိုယ့်ကုသိုလ်ဖြ စ်အောင် မယူတတ်ဘူး၊
သူများရဲ့ အကုသိုလ်ကိုကိုယ့်အကုသိုလ်ဖြစ်အောင်တော့ ယူတတ်တယ်၊
မင်းတို့ဟာ မင်းတို့နေတတ်အောင်နေပါ၊
မင်းတို့နဲ့ မဆိုင်ဘူး၊
ကိုယ့်အကုသိုလ်မဖြစ်စေနဲ့" ဟု ဆုံးမစကား မိန့်ကြားတော်မူ ခဲ့ပါသည်။
**ကောက်နုတ်ချက်** မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော -"အမြင်မတူသရွေ့ရန်ချည့်ပွားနေမှာပဲ" တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်။
(ကပ္ပိယ မောင်ရဲ) —
No comments:
Post a Comment