Monday, May 20, 2013

အညတရဘိက္ခုသုတ်

ရဟန်းတစ်ပါးသည် မြတ်စွားဘုရားထံသို့  ချဉ်းကပ်၍ တစ်ခုသော


နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအားဤစကားကို လျှောက်၏


အသျှင်ဘုရား“ စွဲမက်မှု “ရာဂ” ကိုပယ်ဖျက်ရာ အမျက်ထွက်မှု“ဒေါသ”


ကိုပယ်ဖျက်ရာ တွေဝေမှု “မောဟ” ကို ပယ်ဖျက်ရာ”ဟု ဆိုအပ်၏၊


စွဲမက်မှု “ရာဂ” ကိုပယ်ဖျက်ရာ အမျက်ထွက်မှု “ဒေါသ” ကိုပယ်ဖျက်ရာ


တွေဝေမှု “မောဟ” ကိုပယ်ဖျက်ရာ ဟူသောအမည်သည် အဘယ်တရား


၏ အမည်ပါနည်းဟု (လျှောက်၏)၊၊ရဟန်းစွဲမက်မှု “ရာဂ”ကို ပယ်ဖျက်ရာ


အမျက်ထွက်မှု “ဒေါသ” ကိုပယ်ဖျက်ရာ တွေဝေမှု “မောဟ”ကိုပယ်ဖျက်ရာ


ဟူသောအမည်သည် နိဗ္ဗာနဓာတ်၏ အမည်တည်း၊ ထိုကြောင့်အာသဝတရား


တို့ ၏ ကုန်ရာဟု ဆိုအပ်၏။


ဤသို့ မိန့် တော်မူလတ်သော် ထိုရဟန်းသည် မြတ်စွာဘုရား


အားဤစကားကို လျှောက်၏-အသျှင်ဘုရား“မသေရာ မသေရာ” ဟု


ဆိုအပ်၏၊ မသေရာကား အဘယ်ပါနည်း၊ မသေရာသို့  ရောက်ကြောင်း


လမ်းစဉ်ကား အဘယ်ပါနည်း ဟုလျှောက်၏၊ ရဟန်း စွဲမက်မှု “ရာဂ”ကုန်ရာ


အမျက်ထွက်မှု “ဒေါသ” ကုန်ရာ တွေဝေမှု “မောဟ” ကုန်ရာကို မသေရာ


ဟုဆိုအပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ် ကိုပင်လျှင် မသေရာ သို့ 


ရောက်ကြောင်းလမ်းစဉ် ဟုဆိုအပ်၏၊၊ ဤသည်တို ကားအဘယ်တို့ နည်း၊


မှန်ကန်သော အမြင် “ သမ္မာဒိဋ္ဌိ” ၊၊ပ၊၊ မှန်ကန်သော တည်ကြည်မှု


“သမ္မာသမာဓိ”တို့ တည်းဟု (မိန့် တော်မူ၏)၊၊ ၊၊


အညတရဘိက္ခုသုတ်


No comments: