Wednesday, May 08, 2013

“တရားနာပရိတ်သတ် အကြိုက်၅-မျိုး"

“တရားနာပရိတ်သတ် အကြိုက်၅-မျိုး”


တရားနာပရိတ်သတ်က အကြိုက် ၅-မျိုး ရှိကြတယ်။ ဘယ်သူတွေလည်း ဆိုတော့ -


၁။ သဒ္ဒပသန္န - ဆိုတာ အသံကောင်းတာကိုမှကြည်ညိုတာ၊ အသံအနေထားကြည်ညိုတဲ့ပရိသတ်ပေါ့။ နိဗ္ဗာန် မဂ်ဖိုလ်တော့ မရနိုင်ပါဘူး။


၂။ ရူပသန္န -ဆိုတာ ရုပ်ရည်အဆင်းကိုကြည်ညိုတာ၊ ဓမ္မကထိကကိုယ်တော်ရဲ့ ရုပ်ဆင်းအင်္ဂါ၊ ဓမ္မကထိကကိုယ်တော်ရဲ့ ရုပ်ဆင်းအင်္ဂါ၊ ဥပဓိရှိတာကို ကြည်ညိုတဲ့ ပရိသတ်၊ သူလည်းမဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။


၃။ ဂုဏပသန္န -ဆိုတာ ဂုဏ်ရှိတဲ့ ဓမ္မကထိကကိုမှ ကြည်ညိုတာ၊ ဘုန်းကြီးကိုပဲ ဆိုကြပါစို့။ ဒီဘုန်းကြီးက တိပိဋကဓရတဲ့။အင်မတန်ဂုဏ်ရှိတယ်ဆိုပြီး ကြည်ညိုတဲ့ ပရိသတ်၊ ဒီပရိသတ်မျိုးလည်းမဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။


၎။ လူခပသန္န-ဆိုတာ ခြိုးခြိုးခြံခြံအကျင့်ရှိသူကိုမှ ရွေးပြီးကြည်ညိုတာ၊ ဒီပရိသတ်မျိုးလည်းမဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။


၅။ ဓမ္မသန္န -ဆိုတာ တရားဓမ္မသက်သက်ကိုကြည်ညိုတာ။ အဲဒါမျိုးကျတော့ အသံကိုလည်းပဓာန မထား၊ ရုပ်အဆင်းကိုလည်းမကြည့်၊ ဂုဏ်ကိုလည်းမငဲ့၊ ခေါင်းခေါင်းပါးပါး အကျင့်ကိုလည်း ဂရုမစိုက် ဓမ္မသက်သက်ကိုသာ ကြည်ညိုတဲ့ပရိတ် သတ်မျိုး။ အဲဒီ ပရိတ်သတ်မျိုးသာလျှင် ဒီဘဝမှာ တရားထူးရနိုင်တယ်တဲ့။


(ကျေးဇူးတော်ရှင်တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ) —


No comments: