Tuesday, May 21, 2013

ဖူးစာဖက် ပါရမီဖက်

အကြင် လင်မယားဖြစ်တဲ့နေရာမှာ လည်းဘဲ ဒါ မိမိက မိဘက တူတဲ့ကိစ္စ အဲသလိုလည်း ဖြစ်တာတွေရှိတယ်နော်။ အဲဒီအခါကျတော့ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံသွားကြတာတွေပေါ့။ဖူးစာဖက် ပါရမီဖက်တဲ့ ။ လှူရေးဒါန်းရေး နဲ့ မိမိက နေပြီးတော့ ကုသိုလ်နဲ့ ပတ်သက်တာကျနှစ်ကိုယ့် တစိတ်ရှိတယ်နော်။ တချို့ကလည်းအောင့်တီးအောင့်တောင့်ပေါ့။ဒီလိုတွေ မရှိဘူးလား။ဖူးစာသာဖက်တာ ပါရမီမဖက်ဘူး ကွဲ့၊ တချို့က ဖူးစာလည်းဖက်တယ်။ပါရမီလည်း ဖက်တယ်နော်။ ဒီလိုဆိုတော့ အဆင်မပြေဘူးလား။ပြေတယ်ကွဲ့။ သေသေချာချာ စဉ်းစားကြနော်။သို့သော်တဲ့ အဲဒီ သစ္စာတရားသိ ခန္ဓာပဋိစ္စသမုပ္ပာဒ်ကြောင်းကျိုးတရားသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်သူနဲ့ပါ့ နေရနေရ နေတတ်တယ်။အကျိုး အပြစ်ကို သိတာကိုး။အကျိုးအပြစ်သိတော့ ကိုယ်ပြုတဲ့တရား တွေပါလားဆိုတော့ကာ ကဲ လင်ကို အပြစ်တင်စရာ လိုသေးရဲ့လား။မယားကို အပြစ်တင်စရာလိုသေးရဲ့လား။ အကြောင်းရှိတော့ အကျိုးတရားပေါ်တာ။အရပ်ရှိသလောက် အရိပ်ထွက်တာကွဲ့။အဲသလိုဆိုတော့ ဒေါသဖြစ်စရာနဲ့ကြုံဦး ဖြစ်ဦးမလား။ လောဘဖြစ်စရာနဲ့ကြုံဦးဖြစ်ဦးမလား။ အဲသလို သိတော့ ပယ်တော့တာကွဲ့။ ကဲ အကုသိုလ်ကြွေးတွေ ကျေမသွားဘူးလား။အသစ်အကုသိုလ် ဖြစ်သေးရဲ့လား။ေ ကြွးသစ်လည်းမတင်ဘူးပေါ့။ အဲသလို အသိတရားတွေ ၀င်ပြီးတော့မှ တရားအားထုတ်ရတာ အဆင်ပြေတာပေါ့။ မုံလယ်ဆရာတော်ကြီး


No comments: