Wednesday, May 15, 2013

လူလေးမျိုး *******

လူလေးမျိုး

*******


စွမ်းနိုင်ခဲ့လို့ရှိရင်


မိမိအကျိုး၊ သူတစ်ပါးအကျိုးနှစ်မျိုးစလုံး ကျင့်ပါ၊


ပထမတန်းစားပုဂ္ဂိုလ်။


သည်လိုနှစ်မျိုးစလုံး မဖြည့်စွမ်းနိုင်ခဲ့လို့ရှိရင်


ကိုယ့်အကျိုးတစ်မျိုးတည်းကျင့်ပါ၊


ဒုတိယတန်းစားပုဂ္ဂိုလ်။


သည်လို သူ့အကျိုး၊ကိုယ့်အကျိုး နှစ်မျိုးစလုံးလည်း မကျင့်၊


ကိုယ့်အကျိုးတစ်မျိုးတည်းလည်းမကျင့်နိုင်ရင်ဖြင့်


အပြစ်ကင်းအောင် နေပါ၊


တတိယတန်းစားပုဂ္ဂိုလ်။


ထပ်ပြီးခွဲမယ်ဆိုရင်လည်းအဲဒီပုဂ္ဂိုလ်သုံးမျိုးအပြင်


စတုတ္ထမြောက်ပုဂ္ဂိုလ်ထွက်လာနိုင်တယ်။


အဲဒီ စတုတ္ထမြောက်ပုဂ္ဂိုလ်က


ကိုယ့်အကျိုး၊ သူ့အကျိုးနှစ်မျိုးလုံးကျင့်နိုင်သူလည်းမဟုတ်၊


ကိုယ့်အကျိုးတစ်မျိုးတည်း ကျင့်နိုင်တဲ့ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။


အပြစ်ကင်းအောင်နေတဲ့ တတိယတန်းစားထဲမှာလည်း သူ မပါဘူး။


ဘယ်သူ့အကျိုးမှာ မကျင့်နိုင်ရုံမက


အပြစ်ကင်းအောင်အောင် မနေနိုင်ဘူး ဆိုရင်


စတုတ္ထတန်စားဓားမနောက်ပိတ်ခွေးဖြစ်ရောပေါ့။


ဘယ်ကောင်းတော့မလဲ။


(ရွှေဟင်္သာတောရ ဆရာတော်ကြီး) ~~~~~~~~~~~~~~~~~~~~


မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏သြဝါဒတော်များပေါင်းချုပ် (နှာ-၂၆၆) မှ ကောက်နုတ်ပူဇော်ပါသည်။


Dhamma Dãna Source : ထေရဝါဒရနံ့


No comments: