Sunday, May 12, 2013

*ရွှေဥမင်ဆရာတော်ကြီး၏နှုတ်တော်မြွက် ကြား သြ၀ါဒစကားများ

*ရွှေဥမင်ဆရာတော်ကြီး၏နှုတ်တော်မြွက် ကြား သြ၀ါဒစကားများ* ဖြစ်ပါတယ်၊၊ ဆရာတော်ကြီးရဲ့ နက်နဲတဲ့သြ၀ါဒများကို ဖတ်မှတ်ရင်း မိမိအတွက်ကောင်းကျိုးများရရှိအောင်ပြု ပြင်ယူနိုင်ကြပါစေ..။


***သုံးရပ်သာသနာ*** သာသနာဆိုတာ မြတ်စွာဘုရားရဲ့အဆုံးအမ..။ ကိုယ်နဲ့ နှုတ်ကိုယဉ်ကျေးအောင်၊ စင်ကြယ်အောင်ဆုံးမတာ *သီလသာသနာ*။ စိတ်တွေယဉ်ကျေးအောင်၊ စင်ကြယ်အောင် အပူသောကတွေငြိမ်းသွားအောင် ဆုံးမတာ *သမာဓိ သာသနာ*။ အခုတရားတွေအားထုတ်နေရင် သီလလည်းရှိနေတယ်၊ စိတ်လည်းစင်ကြယ်နေတယ်။ ဥာဏ်အမြင် စင်ကြယ်အောင် ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗာန်ထိအောင်ရဖို့ဥာဏ်အမြင်စင်ကြယ်ဖို့ အားထုတ်တာ * ပညာသာသနာ*။


အဲ့ဒီသာသနာမှာကိုယ်ရောက်ရင်ဘေးတွေကွယ်ပျောက် ချမ်းသာရောက်ပြီးနေတော့မှာ။ တရားက ဘ၀ထဲကိုရောက်အောင်သွင်းထားမှ ဘ၀ထဲမှာ ကိုယ်လုပ်သမျှ ကိုင်သမျှတွေက တရားတွေချည်းဖြစ်နေရမှာ..။မတရား တာမဖြစ်ရတော့ဘူး။စိတ်ကူးတိုင်း ၊ကြံစည်တိုင်း၊ စဉ်းစားတိုင်းတရားသဖြင့်ပဲ။


အဲ့ဒါကို သာသနာကိုယ့်မှာရောက်မှ ဘေးတွေကွယ်ပျောက် ချမ်းသာရောက်တယ်လို့ အဲ့လိုမှတ်သားထားရမယ်။


မိမိရင်ထဲသာသနာရောက်ရှိပြီးသာသနာ၏ အဆုံးအမအတိုင်းလိုက်နာနိုင်ကြပါစေ..။မေတ္တာဖြင့်


No comments: