Sunday, May 12, 2013

အိပ်စက် ခြင်း ၄-မျိုး

အိပ်စက် ခြင်း ၄-မျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အိပ်စက်ခြင်း ၄-မျိုးတို့ကို ဟောတော်မူသည်။ ရဟန်းတို့ လောက၌သက်ရှိပုဂ္ဂိုလ်များ၏အိပ်စက်ခြင်း၎-မျိုးရှိသည်။ ယင်းတို့မှာ-(၁)ပြိတ္တာတို့၏ အိပ် ခြင်း။ (၂)ကာမဂုဏ်ခံစားသူတို့၏အိပ်ခြင်း။ (၃)ခြင်္သေ့တို့၏အိပ်ခြင်း။ (၄)မြတ်စွာဘုရား၏အိပ်ခြင်း-ဟူ၍၄-မျိုးရှိသည်။


ထို ၄-မျိုးတို့တွင် (၁)ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက်အိပ်ကြကုန်၏။ (၂)ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏။ (၃)သာကောင်တို့၏ မင်းဖြစ်သော ခြင်္သေ့မင်းသည် ခြေတဖက်ဖြင့် အခြားခြေ တဖက်ကို အနည်းငယ်လွန်ကာ တင်ထားပြီးပေါင်အတွင်း အမြီးကိုထား၍ လက်ဝဲနံပါးဖြင့် စောင်း၍ အိပ်ကုန်၏။ (၄)ပထမဈာန်အစရှိသော ဈာန်တို့ကို ၀င်စာေးနခြင်းကို မြတ်စွာဘုရား၏အိပ်စက်နားနေခြင်း-ဟု ခေါ်သည် ဟု ဟောတော်မူသည်။ ကျမ်းကိုး။။အင်္ဂုတ္တရ၊စတုက္ကနိပါတ်၊ အာပတ္တိဘယ၀ဂ်၊ သေယျာသုတ်။


No comments: