Sunday, May 12, 2013

ဗိုလ်ကုန်ဆရာတော်ကို လယ်တီဆရာတော်က တရားဟောပုံလေး သတိသံဝေဂဖြစ်စရာကောင်းလွန်းလို့ပါ

ိုဗိုလ်ကုန်ဆရာတော်ကို လယ်တီဆရာတော်က တရားဟောပုံလေး သတိသံဝေဂဖြစ်စရာကောင်းလွန်းလို့ပါ *******************************************ိဗိုလ်ကုန်းဆရာရေ.. ပုံရိုင်းရိုင်းပြောရရင်တော့ စိတ်မနှံ့တဲ့ လူတစ်ယောက်ဟာ ပညာ၊ စီးပွားမရှာနိုင်တဲ့အပြင် တတ်သိထားတဲ့ ပညာတွေ၊ စည်းစိမ်ဥစ္စာတွေဟာ သူ့အတွက်ရော၊သူများအတွက်ပါ တယ်ပြီးအသုံးမ၀င်သလိုပဲ လောကမှာ ခြေလက်မနိုင်တဲ့လူ၊ နှုတ်မနိုင်တဲ့လူ၊အဲသည် လူတွေဟာ ခြေနဲ့ လက်နဲ့နှုတ်နဲ့ လုပ်ရမယ့်အလုပ်ကိုအကျိုးပြီးစီးအောင် မလုပ်နိုင်ကြသလိ စိတ်မနိုင်တဲ့လူလည်းသည်အတိုင်းပဲ စိတ်နဲ့လုပ်ရမယ် အလုပ်မှာ အကျိုးပြီးစီးောအင် မလုပ်နိုင်ကြဘူး။


ဣတိပိသော တစ်ပုဒ်ဆုံးအောင်ပင် ဘုရားဂုဏ်တော်၌ စိတ်စိုက်ပြီး မထားနိုင်ကြဘူး၊မထားနိုင်ရင် ပိဋကတ်သုံးပုံ ဆောင်နိုင်ဦးတော့ အကျိုးမပြီးဘူး။စိတ်ကိုမနိုင်တဲ့သူကို အရူးလို့ခေါ်တယ် မဟုတ်လား၊အဲ..အရူးဟာ သူ့စိတ်သူမနိုင် တော့ ထမင်းတစ်ပန်းကန်ကိုပင် ပြီးအောင် မစားနိုင်ဘူး။ ဖျက်ဆီးချေမွပြီးထသွားတယ်။


စိတ်အလုပ်ဖြစ်တဲံဘာဝနာအလုပ်ကျမှ ဗိုလ်ကုန်းဆရာတို့ တပည့်တော်တို့ဟာ ကိုယ့်ထမင်းကိုယ်ဖြောင့်ဖြောင့်မစားနိုင်တဲ့ အရူးလိုပဲဆိုတာ ပေါ်တော့တယ်။


တစ်နည်းအားဖြင့်ပြောရရင် စိတ်မနိုင်တဲ့လူဟာ ပဲ့မနိုင်တဲ့ လှေသူကြီးနဲ့တူတယ်၊ အချိန်မရွေးမြုပ်သွားနိုင်လောက်အောင် လေးလံတဲ့ဝန်တွေတင်ပြီးစုန်ဆင်းလာတဲ့ လှေသူကြီးဟာ ပဲ့ကို မနိုင်လေတော့ အစီးထန်ရေ၀ဲမှာ ရေဆွဲသလို ခံပြီးမျောရတယ်။


ညဥ့်အခါ ကမ်းစဉ်တစ်လျှောက်လည်းဘာမှမမြင်ရသလို သံသရာဝဲထဲမှာ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေနဲက တိုးရ၊ နေ့အခါဖြစ်လို့ဆိတ်ကမ်းတစ်လျှောက် သာယာတာကို မြင်ရပြန်တော့လည်းပဲ့မနိုင်လို့ ကပ်မရ၊ မျှော်ကာကြည့်ကာ ချီးမွှမ်းကာနဲ့ သမုဒ္ဒရာထဲ မျောပါသွားရသလို ဆိပ်ကမ်းသာတဲ့ သာသနာတော်ကြီးကိုတွေ့ရမြင်ရပေမယ့်သမထ ၀ိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဆိတ်ကမ်းသို့ မကပ်နိုင်။


သာသနာကို ကြည်ညိုတဲ့ ဘုရားဒကာ၊ ဘုရားအမ၊ သာမညရဟန်း၊စာတတ်ရဟန်း၊ တံဆိပ်တော်ရ ရဟန်းဘ၀ လောက်နဲ့သုညကမ္ဘာ သံသရာပြင်ကြီးမှာ လွင့်ကာလွင့်ကာ မျောပါနေကြတာပဲ.........။(ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်မှ)


ဤအဆုံးအမ၌ နိဗ္ဗာန်ကို ဆိပ်ကမ်းအဖြစ်တင်စားထားသည်။ ထိုဆိပ်ကမ်းသို့ရောက်နိုင်သည့်နည်းကို ဘုရားသာသနာက ညွှန်ပြသည်။စိတ်ကိုမထိန်းနိုင်သူသည် အရူးနဲ့လည်းကောင်း ပဲ့မနိုင်သော လှေသူကြီးနဲ့ လည်းကောင်းတူ၏။ ဘုရားမပွင့်သောကမ္ဘာသည် သုညကမ္ဘာဖြစ်၍သစ္စာတရားကို မမြင်နိုင်ရကားညဥ့်ကာလနှင့်တူ၏။ထိုကာလ၌ နိဗ္ဗာန်တည်းဟူသော ဆိပ်ကမ်းနဲ့ အဝေးကြီးဝေးလှလေ၏။ ယခု ဘုရားပွင့်ရာကမ္ဘာသည်ကား နိဗ္ဗာန်တည်းဟူသော ဆိပ်ကမ်းကို မြင်နိုင်သော နေ့အခါနဲ့တူလှလေ၏။ထိုသို့ သာသနာနဲ့ ကြုံနေသော်လည်း ငါးပါးအာရုံ ကာမဂုဏ်တရားအပေါ်မှာ စိတ်တပ်မက်၍ သမထဘာဝနာ ၀ိပဿနာဘ၀နာ ဘက်သို့ စိတ်ကိုဆွဲခေါ်မရခြင်းသည် ပဲ့မနိုင်၍ကမ်းကပ်မရသည်နှင့်တူ၏။ဟု ဆရာတော်က ဟောကြားခဲ့ခြင်းဖြစ်ပါသည်။


ဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းခံ့သာ၍ လိုရာဆန္ဒ ပြည့်ကြွယ်ဝလျက် ချမ်းမြေ့သာယာ ရှိစေသတည်း......Asin eindacara —


No comments: