Friday, May 24, 2013

ကဆုန်လမှာညောင် ရေသွန်းတယ်ဆိုတာ

ကဆုန်လမှာညောင် ရေသွန်းတယ်ဆိုတာ ကဆုန်(ခ)ကဆိန် ဟူ၍ ခေါ်ပါသည်။သဗ္ဗညု မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ မှီရာဖြစ်သော ပရိဘောဂစေတီတစ်ဆူဖြစ်တော်မူသော မဟာဗောဓိ ပင်ကြီးကို ရေသွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ရေပြတ်တဲ့လမှာ ဗောဓိပင်လည်းအသက် ဆက်စေတော့၊ဗောဓိပူဇာလည်းဖြစ်စေတယ်၊ တစ်နည်းအားဖြင့် ပရိဘောဂစေတီကိုလဲ ရေပူဇော် ရာရောက်တယ် ဆိုပြီး ကဆုန်လမှာ ညောင်ရေသွန်းလော င်ခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားကိုပူဇော်ခြင်း၊ တစ်နည်းအားဖြင့် မဟာဗောဓိပင်ကြီးကို ပူဇော်ခြင်း၊နောက်တစ် မျိုးအတိအကျပြောရရင် ပရိဘောဂစေတီကို ရေပူဇော်တဲ့လ၊ ပရိဘောဂစေတီထိုက်တဲ့ ညောင်ပင် ကို ပူဇော်တဲ့လဖြစ်ပါတယ်။ဒီလရဲ့လပြည့်နေဆိုတာ ဝိသာခါနက္ခတ်နဲ့ လပြည့်ဝန်းကြီးကကောင်းကင်မှာတည့်တည့်ထွန်းလင်းနေပြီး ကဆုန်လပြည့်ဆိုတဲ့ အရာကိုဖော်ညွန်းနေပါတယ်။ လမြတ်ကဆုန် ကဆုန်လတွင် မြတ်ဗုဒ္ဓနဲ့ပတ်သက်သည့် အဓိက အချက်(၅)ခု ကိုရှာဖွေးတွေ့ရှိရပါသည်။ ထိုအရာ တွေကတော့ လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊သုမေဓာလောင်း၊ ညွတ်ပျောင်းဗွက်အုံ၊ဒီပင် ထံပါး၊ ဝမ်းလျားမှောက်ခုံ၊ဆုပန်နေ့ လပြည့် နွေကဆုန်။ ကဆုန်လပြည့်နေ့နှင့် တိုက်ဆိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ် (၅)ချက်ဖြစ်ပါတယ်။သုမေဓာ ရှင်ရသေ့ ဘဝတုန်းက ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့တာဟာ ကဆုန်လပြည့် နေ့မှာပဲဖြစ်ပါတယ်။ အဲဒီနေ့မှာ ဝိသာခါနက္ခတ်နဲ့ လဆန်းတို့မွန်းတည့် အပြိုင်ပြုပြီးတော့ ကောင်းကင်းမှာ မွန်တည့်တဲ့ ဝိသာခါပုဏ္ဏမဒိဝသ...ဝိသာခါနက္ခတ်နဲ့ သန့်ရှင်းပြီးတော့ လပြည့် တဲ့နေ့ဟာ ကဆုန်လပြည့်နြေ့ ဖစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များက၊ ကဆုန်လကို လမြတ် ဟူ၍သက်မှတ်ခဲ့ကြသည်။ လွန်ခဲ့တဲ့ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှာ ကဆုန်လပြည့်နေ့ဆိုတာရှိလားလို့ ကတ်ကတ် သတ်သတ် (ကပ်သီးကပ်သတ်)မေးလာခဲ့ရင် ကဆုန်လပြည့်နေ့ဆိုတာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာရှိရှိ မရှိရှိရေပြတ်တဲ့လ ဆိုတာတော့ရှိခဲ့ပါတယ်။


အဲဒါမှမဟုတ်ရင် ဝိသာခါနက္ခတ်နဲ့ လနှစ်ခုပြိုင်ပြီးတော့ မွန်းတည့်ဆိုတဲ့အချိန်မှာ သုမေဓာရ သေ့ဟာ ဒီပင်္ကရာဘုရားရဲ့ ခြေတော်ရင်းမှာ ဆုပန်ခဲ့တယ်ဆိုရင် ငြင်းစရာ လိုမယ် မထင်ပါဘူး။အဲဒီတော့ လွန်လေးပြီးသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလမှာ အမရဝတီ နေပြည် တော်မှာ သုမေဓာခေါ်တဲ့ သူဌေးသားဟာ မိဘနှစ်ပါး ကွယ်လွန်သွားပြီး ကျန်ရစ်တဲ့ကုဋေရှစ် ဆယ်သော ပစ္စည်းတွေကို အကုန်စွန့်လွှတ်ြ ပီးဘုရားမပွင့်ခင်ကြိုတင်၍ရသေ့လုပ်နေတယ်။ မြတ်စွာဘုရားပွင့်တော်မူမယ်ဆိုတဲ့သတင်းကတော့ ကြိုပြီးသိနေပြီး။ အဲဒီ ဒီပင်္ကရာဘုရားရှင်ပွင့်တော်မူတဲ့ ကပ်ကမ္ဘာမှာ ဒီပင်္ကရာဘုရားရှင်ရှေ့က တဏှင်္ကရာ၊မေတင်္ကရာ၊ သရဏင်္ကရာရယ်လို့ဘုရား(၃)ဆူပွင့်တော်မူခဲ့ပြီးဖြစ်ပါသည်၊ စတုတ္ထမြှောက်ဖြစ်တဲ့ ဒီပင်္ကရာဘုရားရှေ့မှောက်မှာသုမေဓာကဆုလာပန်ခြင်းဖြစ်သည်။ကြိုတင်ပြီးတွက်ဖြစ်တာက လေးသင်္ချေကမ္ဘာတစ်သိန်းမှာ မြတ်စွာဘုရားပေါင်း (၂၈)ဆူပွင့်တော်မူခဲ့ပါတယ်။ ပွင့်တော်မူသော ဘုရားတွေထဲမှာ ဂေါတမဗုဒ္ဓသည် (၂၄)ဆူသောဘုရားတို့ထံမှ ဗျာဒိတ်ရခဲ့သည်။ တနင်္ကရာ၊ မေတင်္ကရာ၊သရနင်္ကရာ ဘုရားသုံးဆူ လွန်သွားပြီး ဒီပင်္ကရာဘုရားကျမှဗျာဒိတ်တော့ခံ ယူခဲ့ ပါသည်။ ဤဘဒ္ဒကမ္ဘာမှာ ကကုဿဏ်၊ ဂေါဏဂုဏ်၊ ကဿပဘုရားများအထိ ၂ ကျိပ် ၄ဆူမှာ ဗျာဒိတ်ရခဲ့ တယ်၊ မိမိကိုယ်တိုင် ဆိုလို့ရတဲ့ဂေါတမဗုဒ္ဓ အပါအဝင်ဘုရားပေါင်း (၂၈)ဆူဖြစ်ပါတယ်။ဂေါတမ မြတ်စွားဘုရားကိုချန်ထား လွန်လေပြီးသောဘုရား (၃ )ဆူကိုပါ ချန်ထားရင် အားလုံး ဗျာဒိတ်ခံ ယူတာဟာ ၂ ကျိပ် နှင့် ၄ ဆူထူးထူးခြားခြား ဖြစ်ပါတယ်။ ပဗ္ဗဇိတဒုလ္လဘ နောက်ထူးခြားတာလေးကို ပြောရအုံးမယ်ဆိုရင်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာ၂ ကျိပ် ၄ဆူ သောဘုရားတို့ထံ ဗျာဒိတ်ခံယူပြီးတော့မှ ရဟန်းဘဝ စုစုပေါင်းရခဲ့တာဟာ လေးအသင်္ချေမှာ ၉ ဘဝဖြစ်ခဲ့ပါတယ်။ ဗျာဒိတ်ရခဲ့တာ ဘုရားပေါင်း၂ ကျိပ် ၄ ဆူ၊ရဟန်းဖြစ်တာ ၉ ဆူသောဘုရားတို့ထံမှာ ၉ ဘဝရခဲ့ပါတယ်။ ပဗ္ဗဇိတဒုလ္လဘ စိတ်ဝင်းစားတဲ့သူတွေအတွက်မှတ်သားစရာ အချက် ဖြစ်တယ်။ ဘယ်ဘုရားလက်ထက်မှာ ရဟန်းဖြစ်တယ်ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး။ ဒီပင်္ကရာဘုရားမပွင့်ခင်က ပစ္စည်းတွေစွန့်လွှတ်ပြီးတောထွက် ရသေ့လုပ်နေသော သုမေဓာဟာ ဒီပင်္ကရာဘုရားပွင့်လို့ သံဃာတော် ၂ သိန်းကျော်တို့နဲ.အမရဝတီဆိုတဲ့ ရွှေမြို့တော်သို့ဆွမ်းခံကြွ မယ်လို့ သတင်းရတော့မြို့ သူမြို့သားတွေကဘုရားကြွမည့်လမ်းမှာမိုးဦးကျကဆု န်လဆိုတော့ မိုးကရွာပြီး၇ွှံတွေဗွက်တွေဖြစ်နေတာကို လမ်းခင်းသူကခင်းကြ၊ သန့်ရှင်းသူကရှင်းနဲ့ မြို့သူမြို့သားတွေ လမ်းတွေကို ပြုပြင်နေကျတဲ့အချိန်မှာတော့ မြို့ကိုဆွမ်းခံ ကြွတဲ့ရသေ့ကဘာလုပ်နေတာလဲ မေးတော့ ဘုရားကြွမှာမို့ လမ်းကိုပြုပြင်နေတာပါလို့ ပြောကြရော...ရသေ့က သူလဲဝေယျာဝေစ္စ လုပ်မယ်ဆိုပြီးရွှံဗွတ်အထူဆုံး နေရာကိုယူသတဲ့။ အခက်ခဲဆုံးကိုမှလုပ်ချင်သူ ရသေ့ကြီးဖြစ်ချင်တာက အခက်အခဲဆုံးနေရာမှာ အခက်အခဲဆုံးအလုပ်ကို လုပ်ချင်တယ်ထင်ပါရဲ့၊ မြတ်စွာဘုရားနှင့်သံဃာတော် ၂သိန်းကျော်ကြွလာချိန် လမ်းကပြင်လို့မပြီးသေးပါဘူး၊ဒီအချိန်မှာ မြတ်စွာဘုရားကြွ လာတဲ့ တည့်တည့် လေးတောင်မျှလောက်ဝေးကွာနေတဲ့ ရွှံဗွတ်အထူးဆုံးလမ်း နေရာမှာ ဝမ်းလျှာမှောက်လျက် အရှင်ဘုရားတစ်ပည့်တော်ရဲ့ ကိုယ်လုံးကို တံတားခင်းလှူပါတ ယ် ဘုရားဟု လျောက်လေသည်။ ဘုရားဆုပန် သုမေဓာရှင်ရသေ့ဟာ ဘုရားမြတ်စွားရဲ့ခြေတော်ရင်းမှာ သမ္မာသမ္ဗောဓိဆုကိုပန်ယူခဲ့တယ်။ ပေးတဲ့ဆန္ဒ၊ ဝီရိယတွေကအလွန်ပြင်းထန်ခြင်းကြောင့်အဲဒီဘဝမှာသူ ဟာမဂ်ဖိုလ်ကို ရနိုင်တဲ့ ယောင်္ကျားပဲ...သူရဲ့လက်တစ်ကမ်းရနိုင်တဲ့ မဂ်ဖိုလ်ကို မယူဘဲ ဘာ့ကြောင့်ဘုရားဆုကို ပန်တာလဲ ဆိုတော့ သူ့မှာ ရည်ရွယ်ချက်တွေရှိတယ်။ ရည်ရွယ်ချက် (၈)မျိုး တိဏ္ဏော တာရေယျံ မုတ္တော မောစေယျံ ဒန္တော ဒမေယျံ သန္တော သမေယျံ အသေဿာ အသေဿယျံ ဗုဒ္ဓေါဗောဓေယျံ သုဒ္ဓေါသောဓေယျံ ပရိနိဗ္ဗုတော သုပရိနိဗ္ဗေယျံ ....ဆိုတဲ့ရည်ရွယ်ချက်(၈)ပါး ရှိခဲ့ပါတယ်။ ဆိုလိုတာကတော့-


၁။ တိဏ္ဏော တာရေယျံ=ငါသည် ဘဝသံသရာ ခရီးခဲကို ကူးမြောက်နိုင်ခဲ့ရင် သတ္တဝါတွေလဲ ဒီဘဝသံသသရာခရီးခဲကို ကူးမြှောက်နိုင်စေရမယ်။ ၂။ မုတ္တော မောစေယျံ=ငါသည် ကိလေသာ အနှောင်အဖွဲ့သံသ ရာမှ လွတ်မြှောက်နိုင်ပြီးခဲ့ရင် သတ္တဝါတွေကိုလဲလွတ် မြှောက်အောင်ကယ်တင်မယ်။ ၃။ ဒန္တော ဒမေယျံ=ငါကိုယ်တိုင် ကိုယ်ရောနှုတ်ရော ယဉ်ကျေးခဲ့ပြီးဆိုရင် သတ္တဝါတွေကို ယဉ်ကျေးအောင်ဆုံးမမယ်။ ၄။ သန္တော သမေယျံ=ငါကိုယ်တိုင်ငြိမ်းချမ်းပြီးရင် သတ္တဝါတွေကိုငြိမ်းချမ်းအောင်ဆောင်ရွက်မယ်။ ၅။အသေဿာအသေဿယျံ=ငါကိုယ်တိုင်သက်သာစေပြီးရင် သတ္တဝါတွေကို...ကာယိကဒုက္ခ စေတသိကဒုက္ခ၊ ကာမဝဋ်၊ ကိလေသာဝဋ်၊ ဝိပါကဝဋ် သုံးပါးမှ သက်သာစေအောင်ဆောင် ရွက်မယ်။ ၆။ သုဒ္ဓေါသောဓေယျံ=ငါကိုယ်တိုင်ကိလေသာ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ်ပြီးရင် သတ္တဝါတွေကိုသန့်ရှင်း စင်ကြယ်အောင်လုပ်မယ်။ ၇။ ဗုဒ္ဓေါဗောဓေယျံ=ငါကိုယ်တိုင်ဗောဓိဥာဏ်ကို ရပြီးရင် ငါရတဲ့ဗောဓိဉာဏ်ကိုဝေငှမယ်။ ၈။ ပရိနိဗ္ဗုတော သုပရိနိဗ္ဗေယံ=ငါကိုယ်တိုင် (၁၁)ပါးသော မီးတွေငြိမ်းပြီ်းဆိုရင် သတ္တဝါတွေ ကိုလည် ငြိမ်းစေရမယ်။ ရည်ရွယ်ချက်(၈)ပါးကို ကောက်ချက်ချလိုက်ရင် လောကတ္ထစရိယကို ရှေ့တန်းတင်ထားခြင်း ဖြစ်တယ်။ လောကတ္ထစရိယဆိုတာ မည်သူ့ကိုမဆို ကောင်းကျိုးကို ဆောင်ရွက်ခြင်းကိုဆိုလိုပါတယ်။


ဗောဓိဉာဏ်


ဗုဒ္ဓေါဗောဓေယျံ=ဗောဓိဉာဏ်ရပြီးရင်ဗောဓိဉာဏ်ဝေငှ မယ်..ဗောဓိဉာဏ်ဆိုတာဉာဏ်တကာ့ ဉာဏ်တွေထဲမှာ အမြင့်ဆုံးဉာဏ်ဖြစ်ပါတယ်။ အနိမ့်ဆုံးဉာဏ်ကစပြီး အမြင့်ဆုံးဉာဏ်ကိုဝေငှ မယ်ဆိုတာ လောကတ္ထစရိယဖြစ်တ ယ်။ သုမေဓာရသေ့ဟာ ဒီပင်္ကရာဘုရားရှင်ခြေတော်ရင်းမှာ ဘုရားတပည့်တော် လက်တစ်ကမ်းရောက်နေတဲ့ ဗောဓိဉာဏ်၊ သာဝကဗောဓိဉာဏ်ကိုမယူပါဘဲ သမ္မာသမ္ဗောဓိဆုကိုပန်ဆင်တော်မူခဲ့တယ်၊သမ္မာသမ္ဗောဓိကပန်ဆင်တော်မူခဲတာဟာ ဝိသာခါနက္ခတ်နဲ့လပြည့်ပြိုင်ပြီးတော့မွန်းတည့်တဲ့နေ့ပဲ၊ အဲဒါကိုဒီကနေ့ ပြန်လှန်ရေတွက်တာလေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလအမရဝတီနေပြည်တော်မှာ ကဆုန်လပြည့်နေ့နှင့်လာပြီးတိုက်တိုက်ဆိုင်ဆိုင်ဖြစ်လို့ ကဆုန်လပြည့် ဆုပန်နေ့လို့ ထူးထူးမြတ်မြတ် သတ်မှတ်ပြီး ပူဇော်ခဲ့တာဖြစ်ပါသည်။ တရားဓမ္မစာပေကို တတ်သလောက် ဝေငှခြင်းဖြစ်ပါတယ်၊ ပါဠိပါဌ်သားတွေ အမှားပါနေပါက နားလည်ခွင့်ပေးေ တ်ာမူကြပါရန် မေတ္တာရပ်ခံပါတယ်။


No comments: