Sunday, May 12, 2013

ဒေါသပယ် ဖြတ်ခြင်းအကျိုး

ဒေါသပယ် ဖြတ်ခြင်းအကျိုး

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းသည် မြတ်စွာဘုရားထံ လာရောက် ၍မေးလျှောက်သည်။


မြတ်စွာဘုရား-(၁)အဘယ်အရာကိုဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း။ (၂)အဘယ်အရာကိုဖြတ်တောက်သော် ချမ်းသာစွာ နေရပါသနည်း။ (၃)အရှင်ဘုရားသည် အဘယ်တရားအား ဖြတ်တောက်ခြင်းကို နှစ် သက်တော်မူပါသနည်း။ဟု မေးလျှောက်သည်။


သိကြားမင်း-(၁)အမျက်ထွက်ခြင်းဒေါသကို ဖြတ်တောက်သော် မစိုးရိမ်ရပေ။ (၂)အမျက်ဒေါသကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏။ (၃)အဆိပ်နှင့်တူသော ချိုမြိန်မှုမရှိသော အမျက်ဒေါသအား ပယ်ဖြတ်ခြင်း ကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းနှစ်သက်ကုန်၏ -ဟု ဟောတော်မူသည်။ ကျမ်းကိုး။။သဂါထာဝဂ္ဂသံယုတ်၊ တတိယ၀ဂ်၊ဆေတွာသုတ်။


No comments: