Saturday, May 25, 2013

ရုပ်နဲ့ နာမ်(စိတ်)ဆက်စပ်ပုံ

ုရုပ်နဲ့ နာမ်(စိတ်)ဆက်စပ်ပုံ


စိတ်နောက်ရုပ်လိုက်၊ ရုပ်ကြောင့် စိတ်ဖြစ်၊ စိတ်နောက် ရုပ်လိုက်ဆိုရာတွင် သွားချင်စိတ်ကြောင့် သွားရသည်၊ ထိုင်ချင်စိတ်ကြောင့် ထိုင်ရသည်၊ ဝမ်းနဲ စိတ်ကြောင့် ရုပ်မှာမျက်ရည်ကျငိုကြွေးရသည်၊ စိတ်ကြောင့်ဖြစ်သော လျောင်း၊ထိုင်၊ ရပ် ၊ သွား ရုပ်များ စိတ် ကြောင့်ပြုံးရယ်သောရုပ် စိတ်ကြောင့်ငိုကြွေးစေသောရုပ်


ရုပ်ကြောင့် စိတ်ဖြစ် ရုပ်၏ဖောက်ပြန်မှုကို စိတ်ကခံစားသိရသည်၊ ရုပ်၏နာကျင်ကိုက်ခဲမှုကို စိတ်ကခံစားနေရသည်၊ ရုပ်နှင့် နာမ် အချင်းချင်းအမှီပြုလျက် ဖြစ်ကြရသည်ဟုဆင် ခြင်ပါ၊ ရုပ် ၂ ခုတိုက်၍ စိတ်ဖြစ်လာရသည်ကိုမြင်အောင်ကြည့်ပါ၊ ရုပ် × ရုပ် ------စိတ် မျက်စိ-အဆင်း-အလင်းရောင်-နှလုံးသွင်းတို့  ပေါင်းဆုံမိခြင်းကြောင့် မြင်သိစိတ်။ မြင်သိသဘောသက်သက်မျှသာ၊ နား-အသံ-ဟင်းလင်း-နှလုံးသွင်းပေါင်းဆုံမိခြင်းကြောင့်  ကြားသိစိတ်၊ ကြားသိသဘောသက်သက်မျှသာ၊ နှာခေါင်း-အနံ့ -လေဓာတ်-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့် နံသိစိတ်။ နံသိ သဘောသက်သက်သာ၊ လျှာ-အရသာ-ရေဓာတ်-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ရသာသိစိတ်၊ ရသာသိ သဘောသက်သက်လေးသာ၊ ကိုယ်-အတွေ့ -မြေဓာတ်-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့် ထိသိစိတ်၊ ထိသိ သဘောသက်သက်လေးသာ၊ နှလုံး-မန-ဓမ္မ-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ကြံသိစိတ်၊ ကြံတွေးသိ သဘောသက်သက်မျှသာ၊


ဓမ္မစာမျက်နှာများ...


No comments: