Thursday, May 09, 2013

မိန်းမတွေရဲ့ တန်ဖိုး

မိန်းမတွေရဲ့ တန်ဖိုး

*************


“ဒကာရေဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့” ”မှန်ပါ”


“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား” “ မှန်ပါကျွတ်မှာပါဘုရား”


“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့” “မှန်ပါလုပ်သင့်ကြောင့်ပါ”


“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့” “မှန်ပါလုပ်ပြီးကြောင်းပါ” (ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)


“ ကိုင်းဒကာရေလှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန်စုပြုံထည့်ကွာ” “ထည့်ပြီးကြောင်းပါဘုရား”


“မျှောဖို့အသင့်ဖြစ်ပြီလား” “ဖြစ်ပါပြီဘုရား”


“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်းအိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။မောင်တို့သားတွေ သမီးတွေ ဘယ်သူက အုပ်ထိန်းကြမတုန်းကွယ် ”


စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။


( လယ်တီဆရာတော်ဘုရားကြီး) ……………………......................


No comments: