Monday, May 06, 2013

သမ္မာဒိဋ္ဌိ ပဥှာကဏ္ဍ

သမ္မာဒိဋ္ဌိ ပဥှာကဏ္ဍ


ဒကာ။။ အရင် သုံးလေးလပိုင်းက ဆရာတော် မိန့်ကြားဖြေဆို သွားတဲ့ ဥပါသကာဂုဏ်ရည် အမေးအဖြေကဏ္ဍထဲမှာသရဏဂုံ ၃ ပါး ဆောက် တည်ခံယူပုံနည်းများနဲ့ ရတနာ ၃ ပါး၏ဂုဏ်ကို မတုန်မလှုပ်ယုံကြည် ကိုးစားကျင့်ပွားရပုံများကို လူအများနားလည်နိုင်လောက် အောင် ဒကာကြီးတို့ကိုယ်တိုင်လည်းအားရကျေနပ်နှစ်သက်မှုရအောင် ပြော ပြဖြေကြားသွားလို့များစွာပဲ ကျေးဇူးတင် ၀မ်းသာရပါတယ်ဆရာတော်။ အဲဒီ သရဏဂုံ ၃ ပါးနဲ့ ရတနာ ၃ ပါးဆိုတဲ့စကားများထဲမှာ သမ္မာဒိဋ္ဌိ ခေါ်တဲ့ အဘိဓါန် ပုဒ် စကားလုံးကိုလည်းခပ်များများ ထည့်သွင်းသုံးစွဲ သွားတာကို မှတ်သားထားမိပါတယ်၊ ဒါကြောင့် သမ္မာဒိဋ္ဌိ ဆိုတဲ့ ဗုဒ္ဓ ဘာသာသုံး အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကိုသိပါရစေ ဆရာတော်။


သမ္မာဒိဋ္ဌိဆိုတာ ဘာလဲ ဆရာ။ ။အင်း..ဥပါသကာတို့၊သရဏဂုံတို့၊သမ္မာဒိဋ္ဌိတို့ ဆိုတဲ့ အဘိ ဓာန်ပုဒ်တွေဟာ ဗုဒ္ဓဘာသာ တရားတော်ထဲမှာ မပါရင်မပြီးနိုင်တဲ့ စကား လုံးတွေပဲ၊ စိစစ်ဝေဖန်နိုင်သလောက် လဲ ကျယ်ပြန့်နက်နဲပြီး အနှစ်သာရ နဲ့ ပြည့်စုံတယ်။ သမ္မာ= မဖောက်မပြန်၊မှန်ကန်၊ဖြောင့်မတ်၊ သန့်ရှင်း၊ ဖြောင့်မတ်၊ ဖြူစင်သော။ ဒိဋ္ဌိ= အမြင်၊ အယူ၊အစွဲ၊ အလုပ်၊ အကျင့်တရား။ သမ္မာဒိဋ္ဌိ= မဖောက်မပြန် မှန်ကန် ဖြောင့်မတ် မြင့်မြတ် ဖြူစင် သန့်ရှင်း၍ အပြစ်ကင်းသော အယူအစွဲ အလုပ်အကျင့်ကို ခေါ်ဆိုသည်တဲ့၊ အဲဒါ သူ့ ရဲ့အနက်အဓိပ္ပါယ်ပဲ။ ဒကာ။။ နည်းနည်းလောက်တိုးချဲ့စိစစ်ဝေဖန်ပြပါဦး ဆရာတော်၊ ယင်းရဲ့ အနှစ်သာရ သဘောတရား အမျိုးအပြား အရာကျယ်ပုံ နက်နဲပုံကလေး တွေကို သိပါရစေ။ ဆရာ။ ။အင်း… သိချင်ရင် တိုတိုကျဉ်းကျဉ်းတိတိကျကျ ကွဲပြားနားလည် နိုင်တဲ့နည်း နဲ့ပဲ ပြောပြသွားမည် မှတ်သားပေတော့၊ ဥပရိပဏ္ဏာသ ပါဠိတော် ဆဋ္ဌမူ စာမျက်နှာ (၁၁၆)နဲ့ အဋ္ဌကထာ ၉၁-၉၅ တို့မှာ ဟောဒီလို ၅ မျိုး၅ ပါး ဟောကြားထားတယ်။ သမ္မာဒိဋ္ဌိမျိုး၅ ပါး ၁။ ကမ္မသကတာသမ္မာဒိဋ္ဌိမျိုး= ဤလောက၌သတ္တ၀ါများ ကမ္ဘာသားတို့၏ ကောင်းကျိုးသုခချမ်းသာမကောင်းကျိုးဆင်းရဲဒုက္ခအမျိုးမျိုးတို့ကိုဖန်ဆင်း ပေးသော တန်ခိုးသိဒ္ဓိရှင်နှင့် ကယ်တင်ရှင်ဟူ၍မရှိချေ၊ ကံသာလျှင် ကိုယ့် ဥစ္စာဖြစ်သည်။ (က)ကုသိုလ်ကံခေါ်သော အပြစ်မဲ့ကင်းသော အလုပ်ကို မိမိကိုယ်တိုင်လုပ် ၍ကောင်း မြတ်ချမ်းသာသော အကျိုးလုပ်ခဘုံဘ၀တွေကို မိမိကိုယ်တိုင် သိရှိခံစားနေရသည်။ (ခ)အကုသိုလ်ကံခေါ်အပြစ်ရှိတဲ့ မကောင်းမှု အလုပ်တွေကို မိမိကိုယ်တိုင် ပြုလုပ်သောကြောင့်မကောင်းဆိုးဝါး ဆင်းရဲပင်ပန်းတဲ့ဘုံဘ၀နဲ့ လုပ်ခအ ကျိုးဒုက္ခ အမျိုးမျိုးတွေကိုမိမိကိုယ်တိုင် ရရှိခံစားနေရသည်… ဟု ကံ ကံ၏ အကျိုးကို ဧကန်မုချယုံကြည်ကာ အပြစ်ရှိတဲ့ မကောင်းလုပ် အကုသိုလ်ကံ ဟူသမျှကို ရှောင်ကြဉ်ကာ ကုသိုလ်ကံအပြစ်မရှိကောင်းကျိုးချမ်းသာကို ပေးတတ်တဲ့ ကောင်းတာသက်သက်ကိုသာ လုပ်ကိုင်နေထိုင်စားသောက်သော အယူ ၀ါဒရှိသူမျိုးပဲဒကာကြီးတို့။ ကိုယ့်အလုပ်ကံနဲ့ကံကြောင့်ရလာတဲ့ လုပ်ခခေါ်တဲ့ ကံ၏အကျိုး (ဖလ၊ ၀ိပါ က) ၀ိပါက် ကို ယုံကြည်တဲ့အယူဝါဒဟာ ကမ္မသကတာ သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိမျိုး = ဤလောကထဲ၌လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်သတ္တ၀ါ ငါ သူတစ်ပါး ယောက်ျားမိန်းမဆိုတာ မရှိ၊ ငါ သူတစ်ပါး မရှိသဖြင့် ငါ့ဥစ္စာ သူ့ ဥစ္စာဆိုတာလည်းမရှိ၊အထည်ကိုယ်ဒြပ်အနေနဲ့ ကိုင် ၊ဆွဲ ပြစရာအရှည်၊ အ တို၊ အတုံး၊ အခဲ၊အမှုန်အမွှားဆိုတာလည်းဘာမျှမရှိချေ။ အဟုတ် အမှန်ရှိသည်ကား ရုပ်၊ နာမ်၊နှစ်ပါးမျှသာဖြစ်၏။ထိုရုပ်၊ နာမ်တို့သ ဘောကား မခိုင်မမြဲ ဖြစ်ပေါ်လာပြီး ပျက်ပျက်သွားသောကြောင့် ဆင်းရဲခြင်းဒုက္ခသဘောသက်သက်ပဲဟု ဖြစ်၊ပျက်ကိုသာ အနိစ္စလက္ခဏာ မှတ်ချက်ဖြင့် ကိုယ်ထဲမှာအမှန်အတိုင်း ပိုင်းခြားပြီးတော့ သိ မြင်အောင် စူးစိုက် မှတ်သား ပွားများအားထုတ်နေမှုကို ၀ိပဿနာ သမ္မာဒိဋ္ဌိလို့ ခေါ်တယ်ဒကာ ကြီးတို့၊ ဖြစ်ပျက်မှု ရုပ်နာမ်ထဲမှာ ငါ၊ငါ့ဥစ္စာမပါတာဟာ ၀ိပဿနာပဲ။ ၃။ မဂ္ဂသမ္မာဒိဋ္ဌိမျိုး= ၂ နံပါတ်မှာပြခဲ့တဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိကို ဒကာကြီး တို့ ကိုယ်တိုင် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ အတ္တဒိဋ္ဌိစွဲဖြုတ်ကာ ရုပ်တရားရဲ့ ဖောက်ပြန် ညောင်းညာ နာကျင်ကိုက်ခဲ ပျက်စီးပြောင်းလဲမှု သဘောအမျိုး မျိုးတွေနဲ့ နာမ်တရားရဲ့သိမှုခံစားမှု မှတ်သားမှု မမေ့ရအောင် ကြိုးစားအောက် မေ့ စေ့ဆော်တိုက်တွန်းချက်တွေရဲ့ ပျက်ပျက်သွားမှု တွေကို ကိုယ်ကာယ ထဲမှာ စူးစိုက်မှတ်သားပွားများနေရင် အဲဒီဖြစ်ပျက် ဒုက္ခဆင်းရဲတွေဟာ ချုပ် ငြိမ်းပျောက်ပျက်သွားကာ တစ်ခါမှမတွေ့ကြုံမခံစားရဖူးသေးတဲ၊ အတိုင်းမ သိ အေးမြငြိမ်းချမ်းသာယာတဲ့ သုခအစစ်သဘောကို ဖြုတ်ဆိုရရောက်တွေ့ ရှိ ခံစားလိုက်ရခြင်းနဲ့ အဲဒီလို ကိုယ်တွေ့ ဒိဋ္ဌမှန်ကန်စွာ မျက်မှောက်ပြု သိ လိုက်ရတဲ့ ပထမမဂ် အသိဉာဏ်ကပေးလိုက်တဲ့ အယူအစွဲ အလေ့အကျင့် တို့ကို ဘယ်ဘ၀ ဘယ်သောအခါမှ မပျက်စေဘဲ မဖျက်တော့ဘဲ စွဲယူနေခြင်း ကို မဂ္ဂသမ္မာဒိဋ္ဌိ လို့ ခေါ်တယ် ဒကာကြီးတို့၊အဲဒါဟာ သောတာပတ္တိမဂ်ပဲ။ ၄။ ဖလ သမ္မာဒိဋ္ဌိမျိုး = အဲဒီ သောတာပတ္တိ မဂ်ဉာဏ်ဖြင့် သိရှိခံစားလိုက်ရ တဲ့ ငြိမ်းအေးချမ်းသာမှု နိဗ္ဗာန်သဘောကို တစ်ဆက်တည်း ဖိုလ်စိတ်ဖြင့် ဆက်လက်သိရှိ ခံစားလိုက် ပြန်ခြင်းနဲ့ ကိုယ်တွေ့ ကိုယ်ပိုင် ဖိုလ်စိတ်ခေါ် တဲ့ ဖိုလ်ဉာဏ်ဖြင့် အဲဒီနိဗ္ဗာန်ချမ်းသာမြတ်ကို ပြန်၍ပြန်၍ အသိလုပ်ထုတ် ဖော် ခံစားနေပြန်ခြင်းသဘောကို ဖလ သမ္မာဒိဋ္ဌိလို့ ခေါ်တယ် ဒကာကြီး တို့၊ ဖလသမာပတ်လို့လည်းမှတ်ကြဦး။ဖိုလ် ၀င်စားတယ်လို့လည်းခေါ် ကြတယ်၊အဲဒါဟာ သောတာပတ္တိဖိုလ်ပဲ။ ၅။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိမျိုး = အဲသည်ဆိုပြီးတဲ့ နံပါတ် ၃-၄-မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် တွေ့ရှိခံစားလိုက်ရတဲ့ အတုမရှိ အကောင်းဆုံး ငြိမ်းအေး ချမ်းသာမှု နိဗ္ဗာန်ခေါ်တဲ့ သဘောတရားကိုပင် အင့်- ဟင် ငါဘာဖြစ်သွားပါ လိမ့် ဟု ထပ်မံ စဉ်းစားစိစစ်ဆင်ခြင် စစ်ဆေးခြင်း သဘောကိုပင် ပစ္စဝေ က္ခဏာ သမ္မာဒိဋ္ဌိတရား ငါးပါးပါပဲ။ ဒကာ။။ အင်း…..ခု ဆရာတော် ပြောပြသွားတဲ့ သမ္မာဒိဋ္ဌိမျိုး ၅ ပါးကို ရ ရောက်တွေ့ရှိ ခံစားနိုင်ရေးအတွက်က အတော်ပဲခက်ခက်ခဲခဲနဲ့ ကြိုးစားမှ ရရှိခံစားရမှာပါလား ဆရာတော်၊ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးပြီးကြိုးစား ရမှာပဲ၊ ကျင့်စဉ်လမ်းမှန်သိထားရမှာပဲဥစ္စာ၊အလုပ် လုပ်ယူရုံပဲပေါ့။


ဗုဒ္ဓဘာသာသည် အစမ်းသပ်ခံနိုင်သော ဘာသာမြတ်ဖြစ်၏ ဆရာ။ ။ဟုတ်တယ်၊ ခု ပြောပြနေတာကတော့အကျဉ်းဆုံးပဲ အဲဒီမဂ်ဖိုလ် နိဗ္ဗာန်ခေါ်တဲ့ အချမ်းသာဆုံး သဘောတရား အရသာကို ကိုယ်တွေ့ ခံစား သိချင်ရင် စာမျက်နှာ ၃၃ နံပါတ် ၂ ၀ိပဿနာ သမ္မာဒိဋ္ဌိတရားကို ဒကာကြီး တို့ကိုယ်တိုင် ကြိုးစားပွားများအားထုတ်ကြည့်ပါ၊ကိုယ်တွေ့ ဒိဋ္ဌ ခံစားရမှာ ကို ပဋိညာဉ် တာဝန်ယူပါတယ်။ ဗုဒ္ဓဘာသာတရားတော်ကသူပြောလူပြောနဲ့ယုံကြည်တင်းတိမ် ကျေနပ် နေရတဲ့ ဘာသာမျိုး မဟုတ်ဘူး၊ ဧဟိ ပဿိကဂုဏ် မယုံရင် လာရောက် ကျင့်ကြံကြိုးစားအားထုတ် ကြည့်ပါဟု ခေါ်ယူကာ အစမ်းအသပ်ကို ခံနိုင် တဲ့ ဂုဏ်ရှိတယ်။ အဲဒီလို ကိုယ်တိုင်စမ်းသပ် စစ်ဆေးအားထုတ်ကြည့်ရင် သန္ဒိဋ္ဌိကဂုဏ် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အရသာကို ကိုယ်တွေ့ဒိဋ္ဌပင် ရယူခံစားရမှာ သေချာနိုင်တဲ့ ဂုဏ်ရှိပါတယ်တဲ့။ အဲဒီမဂ်၊ဖိုလ်၊နိဗ္ဗာန်ချမ်းသာရာတရားမြတ်ကို ဘယ်ဝိဇ္ဇာဓိုရ် တန်ခိုးရှင်နဲ့ ဘယ်ဘုရားသခင်တို့ကမှ လာမပေးနိုင်ဘူး၊ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဂုဏ်တော်အရ ကိုယ့်ဟာကိုယ် မှန်ကန်စွာကြိုး စားအားထုတ်ယူမှ ရနိုင်တဲ့ ကိုယ့်မဂ်နဲ့ ကိုယ့်ဖိုလ်တဲ့၊ဘယ်သူ့ကိုမှ ပေးဝေလို့ လည်းမရဘူး၊ ကဲ… ဘာမေးဦးမလဲ ဒကာကြီးတို့၊မရှင်းရင် မေးကြပေါ့၊ အမှန်တရား ဖြေကြား ဖို့ကတော့ ဆရာသမားတို့ရဲ့တာဝန်ပဲ။ ဒကာ။။ သမ္မာဒိဋ္ဌိ မျိုးအပြားက ဒီ ၅ ပါးထဲပဲလား ဆရာတော်၊ တခြားရှိ သေးရင်လည်းသိပါရစေဦးဘုရား၊ သည်လို မေးခွင့်ပေးတာ ၀မ်းသာလှ ပါတယ်။ အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: