Monday, May 06, 2013

ရဟႏၲာမ် ားဟာ လောကီရေးရာတို့ကိုလေ့လာလိုက်စား ပြုလုပ်ကြသေးသလား

ရဟန္တာများဟာ လောကီရေးရာတို့ကိုလေ့လာလိုက်စား ပြုလုပ်ကြသေးသလား


ဒကာ။ ။အာသဝေါကင်းကွာတဲ့ရဟန္တာ အရှင်မြတ်များဟာလောကီရေးရာဖြစ်တဲ့ လုပ်ငန်းရပ် အမျိုးမျိုးတွေထဲမှာ ၀င်တိုးလုပ်ကိုင်ပြိုင်ဆိုင်လုယူခြင်း များ ရှိပါသေးသလားဆရာတော်။ ဆရာ။ ။သည်အမေးပုစ္ဆာက ရဟန္တာ အရှင် မြတ်ကြီး ဖြစ်နေလို့ အရာကျယ်လှတယ်၊ပုစ္ဆာ ဆိုတာ စိတ်ကူးစိတ်သန်းနဲ့ မှန်းဆ မေးတာမျိုးလည်း ရှိတယ်၊ အဟုတ်တကယ်ဖြစ်ပုံကို မျက်မြင်တွေ့ကြုံဖူး လို့ မေးတာမျိုးလည်းရှိတယ်၊ ဒကာကြီးတို့အမေးက ကိုယ်တွေ့ မျက်မြင်လား၊ စိတ်ကူးယဉ် ပုစ္ဆာလား။ ဒကာ။ ။ဒါကတော့ ကိုယ်တွေ့ဒိဋ္ဌကို ထုတ်ဆောင်မေးတာပါဆရာတော်၊တပည့်တော်များ ကိုးကွယ်ဆည်းကပ်နေတဲ့ ကျောင်းတိုက်ကြီးတခုမှာ ပုဂ္ဂိုလ်တပါးကသူဟာ အာသဝေါကုန်ခန်းရဟန်းကိစ္စ ပြီးပြီဆိုတဲ့ သတင်းစကားတွေ ကြားသိရလို့ ဒကာများက သွားရောက်ဆွေးနွေးမေးမြန်းကြရာ အရဟတ္တဖိုလ်ရောက် ပြီးကြောင်းကိုယ်တိုင်ဝန်ခံချက်အရ သူ၏ရုပ်ပုံနှင့်တကွ သတင်းစာက လူသိနတ်ကြား ရေးသားချီးကျူးသတင်း တွေထည့်ပေးလိုက်လို့ ကျော်ကြားထင်ရှားကာ ဒကာ, ဒကာမတွေ ၀ိုင်းဝိုင်းလည် ပူဇော်အထူးကို ခံယူတော်မူ နေတဲ့ ရဟန္တာအရှင်မြတ်ကြီးက ဒကာကြီးတို့ စီးပွားရေး အရောင်းအ၀ယ်များကော ကောင်းကြရဲ့လား၊အခု ဘာ တွေရောင်းဝယ် နေကြသလဲ၊ဘယ်ကုန်တွေတော့ ရောင်း သွက်တယ် ကြားရတယ်၊တိုင်းရေးပြည်ရေးကကော ဘယ် လိုလဲ၊ ဘယ်သူ့ကို ဖမ်းသွားတယ်ဆိုတာ ဟုတ်သလား၊ အထူးသတင်းလေးများရှိရင် ပြောပြပါဦးစတဲ့ လူမှုရေးရာ လောကီအလုပ်နဲ့သာဝင်ရောက်ရှုပ်ထွေးနေလို့ တရားစွဲခံရ၊ လူရုံးတွေ ရောက်လာတာကို ဒကာကြီးကိုယ်တွေ့မို့ မေးရ တာပါ ဘုရား။ ဒါ့ကြောင့် စာပေ မသိမတတ်သေးတဲ့ ဒကာကြီးတို့ လို လူသားများ၏အကျိုးတရားကို ငဲ့ညှာသနားသဖြင့်ရဟန္တာ အစစ် ဖြစ်သူများဟာ မိမိကိုယ်ကို လူသိရှင်ကြားရဟန္တာပါလို့ သတင်းစာထဲက ကြေညာခြင်း၊ ပုထုဇဉ်တို့လုပ်ငန်းထဲပါဝင် ရောစွက်လုပ်ကိုင်ခြင်းတို့ ပြုကောင်း,မကောင်းများကို ယထာ ဓမ္မကျကျဒကာကြီးတို့ နားလည်အောင် အဖြေစကားမိန့်ကြား တော်မူပါ ဆရာတော်။ ဆရာ။ ။ဒကာကြီးတို့ ပုစ္ဆာက ပုထုဇဉ် ရဟန်း တော်များ၏ လုပ်ငန်းထဲ ရဟန္တာက ပါဝင်နေလို့ တော်တော့ကို ပဲ စဉ်းစားစရာ ဖြစ်နေတယ်၊ ကဲ...ပိဋကတ်တော်စာပေမှာ လာ တဲ့အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျနဲ့ပဲ နောင်လာနောင်သားတို့လည်း မှတ်သားနည်းယူကြဖို့ စိတ်ထားနဲ့ ဖြေကြားပေးပါမည်လေ။ သမ္မာသမ္ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုသော အမျိုးကောင်းသား သည် ရဟန်းကိစ္စ ပဓာနအလုပ်ကို အားထုတ်လို့ အရဟတ္တဖိုလ် သို့ ရောက်ကာ ရဟန္တာကြီး ဖြစ်သောကာလမှစ၍ လောကီရေး ရာ ပုထုဇဉ်တို့အလေ့အလာအလုပ်ကိစ္စတို့ကို လျစ်လျူရှုမြဲဓမ္မ တာမို့ မိမိရရှိပြီးသော အရဟတ္တဖိုလ်တရားဖြင့်သာ မွေ့လျော် ကာ နေလေ၏-လို့ ပိဋကတ်တော်မှာ ပါရှိတာ တွေ့ရတယ်၊ သာဓက၀တ္ထုကြောင်းများကတော့ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကသားတော်ဘုရားထံ အမတ်ကြီးများစေလွှတ် အပင့်ခိုင်းတဲ့ ဗုဒ္ဓ၀င်အခန်းကဏ္ဍတခုထဲမှာ..... မှူးကြီးခေါင်းဆောင် အမတ်ကြီးတယောက်နဲ့ မင်းချင်းယော က်ျား တထောင်စီ တထောင်စီ ကိုးလီကိုးကြိမ် ကိုးခါအထိ ဘုရားသခင်တော်ထံသို့ ပင့်ဆောင်ခဲ့ရန်မင်းမိန့်ဖြင့်စေ လွှတ်ကာ အပင့်ခိုင်းရာ ကိစ္စတို့၌ မင်းကြီး၏အမိန့်တော်မြတ် ကို ရိုသေစွာနာခံမှတ်သားပြီးရာဇဂြိုဟ်ပြည်သို့ရောက်တိုင်း ရောက်တိုင်းသော အမတ်ကြီးတယောက်နဲ့ မင်းချင်းတထောင် စီတို့ဟာ ဝေဠုဝန်ကျောင်းတိုက်ကြီးထဲသို့ ၀င်ရောက်မိတဲ့အခါ တိုင်းမှာပဲ ပရိသတ်အလယ်၌ မြတ်စွာဘုရား တရားဟောတော် မူနေတဲ့ တရားပွဲကြီးတွေနဲ့သာ ကြုံကြိုက်နေတုန်းအခါတွေ ချည်းပဲ ဖြစ်ဖြစ်နေလို့ မင်းကြီးတံဆိပ်ခတ်၍ အမိန့်တော်ချမှတ် လိုက်သော စကားကို ဘုရားသခင်အားမလျှောက်ကြားသေးဘဲ တရားပွဲကြီး၏ပရိသတ်နောက်နားက ရပ်တည်လျက် တရား တော်နာကြားကြစဉ်ပင် အခြံအရံ မင်းချင်းတထောင်တို့နှင့်တ ကွ အမတ်ကြီးပါ အရဟတ္တဖိုလ်သို့ ရောက်ရှိကြလျက် မြတ်စွာ ဘုရားထံ ရဟန်းအဖြစ်ကို ပေးသနားတော်မူရန်တောင်းပန် လျှောက်ထားကြကာ ဧဟိ ဘိက္ခု ရဟန္တာကြီးတွေ ဖြစ်သွားကြ တယ်တဲ့။ အဲဒီလို ရဟန္တာကြီးတွေ ဖြစ်တဲ့အချိန်က စပြီးတော့ လောကီ ရေးရာတို့၌ ဥပေက္ခာထားကြမြဲ ဓမ္မတာအတိုင်း မင်းကြီးစေခိုင်း လိုက်တဲ့ သတင်းစကားတွေကိုလည်းမြတ်စွာဘုရားအားမ လျှောက်ကြားတော့ဘူး၊သုဒ္ဓေါဒန မင်းကြီးထံကိုလည်းဘာ သတင်းစကားမှ မပြန်ကြား မပေးပို့တော့ဘူးတဲ့။ နောက်အထပ်ထပ် စေလွှတ်ပင့်ခိုင်းတဲ့ တထောင်စီ တထောင် စီတွေဟာလည်း သည်နည်းအတိုင်းချည်းပဲ၊ ကဲ..အဲဒါဟာ ရဟန္တာတို့ရဲ့ဖြစ်ရပ် သိမှတ်စရာပဲ ဒကာကြီးတို့ရဲ့၊ဘုရင်မင်း တို့ စေခိုင်းတဲ့ မင်းအမိန့်တွေ ဘာတွေကို မလိုက်နာကြတော့ ဘူး၊ အဲဒါနဲ့ နောက်ဆုံးအကြိမ် စေလွှတ်လိုက်တဲ့ အမတ်ကြီး ကာဠုဒါယီ အလှည့်ကျတော့ အမတ်ကြီးက မင်းကြီးအား သည်လိုဝန်ခံချက်လျှောက်ထားလိုက်တယ်။ " အရှင်မင်းကြီးသည်အကျွန်ုပ်အားရဟန်းပြုခွင့် ပေးသနား တော်မူပါကအရှင်မင်းကြီး၏ သားတော်ဘုရားကိုအရှင်မင်း ကြီး ဖူးမြော်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ပါလိမ့်မည်" ဟု ၀န်ခံချက်တောင်းလို့ ခွင့်ပြုချက်ရမှ ကာဠုဒါယီ အမတ်ကြီး နဲ့ သုဒ္ဓေါဒနမင်းကြီးတို့ ကတိက၀တ်အရ မြတ်စွာဘုရားသခင် အားတိုင်းတော်,ပြည်တော်သို့ကြွရန် ၆၄ ဂါထာတို့ဖြင့် ပင့် လျှောက်၍တိုင်းတော်, ပြည်တော်သို့ ကြွတော်မူတာဖြစ်တယ်။ အဲသည် ၆၄ ဂါထာထဲမှာလည်းခမည်းတော်မင်းကြီးက ပင့်ခိုင်း လို့ ပင့်ရတယ် ဆိုတဲ့ စကားနည်းနည်းလေးမှ မပါဘူး၊ အဲဒါကို သတိထားကြည့်ပါ၊ရာသီဥတု လမ်းပန်းဆက်တာ သာယာတင့် တယ် ရှုချင်ဖွယ်ကောင်းသော သစ်ပင် ပန်းမန်တို့ အကြောင်း တွေနဲ့သာ ဆောင်းနှောင်း နွေဦး ပွင့်ဖူးမွှေးကြိုင်ပုံတွေကို ဖွဲ့နွဲ့ ကာ ကြွချီဖို့ ကောင်းတဲ့အကြောင်းတောင်းပန်လျှောက်ထား သွားတာတွေကိုသာ တွေ့ရတယ်။ အဲဒါ့ကြောင့် ရဟန္တာများဟာ လောကီရေးရာကို မလေ့လာ မလိုက်စားပုထုဇဉ်တို့ လုပ်ကိုင်မှုကြားထဲ သွားလာဝင်စွက်မှု မပြုတော့ဘူးလို့မှတ်ပေတော့၊ ဒါပဲ ကျေနပ်ရဲ့လား။ ဒကာ။ ။သည်အတွက်တော့ အားရနှစ်သက် ကျေနပ်လှပါတယ် ဆရာတော်၊ နောက် တချက်ဆက်လက် မေးမြန်းခွင့်ပြုပါဦးဘုရား။ ဆရာ။ ။အင်း....မေးနိုင်ပါတယ်လေ၊ သိသ လောက်တော့ ဖြေကြားရမှာပေါ့၊ကိုင်း....ဘာမေးမှာလဲ မေး သာမေးပါ။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: