သဟဇာတပစ္စည်းလိုကျင့်ပါ
*****************
လူဆိုတာ
အညမညပစ္စည်းလို မကျင့်ရဘူး။
သဟဇာတပစ္စည်းလို ကျင့်သုံးရမယ်။
အညမညပစ္စည်းက
ကိုယ့်ကိုကျေးဇူးပြုပြီးမှ ပြန် ကျေးဇူးပြုတယ်။
သဟဇာတပစ္စည်းက
ကိုယ့်ကို ကျေးဇူးပြုပြု မပြုပြု ကျေးဇူးပြုတယ်။
ဒါကြောင့် ဦးပဉ္စင်းတို့၊
သူက ကိုယ့်အပေါ်မကောင်းရင်လည်းသည်းခံလိုက်ပါ။
ကိုယ်က သူ့အပေါ်ကောင်းပါစေ။
အမြင်မှန်ရပြီးကိုယ့်အပေါ်ပြန်ကောင်းလာမှာပါ။
(အဘိဓဇမဟာရဋ္ဌဂုရု မိုးကောင်းတိုက် ဒေးဝန်းဆရာတော်ကြီး အရှင်ဇောတိကာဘိဝ သ)
~~~~~~~~~~~~~~ မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏သြဝါဒတော်များပေါင်းချုပ် (နှာ -၁၂၉) မှ ကောက်နုတ်ပူဇော်ပါသည်။
Dhamma Dãna Source : ထေရဝါဒရနံ့ -
No comments:
Post a Comment