၂-အဇ္ဈတ္တဒုက္ခသုတ်
ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ဆင်းရဲသော မျက်စိသည်ကိုယ် “ အတ္တ ” မဟုတ်၊ကိုယ် “ အတ္တ ” မဟုတ်သော မျက်စိကို “ဤမျက်စိ သည် ငါ့ဥစ္စာ မဟုတ် ၊ဤမျက်စိသည် ငါမဟုတ် ၊ ဤမျက်စိသည် ငါ၏ကိုယ် “ အတ္တ ” မဟုတ် ” ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန် သော ပညာဖြင့် ရှုရမည်။ နားသည်ဆင်းရဲ၏ ။ပ။နှာခေါင်းသည် ဆင်းရဲ၏ ။ပ။လျှာသည် ဆင်းရဲ၏ ။ပ။ကိုယ်သည် ဆင်းရဲ၏။ပ။ စိတ်သည်ဆင်းရဲ၏၊ဆင်းရဲသော စိတ်သည်ကိုယ် “ အတ္တ ” မဟုတ်၊ ကိုယ် “ အတ္တ ” မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် “ အတ္တ ” မဟုတ် ” ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
ဤသို့  ရှုသော ။ပ။ဤ (မဂ်ကိစ္စ)အလို့ ငှါ တစ်ပါးသော ပြူဖွယ် မရှိတော့ပြီ ” ဟုသိ၏ဟု (မိန့် တော်မူ၏)။။
၃-အဇ္ဈတ္တာနတ္တသုတ်
ရဟန်းတို့  မျက်စိသည်ကိုယ် “အတ္တ ” မဟုတ်၊ကိုယ် “ အတ္တ ” မဟုတ် သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါမဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် “ အတ္တ ” မဟုတ် ” ဟု ဤသို ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။နားသည်ကိုယ် “ အတ္တ ” မဟုတ် ။ပ။ နှာခေါင်းသည်ကိုယ် “ အတ္တ ” မဟုတ် ။ပ။ လျှာသည်ကိုယ် “ အတ္တ ” မဟုတ်၊ ကိုယ်သည်ကိုယ် “ အတ္တ ” မဟုတ် ။ပ။ စိတ်သည်ကိုယ် “ အတ္တ ” မဟုတ် ၊ ကိုယ် “ အတ္တ ” မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤ စိတ်သည် ငါ မဟုတ်၊ဤစိတ်သည် ငါ၏ကိုယ် “အတ္တ ” မဟုတ် ” ဟု ဤ သို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
ဤသို့ ရှုသော ။ပ။ဤ (မဂ်ကိစ္စ)အလို့ ငှါ တစ်ပါးသော ပြူဖွယ် မရှိတော့ပြီ ” ဟုသိ၏ဟု (မိန့် တော်မူ၏)။
၎-ဗာဟိရာနိစ္စသုတ်
ရဟန်းတို့  အဆင်းတို့ သည် မမြဲကုန်၊မမြဲသော အဆင်းသည် ဆင်းရဲ၏ ၊ ဆင်းရဲသောအဆင်းသည်ကိုယ် “ အတ္တ ”မဟုတ်၊ကိုယ် “ အတ္တ ” မဟုတ် သော အဆင်းကို “ ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် “ အတ္တ ” မဟုတ် ” ဟု ဤသို့ ဟုတ် တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။အသံတို့ သည်။ အနံတို့ သည်။ အရသာတို့ သည်။အတွေ့ အထိတို့ သည်။သဘောတရားတို သည် မမြဲကုန်။ မမြဲကုန်သော သတောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသောသောတရားသည် ကိုယ် “ အတ္တ ” မဟုတ်၊ကိုယ် “ အတ္တ ” မဟုတ်သော သဘောတရားကို “ဤ သဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ဤသဘောတရား သည် ငါ မဟုတ်၊ဤ သဘောတရားသည် ငါ၏ကိုယ် “ အတ္တ ” မဟုတ် ” ဟု ဤသို ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
ရဟန်းတို့  ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်းငြီးငွေ့ ၏၊ အသံတို့ ၌လည်းငြီးငွေ့ ၏၊အနံတို ၌လည်း ငြီးငွေ့ ၏၊အရသာတို့ ၌လည်းငြီးငွေ့ ၏၊အတွေ့ အထိတို ၌လည်းငြီးငွေ့ ၏၊ သဘောတရားတို့ ၌လည်းငြီးငွေ့ ၏ ၊ငြီးငွေ့ သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော်(ကိလေသာမှ)လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ)“လွတ်မြောက်ပြီ”ဟု အသိဥာဏ် ဖြစ်ပေါ်၏၊ “ ပဋိသန္ဓေနေမှုကုန်ပြီ ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြူပြီးပြီ၊ ဤ (မဂ်ကိစ္စ)အလို့ ငှါတစ်ပါးသောပြုဖွယ်မရှိတော့ပြီ” ဟု သိ၏ဟု(မိန့် တော်မူ၏)၊၊
No comments:
Post a Comment