Monday, May 06, 2013

ဒသ၀တ္ထုက သမ္မာဒိ ဋ္ဌိမျိုးဆယ်ပါး

ဒသ၀တ္ထုက သမ္မာဒိ ဋ္ဌိမျိုးဆယ်ပါး


ဆရာ။ ။အင်း…ဒကာကြီးတို့နဲ့ ပိုမိုသက်ဆိုင်တဲ့ လောက ဝေါဟာရ မပစ်ပယ်ကောင်း တဲ့ ဒသ၀တ္ထုက သမ္မာဒိဋ္ဌိခေါ် တဲ့ ဆယ်မျိုးဆယ်ပါးကိုလည်းဘုရားဟောတော်မူထား တာ ရှိ သေးတယ်။ အဲဒါကတော့ လောကသားတို့ သမုတ်ထားတဲ့ မှန်ကန်သော အယူအစွဲ သမ္မုတိသစ္စာတဲ့၊ သူ့ကိုလည်း မှန်ကန်စွာ စွဲယူပြု ကျင့်ရမှာဖြစ်တယ်၊မပယ်ရဘူးနော်၊ ဒါကို ပယ်ရင်တော့ လူ တွေဟာ တိရစ္ဆာန်လောကထဲ ရောက်ကုန်မှာပဲ။ ဒကာ။။ ဆရာတော် တာဝန်မလေးရင်လည်းအဲဒီဒသ၀တ္ထု ကသမ္မာဒိဋ္ဌိသဘောကိုဒကာကြီးတို့ နားလည်အောင်ရှင်းပြ ပါလား ဘုရား။ ဆရာ။ ။အင်း.. ဆရာတော်တို့ အလုပ်တာဝန်က သာသနာ တော် အရေးကိစ္စနဲ့စပ်ပြီး ဖြစ်ပေါ်လာတဲ့ သံသယပြဿနာ ရပ်များကို ကျေနပ်ရှင်းလင်းစွာနဲ့ ခံယူလာနိုင်အောင်ဖြေရှင်း ပေးဖို့သာ ဖြစ်လေတော့ ဒကာကြီးတို့လိုလားသိချင်ရင် နား ထောင်ပါ၊၀န်မလေးပါဘူး၊ဒသ၀တ္ထုက သမ္မာဒိဋ္ဌိမျိုး ဆယ်ပါး ဆိုတာက -


၁။ အတ္ထိ ဒိန္နံ လောကေ။။ လောက၌ အပြစ်မရှိကောင်း သောဝတ္ထုပစ္စည်းကိုပေးလှူခြင်းပြုသူသည် ကောင်းကျိုးချမ်းသာ သုခအမျိုးမျိုးတွေကို မုချရရှိခံစားရလိမ့် မည်ဟု ယုံကြည်စွာပေးလှူသော အယူအစွဲရှိသူတဲ့၊အဲဒါ သမ္မာဒိဋ္ဌိပဲ။ ယင်းအပြစ်ရှိတဲ့အဆိပ်တို့ လက်နက်တို့ နစ္စ ဂီတ၀ါဒိတကပွဲ ဆိုပွဲ တီးမှုတ်ပွဲသဘင် တို့ သတ်စားရန် သားကောင်အရှင်တို့ စတဲ့ အပြစ်ရှိတဲ့ဝတ္ထုပစ္စည်းတို့ကို မပေးလှူကောင်းချေ။ ပေးလှူခြင်းဖြင့်ပေးလှူသူမှာ မကောင်းသော ဆင်းရဲဒုက္ခမျိုး တွေကို မုချရရှိခံစားငရဲလားရမည်လို့ ယုံကြည်သော အယူ ၀ါဒမှန် ရှိသူကတစ်မျိုး၊သူလည်းသမ္မာဒိဋ္ဌိပဲ။ ၂။ အတ္ထိ ယိဋ္ဌံ။။ လောက၌ အကြီးအကျယ် ထမင်းရည်ချောင်း စီး ရက်ပေါင်းများစွာ မဏ္ဍပ်ကြီးတွေ ဆောက်လုပ်ကာ စားဖွယ် လျက်ဖွယ် အ၀တ်အထည် အသုံးအဆောင် ရွှေ၊ ငွေ၊မြ၊ရွဲ၊ ပုလဲ၊ ပတ္တမြား…စသည်တွေ ပေးလှူခြင်းမျိုးပြုလုပ်ပါက အတိုင်းမသိ ကောင်းကျိုးသုခတွေ ရရှိလိမ့်မည်ဟု ယူစွဲခြင်းဟာလည်း သမ္မာဒိဋ္ဌိပဲ။ ဆင်၊မြင်း၊ကျွဲ၊နွား၊သိုး၊ဆိတ်၊ လူ…စသည်တို့ကို ရာပေါင်း များစွာ သတ်ဖြတ်၍ပေးလှူခြင်းမျိုးပြုလုပ်ပါကမကောင်း ကျိုးဆင်းရဲဒုက္ခကိုမုချပေးလိမ့်မည်ဟု ယုံကြည်ခြင်းကို အယူအစွဲမှန်လို့ခေါ်တယ်၊ ယင်းလည်း သမ္မာဒိဋ္ဌိပဲ။ ၃။ အတ္ထိဟုတံ။။ သိုး၊ ဆိတ်၊ ကျွဲ၊နွား၊ဆင်၊မြင်း၊ ခွေး၊ ၀က်၊ ကြက်၊ ငှက်၊ ခို၊စာကလေးကိုယ့်အိမ်မှာ မွေးထားတဲ့ ခွေးကြောင် နှင့် ပုရွက်ဆိတ်…စတဲ့ထိုထိုသတ္တ၀ါမျိုးကို ဘေးမဲ့ ကျွေးမွေးပေး လှူခြင်း အသေးအဖွဲ ကုသိုလ်မျိုးကလည်းကောင်းကျိုးသုခကို မုချပေးနိုင် ရနိုင်သည်ဟု ယုံကြည်ကာ နေ့စဉ် ပေးကျွေးခြင်းမျိုးရှိ သူ၊ သူလည်း သမ္မာဒိဋ္ဌိပဲ။ ၄။ အတ္ထိ သုကတ ဒုက္ကဋနံ ကမ္မာနံ ဖလံ ၀ိပါကော။။ ကောင်းလုပ် ကုသိုလ်ကံသည် ကြီးကျယ်ကောင်းမြတ်သော အကျိုးရင်းသုခနဲ့  ၊ သေးငယ်ကောင်းစားသော အကျိုးဖျားသုခများကို မုချပေးလိမ့်မည်။ မကောင်းလုပ်အကုသိုလ်ကံသည် ကြီးကျယ်ဆိုးဝါးသော ဒုက္ခဆင်းရဲ မကောင်းကျိုးအရင်းနဲ့၊သေးငယ်ဆင်းရဲသော ဒုက္ခအကျိုးဖျားကိုမုချ ပေးလိမ့်မည်ဟု ယုံကြည်ပြုလုပ် ရှောင်ကြဉ်ဖယ်ရှားသော အယူအစွဲ မှန်များရှိသူ၊ယင်းလည်း သမ္မာဒိဋ္ဌိပဲ၊ ကုသိုလ်အလုပ်ကို ကြိုးစားလုပ် ပါ၊ အကုသိုလ်ကို မလုပ်ပါနဲ့တဲ့။ ၅။ အတ္ထိ မာတာ။ ။လောက၌မွေးသမိခင် ကျေးဇူးရှင်ဆိုတာရှိသည်၊ သူ့အားရိုသေလေးစားရမည်၊ ကျွေးမွေး ပေးကမ်းစောင့်ရှောက် ပြုစုရ မည်၊ ဆည်းကပ်ခစားရှိခိုးခြင်းများပြုရမည်၊သူတို့ကွယ်လွန်ေ သာအ ခါ အလောင်းကို ကောင်းစွာဈာပနပြုရမည်၊ မပြုလုပ်ဘဲ မနေရ၊ ထိုသို့ ပြုလုပ်သော သားသမီးများကားမဆင်းရဲ တတ်ပါ၊ ကိုယ်ရောစိတ်ပါ ချမ်းသာ အေးမြခြင်းသုခကို မုချရတတ်သည်၊ယင်းသို့ မပြုလုပ် မရို သေက ဆင်းရဲဒုက္ခ မုချရလိမ့်မည် ဟု မှန်ကန်သော အယူဝါဒရှိသူ၊ ဒါလည်း သမ္မာဒိဋ္ဌိပဲ။ ၆။ အတ္ထိ ပိတာ။ ။မွေးသဖခင် ကျေးဇူးရှင်၌လည်းထို့အတူပင် သား သမီးများက ပြုကျင့်ရမည့် သမ္မာဒိဋ္ဌိပဲ။ ရ။ အတ္ထိ သတ္တာ သြပပါတိကာ။။ လောကထဲ၌ အသက်ဇီဝရှိတဲ့ မြင်ကောင်း သောလူ၊တိရစ္ဆာန်စတဲ့ သတ္တ၀ါတွေ၊ ဥပပါတ် ပဋိသန္ဓေ ခေါ်တဲ့ ဖြုတ်ခနဲ ကိုယ်ထင်ရှားဖြစ်သွားကြသော မမြင်ကောင်းသော နတ် ဗြဟ္မာ ပြိတ္တာ သရဲ စသောသတ္တ၀ါမျိုးတွေ ရှိတယ်ဆိုတာ မှန်ကန် သော သဘောတရားပဲဟု ယုံကြည်ခြင်း အမှန်တရားရှိသူ၏ အယူဝါဒ ဟာလည်းသမ္မာဒိဋ္ဌိပဲ။ ၈။ အတ္ထိ အယံ လောကော။။ယခု မိမိတို့ရရှိခံစားနေရသော ကိုယ် ခန္ဓာနဲ့ ဘ၀ဆိုတာ အမှန်ရှိနေတာပဲဟုစွဲထား ယုံကြည်ခြင်း ၀ါဒဟာ လည်းသမ္မာဒိဋ္ဌိပဲ။ ၉။ အတ္ထိ ပရော လောကော။ ။နောင်ဘ၀ နောက်နောက်ဘ၀ ဆိုတဲ့ ဘ၀တစ်ပါး ဟာလည်း အမှန်ရှိတာပဲ၊ မိမိတို့ကံ အလျောက် အမှန် မုချဖြစ်ရမှာပဲ…ဟု ယုံကြည်ခြင်းဝါဒဟာလည်းသမ္မာဒိဋ္ဌိပဲ။ ၁၀။အတ္ထိ လောကေ သမဏ ဗြဟ္မဏာ။။ဤလောကထဲ၌ မြင့်မြတ် သော အကျင့်တရားရှိသူ၊သိထားစရာကိစ္စဥဿုံကို ကုန်အောင်စုံ အမှန်သိသော သဗ္ဗညုဘုရားရှင် နှင့် ပစ္စေကဗုဒ္ဓါရဟန္တာ ဈာန်အဘိ ညာဉ်ရပုဂ္ဂိုလ်မြတ်တွေ ရှိတော်မူကြတယ်။ ထိုဒိဗ္ဗစက္ခု ဒိဗ္ဗသောတ တန်ခိုးရှင်တို့ကဟောကြားပြောပြသော လူတို့ မျက်စိဖြင့် မမြင်နိုင်တဲ့ နတ်ပြည်၊ ဗြဟ္မာ့ပြည်၊ငရဲပြည်၊ နတ်၊ ဗြဟ္မာ၊ ပြိတ္တာ စသည်တို့ဟာလည်းမုချရှိ သည်ဟု ယုံကြည်ခြင်းမျိုး ကို ခေါ်ဆိုတယ်။ အဲဒါဟာ ဒသ၀တ္ထုကသမ္မာဒိဋ္ဌိ အယူပဲ၊ ဒါပဲ လောကသားတို့ရဲ့ မျက်မှောက်လက်တွေ့ အားဖြင့်လိုက်နာကျင့်သုံးရမည့် မှန်ကန် သော အယူအစွဲ သမ္ဗုတိသစ္စာ သမ္မာဒိဋ္ဌိတရားပဲ။ အဲဒီ အယူအစွဲဆယ်ပါး သမ္မုတိသစ္စာတရားကို မယုံကြည်မလိုက် နာ မကျင့်သုံးရင် အဲ သည်တိုင်းပြည်ရပ်ရွာဌာနဟာ တိရစ္ဆာန်များ နှင့်မခြားဘဲ ပျက်စီးခြင်းရှေးရှုနေပြီ၊ မုချပျက်စီး ဆင်းရဲကြတော့မည် လို့သာ မှတ်ကြပေတော့၊ ကဲ…. ကျေနပ် လောက်ရောပေါ့ ဒကာကြီး တို့ ရာ။ အဲဒါက ဒသ၀တ္ထုက သမ္မာဒိဋ္ဌိ ၀တ္ထု ဒြပ်အားဖြင့် ထင်ထင်ရှားရှား ရှိနေတဲ့ မှန်ကန် သော လောကသားတို့၏အယူအစွဲမျိုးမို့မပယ် မဖျက်ဘဲ လိုက်နာကျင့်သုံးရမှာဖြစ်တဲ့ ၀တ္ထုဆယ်ပါးပဲ၊ ဘာများ ပြောချင်သေးသလဲ။


တော်လှန်စရာကိုတော်လှန်လိုက်ပါ ဒကာ။။ ဒကာကြီးတို့ သင်ကြားနာယူ သိရှိ ကျင့်သုံးလိုက်နာကြရမည့် ဒသ၀တ္ထုက သမ္မာဒိဋ္ဌိမျိုး ဆယ်မျိုးကိုလည်း တော်လှန်သင့်တာကို တော်လှန်ပြီးလိုက်နာကျင့်သုံးရမည်တို့ကိုလည်းယုံကြည်စွာ ခံယူလိုက် နာကျင့်သုံးပါမည်ဆရာတော်၊ အခြားသမ္မာဒိဋ္ဌိမျိုးကွဲများ ကော ရှိပါသေး သလား မိန့်ကြားပါဦးဘုရား။


သမ္မာဒိဋ္ဌိမျိုး၄၀ ပါး ဆရာ။ ။ဟာ….ရှိတာပေါ့ ဒကာကြီးတို့ရာ၊ သမ္မာဒိဋ္ဌိဆိုတဲ့ အဘိဓါန်ပုဒ် ဟာ ဗုဒ္ဓဘာသာတရားထဲမှာ စစ်ဆေးဝေဖန်သလောက် အရာကျယ် တယ်၊ နက်ရှိုင်းပြီး အနှစ်သာရ နဲ့လည်း ပြည့်စုံတယ်လို့ ပြောခဲ့သားပဲ ဟာ၊ သမ္မာဒိဋ္ဌိမျိုး လေးဆယ်ရှိသေးတယ်။ ဒကာ။။ အဲသည် သမ္မာဒိဋ္ဌိမျိုး လေးဆယ်အပြားကို ခွဲခြားပြီး သိပါရ စေလား ဆရာတော်၊ မိန့်ကြားပါဦးဘုရား။ ဆရာ။ ။အင်း… ဒါကတော့ လွယ်ပါတယ်၊ အထက်က ပြောပြခဲ့တဲ့ သမ္မာဒိဋ္ဌိမျိုးငါးပါးကို တည်ပြီးတော့ မဂ္ဂင်ရှစ်ပါးနဲ့ မြှောက်ပွားလိုက် ရင် သမ္မာဒိဋ္ဌိမျိုးလေးဆယ် ဖြစ်သွားတာပေါ့။ နောက်….စတုသစ္စသမ္မာဒိဋ္ဌိမျိုးလေးပါးဆိုတာလည်း ရှိသေးတယ်၊ အဲဒါကတော့ ၀ိပဿနာမျိုးထဲ ပါသွားတဲ့ သစ္စာလေးပါးတရာြး မတ်ပါပဲ။ ကဲ..ဤတွင်၍ ဤသမ္မာဒိဋ္ဌိစစ်တမ်းမေးဖြေခန်းအပြီးအပြတ် လက် စသတ်ကြစို့ ဒကာကြီးတို့။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: