Friday, May 10, 2013

“ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်း"

“ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်း” ••••••••••••••••••••••••••

လူတို့သည် အများအားဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို မြိန်ရေယှက်ရေ ပြောဆိုကဲ့ရဲ့ဖို့ရာ လွယ်ကူသလောက် သူတစ်ပါး၏ကောင်းကွက်ကို ပြောဆိုချီးမွမ်းဖို့ရာကား အင်မတန် ဝန်လေးနေတတ်ကြသည်။ ဤသည်ကားအခြားကြောင့် မဟုတ်။ သူတစ်ပါး၏ကောင်းဂုဏ်ကိုဝန်တိုသော "ဂုဏမစ္ဆရိယ"တစ်နည်း"ဝဏမစ္ဆရိယ" ကြောင့်ပါတည်း။


သို့သော်မိမိကိုယ်ကို လှည့်စားလိုသူတစ်ချို့က ဂုဏမစ္ဆရိယရှိသည်ကို ဝန်မခံဘဲ၊ ငါတို့က သူများကို မြှောက်ပင့်စားတဲ့ကောင် မဟုတ်ဘူးဟူသော စကားဖြင့် ကြံဖန်ဂုဏ်ယူ တတ်ကြပြန်သေးသည်။


ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းကား ဆီနှင့်ရေလို ကွာခြားလွန်းလှသည်။


♦ ချီးမွမ်းခြင်းသည် “မုဒိတာ”ကြောင့် ဖြစ်သည်။ ♦မြှောက်ပင့်ခြင်းသည် “လောဘ”ကြောင့် ဖြစ်သည်။ ♦ ချီးမွမ်းခြင်းသည် “ပရဟိတ”ကို ဦးတည်သည်။ ♦မြှောက်ပင့်ခြင်းသည် “အတ္တဟိတ”ကို ဦးတည်သည်။ ♦ ချီးမွမ်းခြင်းသည် “ပေးဆပ်လိုခြင်း”ကို ဦးတည်သည်။ ♦မြှောက်ပင့်ခြင်းသည် “ရယူလိုခြင်း”ကိုဦးတည်သည်။ ♦ ချီးမွမ်းခြင်းသည် “မှန်ကန်သောသစ္စာစကား” ဖြစ်သည်။ ♦မြှောက်ပင့်ခြင်းသည် “မမှန်ကန်သော မုသားစကား” ဖြစ်သည်။ ရိုးသားစွာချီးမွမ်းခြင်း အလုပ်ကိုကား လုပ်ရပေမည်။


No comments: