Sunday, May 19, 2013

မျက်စိသည် မမြဲ၊ မမြဲသောမျက်စိသည်ဆင်းရဲ၏ ၊

၁-အနိစ္စဝဂ် ၁-အဇ္ဈတ္တာနိစ္စသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်--အခါတစ်ပါး၌ မြတ်စွာဘုရားသည်သာဝတ္ထိပြည်အနာသပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌(သီတင်းသုံး)နေတော်မူ၏။ထိုအခါ မြတ်စွာဘုရား သည် ရဟန်းတို့ ကို “ရဟန်းတို့ ”ဟုခေါ်တော်မူ၏။“ အသျှင်ဘုရား”ဟု ထိုရဟန်းတို့ သည် မြတ်စွာဘုရားအားပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည်ဤစကားကိုမိန့် တော်မူ၏...........


ရဟန်းတို့ မျက်စိသည် မမြဲ၊ မမြဲသောမျက်စိသည်ဆင်းရဲ၏ ၊ ဆင်းရဲသော မျက်စိသည်ကိုယ်“အတ္တ”မဟုတ်၊ကိုယ် “အတ္တ” မဟုတ် သောမျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ဤမျက်စိသည် ငါ၏ကိုယ် “အတ္တ” မဟုတ်”ဟု ဤသို ဟုတ် တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။နားသည် မမြဲ၊ မမြဲသော နားသည်။ပ။နှားခေါင်းသည် မမြဲ၊ မမြဲသော နှာခေါင်းသည်။ပ။ လျှာ သည် မမြဲ၊ မမြဲသော လျှာသည်ဆင်းရဲ၏၊ဆင်းရဲသော လျှာသည် ကိုယ်“အတ္တ”မဟုတ်၊ကိုယ် “အတ္တ”မဟုတ်သော လျှာကိုယ်“ဤလျှာ သည် ငါ့ဥစ္စာမဟုတ် ၊ဤ လျှာသည် ငါမဟုတ်၊“ဤလျှာသည် ငါ၏ကိုယ် “အတ္တ” မဟုတ်”ဟုဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ကိုယ်သည်မမြဲ၊မမြဲသောကိုယ်သည်။ပ။စိတ်သည် မမြဲ၊ မမြဲ သော စိတ်သည်ဆင်းရဲ၏၊ဆင်းရဲသောစိတ်သည်ကိုယ်“အတ္တ” မဟုတ်၊ကိုယ်“အတ္တ”မဟုတ်သော စိတ်ကို “ဤစိတ်သည် ငါ့ဥစွာမဟုတ်၊ ဤစိတ်ငါမဟုတ်၊ဤစိတ်သည်ငါ၏ကိုယ်“အတ္တ”မဟုတ်”ဟု ဤသို့ ဟုတ် တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။


ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာ တစ်ပည့်သည် မျက်စိ၌ လည်းငြီးငွေ့ ၏၊နှားခေါင်း၌ လည်း ငြီးငွေ့ ၏၊ လျှာ၌လည်း ငြီးငွေ့ ၏၊ကိုယ်၌လည်း ငြီးငွေ့ ၏၊စိတ်၌လည်း ငြီးငွေ့ ၏၊ ငြီးငွေ့ သော် စွဲမက်မှုကင်း၏၊စွဲမက်မှု ကင်းသောကြောင့်( ကိလေသာမှ) လွတ်မြှောက်၏၊(ကိလေသာမှ)လွတ်မြောက်သော်( ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဥာဏ်ဖြစ်ပေါ်၏၊“ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့် ကိုကျင့်သုံးပြီးပြီ၊မဂ်ကိစ္စပြုပြင်ပြီးပြီ၊ ဤ(မဂ်ကိစ္စ) အလို့ ငှါ တစ်ပါးသော ပြူ ဖွယ် မရှိတော့ပြီ”ဟုသိ၏ဟု(မိန် တော်မှု၏)။


No comments: