Tuesday, May 21, 2013

သိ၏ -မကျင့် -ခက်

သိ၏ -မကျင့် -ခက်

============


မင်းတုန်းမင်းလက်ထက်က ကျမ်းတတ်ဆရာတော် သံဃာတော်များကို မင်းတုန်းမင်းတရားကြီးက ကျမ်းတစ်စောင်စီ တစ်စောင်စီ ပြုစုဖို့လျှောက်ထားတယ်။ အဲဒီလိုပြုခိုင်းတော့ အခြားဆရာတော် သံဃာတော်များက မင်းတုန်းမင်းကြီးတိုင်းသူပြည်သားတွေ အကျိုးများစေဖို့ ကျမ်းတွေပြုစုကြတယ်။ ဗန်းမော်ဆရာတော်ဘုရားကြီးက သူလည်းကျမ်းစာအုပ်ပြုစုပြီး တင်လိုက်တယ်။ ကျမ်းစာအုပ်တစ်အုပ်လုံးမှာ ဘာတွေပဲရေးထားလည်းဆိုတော့ စာမျက်နှာတိုင်းစာမျက်နှာတိုင်းမှာ " သိ၏-မကျင့် -ခက် " ဒါချည်းပဲရေးထားတယ်။


တို့ကဘာခက်နေလည်းဆိုတော့ သိဖို့ထက် ကျင့်ဖို့က တအားခက်နေတယ်။ တကယ်သိထားတာတွေတောင် အသုံးမချဘဲဖြစ်နေကြတယ်။


မြန်မာပြည်မှာမွေးတဲ့ နေတဲ့သူတွေဟာ အဘိဓမ္မာကို အလိုလိုတတ်ပြီးသားလို့တောင်ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့အဘိဓမ္မာမှာ ဣဿာ၊မစ္စရိယ ၊ဒေါသ၊ မာန စတဲ့ သိပြီးသားအကြောင်းတွေ ဒါတွေပြောထားတာ။ ဒါပေမယ့် အဲဒီ မကောင်းတဲ့တရားတွေကို ကိုယ့်ဆီမှာ လျော့ပါးသွားအောင် ကျင့်ကြံအားထုတ်ဖို့ လုပ်ဖြစ်ဖို့တော ခက်နေတတ်ကြတယ်။


( ဆရာတော် ဦးဝါယာမသာရ၏အသုံးချ အဘိဓမ္မာ တရားတော်မှ ကောက်နှုတ်တင်ပြသည်။)


No comments: