Wednesday, May 08, 2013

ဘုန်းကြီးအတုရှိသော်လည်း၊ သံဃာဆိုလျှင် အစစ်သာရှိ ။ ”

ဘုန်းကြီးအတုရှိသော်လည်း၊ သံဃာဆိုလျှင် အစစ်သာရှိ ။ ” •••••••••••••••••••••••••••••• ••••••••••••••••••••


Ali Johar မေးလျှောက်ထားမူ -“ ဘုန်းဘုန်းကို ဒီကော်မန်ထဲကနေ စကားတခွန်းလောက် ပြောချင် ပါတယ်။တချို့ဘုန်းကြီးတွေ့က သံဃာတု သံဃာယောင်တွေ မြန်မာပြည်မှာ များလားတဲ့ အတွက် ဘုန်းဘုန်းအ နေနဲ့ တ်က်စွမ်းသလောက်ကူညီဖြေရှင်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။”


YBA ဖြေကြားချက်။။


“ မူဆလင်ဘာသာဝင်တစ်ဦးဖြစ်သူ Ali Joharရဲ့မေးမြန်း လျှောက်ထားမှုတွင် ဘုန်းကြီးတု(ဘုန်းကြီးယောင်)ဟု သုံးနှုန်းလိုလင့်ကစား “သံဃာတု၊ သံဃာယောင်”ဟု သုံနှုန်း မိသွားသည်ဟု သုံးသပ်ရပါသည်။


အသုံးအနှုန်းတွင်-“သံယာတု၊ သံဃာယောင် ”ဆိုတာကို မိမိတို့လက်မခံနိုင်ပါဘူး။ဘုန်းကြီးတု၊ဘုန်းကြီးယောင်ဆိုတာ ရှိနိုင်ပေမယ့် မြတ်ဗုဒ္ဓရဲ့သားတော်မြတ်ဖြစ်တဲ့ - သံဃာတော် တွေကတော့ အစစ်အမှန်တွေပဲရှိပါတယ်။


“ သံဃာကို ဘုန်းကြီးကွယ်တတ်တဲ့ ” ဆိုတဲ့စကားရှိပါတယ်။ ဘုန်းကြီးတု၊ဘုန်းကြီးယောင်တွေကြောင့် သံဃာတော်တွေ အပေါ်အပြစ်မြင်လို့မရပါဘူး။ဘုန်းကြီးတွေအပြူအမူမမှန်တာ ကြောင့် သံဃာတော်တွေကို သွားစွပ်စွဲလို့မရပါဘူး။စွပ်စွဲလည်း မစွပ်စွဲကောင်းပါဘူး။


သံဃာစစ်၊ သံဃာမှန်တွေဟာ --မြတ်ဗုဒ္ဓပညတ်တော်မူတဲ့ဝိနည်းစည်းကမ်းတွေကို တသွေ မတိမ်းလိုက်နာကျင့်သုံးတတ်ကြပါတယ်။ - မိမိနှင့်လောကသတ္တ၀ါအများကိုယ်စိတ်နှစ်ပါးအကျိုးငှာ တကယ့်ချမ်းသာအစစ်ကိုရရှိစေရန် ရှေ့ရှုပြုဆောင်နေထိုင် တတ်ကြပါတယ်။ - မကောင်းမှုအားလုံးတို့ကို ကင်းဆိတ်သန့်ရှင်းအောင် ပယ်ရှားတွေးကြံ၊နေထိုင်၊ပြုမူတတ် ကြပါတယ်။ -ကောင်းမှုအားလုံးတို့ကို ပြည့်စုံအောင်နှလုံးသွင်းနေထိုင်၊ ပြုမူပြောဆိုတတ်ကြပါတယ်။ - စိတ်နှလုံးဟာ ဖြူစင်မှု၊တည်ကြည်မှု၊ဥာဏ်အမြော်အမြင် ပြည့်စုံမှုတို့ကြောင့် သန့်ရှင်းကြည်လင်နေတတ်ကြပါတယ်။ - မိမိတို့အပေါ်အသက်၊အန္တာရာယ်ကျရောက်လာလျှင်လည်း တရားနည်းလမ်းအားလျော်စွာ၊ တရားသောနည်းဖြင့် ကာကွယ်စောင့်ရှောက်တတ်ကြပါတယ်။( မင်း၊အစိုးရ တို့၏ တရားမျှတသောအစောင့်အရှောက်ကို ခံယူလေ့ရှိကြ ပါတယ်။) - တရားသောနည်းအားလျော်စွာ ဘာသာတရားအဆုံးအမ ပြန့်ပွားမှုကိုလုပ်ဆောင်တတ်ကြပါတယ်။ -မြတ်ဗုဒ္ဓဟောကြားတဲ့ ၀ိနည်းစည်းကမ်းဖြင့်လျော်ညီစွာ နေထိုင်ကြသည့်အပြင်၊ လောကငြိမ်းချမ်းမှု၊ တရားမျှတမှု၊ ညီညွှတ်သင့်မြတ်မှု၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတို့ကို လက်ကိုင်ထားတတ်ကြပါတယ်။ ( ဗုဒ္ဓသားတော် သံဃာတော်တွေကြောင့် စစ်မက်ဖြစ်ပွားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊အမုန်းအာဃာတရားကြီးထွားခြင်းလုံးဝ မရှိခဲ့ပါဘူး။)


သင်္ကန်းဝတ်ထားပေမယ့် သံဃမဟုတ်တဲ့ ဘုန်းကြီးတွေ လည်းရှိပါတယ်။ ဥပမာ -- မိမိအသက်အန္တရာယ်မှ ကင်းဝေးသက်သာရာရစေရန် အတွက် သင်္ကန်းအရေခြုံများ၊ (ဆဒ္ဒန်ဆင်မင်းဘ၀တွင် ကြုံခဲ့ရသော သောနုတ္ထရမုဆိုးလိုသင်္ကန်းအရေခြုံများ) - စားဝေနေရေးမချောင်လည်မှုကြောင့်အဆင်ပြေသက်သာ မှုကိုရှေ့ရှုပြီးသင်္ကန်းအရေခြုံများ၊ - အသက်အရွယ်အိုမင်းမစွမ်းမှုကြောင့်အထောက်အပံ့ရ စေခြင်းငှာ ဓမ္မကိုမကျင့်သုံးပဲ သာသန၀န်ခို သင်္ကန်း အရေခြုံများ၊ - အနာရောဂါကုသဖို့အတွက် သံဃာတော်တွေအတွက် အခမဲ့ဖြစ်စေ၊ အထူးကုသမှုဖြစ်စေပြုစုကုသပေးသည့် ဆေးခန်း၊ဆေးရုံများတွင် ကုသခံယူနိုင်ရန် သံဃာယောင်ဆောင် သင်္ကန်းအရေခြုံသူများ၊( မြတ်ဗုဒ္ဓနှင့်သံဃာတော်များအတွက် အထူးပြုစုကုသပေးသည့် သမားတော်ဇီဝကထံ ဆေးဝါးကုသမှု ခံယူလို၍သင်္ကန်းအရေခြုံသူများ )။ - နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် သာသန၀န်ဆောင် ရဟန်းသံဃာယောင်ဆောင်ပြီးဘုန်းကြီးထုအတွင်းဝင်ကာ စည်းရုံးခြင်း၊အလံရှူးလုပ်ခြင်းအတွက် သင်္ကန်းအရေခြုံ ထားသူများ၊ (၁၉၈၈၊ ၂၀၀၇ ခုနှစ် မြန်မာပြည်အရေး ခင်းများတွင် အဆိုပါကိစ္စများရှိသည် ) - လူမှုရေးပြဿနာများ၊ အမူအခင်းများမှ သက်သာရာရ စေရန် သာသနာဘောင်ဝင်ပြီးသင်္ကန်းအရေခြုံသူများ၊ - အခွန်အခများမှ သက်သာစေရန် သာသနာဘောင်ဝင်ပြီး သင်္ကန်အရေခြုံများ၊ - အစေခံ၊ ကျွန်ဘ၀မှသက်သာစေရန် သာသနဘောင်ဝင်ပြီး သင်္ကန်းအရေခြုံသူများ၊ - အခြားဘာသာတရားတွေ၊လူမျိုးတွေကို ထိုးနှက်တိုက်ခိုက်ဖို့ဖြစ်စေ၊ ဆိုင်ရာဘာသာတရားကိုညှိုးနွမ်းစေဖို့ဖြစ်စေ -အဓမ္မတရားတွေ၊ လောကငြိမ်းချမ်းမှုကို သွေဖယ်စေတဲ့စကားတွေ၊ အစွန်းရောက် လမ်းစဉ်ကိုရှေ့ရှေ့စေတဲ့စကားတွေ၊ဗြဟ္မာဝိဟာရတရားမှ ကင်းဆိတ် တဲ့စကားတွေ၊ ရဟန်းနဲ့မလျော်ညီတဲ့အကျင့်မျာြး ပုမူပြောဆိုနေသော၊ ၀ါဒမှိုင်းတိုက်ပေးသော သင်္ကန်းအရေခြုံသူများ၊အစရှိသဖြင့် သံဃာအစစ်တို့ရဲ့မြင့်မြတ်သောအရောင်အ၀ါ၊ ဂုဏ်သိက္ခာကို မှီခို၊ တုပပြီးနေတတ်တဲ့ဘုန်းကြီးအတု၊အယောင်တွေလည်းရှိ တတ်ကြပါတယ်။


- အရိယာအနွှယ်ဝင်သံဃာစစ်တွေဟာ မတရားတာ၊မမှန်တာ၊ မသင့်မြတ်စေတာ၊ အမုန်းတရား၊အာဃာတတရားကြီးထွားစေ မှုမျိုးကို မည်သည့်အကြောင်းကြောင့်မျှမပြောဆို၊မလုပ်ကိုင်၊ မတွေးကြံကြပါဘူး။တစ်ပါးသူတို့အားပုတ်ခတ်စော်ကားခြင်းမျိုး အလျင်းမပြုပါ။မပြောပါ။ မတွေးပါ။ဘုန်းကြီးတု၊ ဘုန်းကြီးယောင် တွေကြောင့်တော့ -သံဃာတု၊ သံဃာယောင်ဆိုတဲ့ အသုံးအနှုန်းကို မသုံနှုန်းဖို့ အသိပေးလိုပါတယ်...။


ဘာသာတရားအားလုံး၊ဘာသာအယူမတူသူအားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြဖို့ရာမှာ...ဘာသာ တူချင်းပဲဖြစ်ဖြစ်၊ ဘာသာမတူခြင်းပဲဖြစ်ဖြစ်..မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ ဥပေက္ခာတရားတို့ ထွန်းကားဖို့၊ လိုက်နာကျင့်သုံးဖို့လိုပါတယ်..။အဲဒီတရားလေးပါးဟာ ဗုဒ္ဓဟောကြားလို့ဗုဒ္ဓဘာသာတရားလို့မြင်နိုင်ပေမယ့်၊ လောကသားအားလုံးအတွက် ( ဗုဒ္ဓဘာသာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ)လိုက်နာကျင့်သုံးရမည့်တရား သာဖြစ်ပါတယ်။”


_/|\_တပည့်တော်တို့၏ဖြေကြားချက်အားအလိုမကျ၊ မနှစ်သက်မှုများ ရှိလျှင် အပြုသဘောဆောင်စွာ ဝေဖန်ထောက်ပြအကြံပြုနိုင် ပါတယ် ရဟန်းရှင်လူ၊ ဓမ္မမိတ်ဆွေအပေါင်းတို့ခင်းဗျား။ _/|\_


- ဗုဒ္ဓဘာသာလူငယ်များအသင်း(မြန်မာပြည် ) https://www.facebook.com/youngbuddhistassociation.mm


No comments: