Wednesday, May 08, 2013

"...စေတနာနှင့် ကံ ..."

"...စေတနာနှင့် ကံ ..."


-.-.-.-.-.-.-.-.-.-.-.-.-.-.-


“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊ စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ” (ဂေါတမမြတ်စွာဘုရား)


“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။ အလုပ်ဟူသည်မှာလည်း စေတနာကို ဆိုခြင်းဖြစ်၏။


စေတနာပါသည့် အလုပ်သည် ကံမြောက်ပြီးစေတနာမပါသည့် အလုပ်သည် ကံမမြောက်ပေ။ ကံမြောက်လျှင် အကျိုးသက်ရောက်မှုလည်းရှိမည်ဖြစ်ပြီးကံမမြောက်လျှင်ကား အကျိုးသက်ရောက်မှုလည်းရှိလာမည် မဟုတ်ပေ။


ထို့ကြောင့် ကောင်းသည့်အလုပ်ဖြစ်စေ၊ မကောင်းသည့် အလုပ်ဖြစ်စေ စေတနာပါပါဖြင့် လုပ်သည့်အလုပ်သည်သာ ကောင်းကံ၊ မကောင်းကံများ ဖြစ်တတ်သဖြင့် အလုပ်လုပ်သည့်အခါစေတနာကို အလေးထားကြရန် တိုက်တွန်းကြခြင်းဖြစ်ပါ၏။


အထူးသဖြင့် မကောင်းသည့် အလုပ်များတွင် စေတနာ မပါမိကြစေဘဲ ကောင်းသည့်အလုပ်များတွင်ကား စေတနာထား လုပ်ကြရန် အသိစကားပါးကြခြင်းဖြစ်ပါ၏။


စင်စစ် သတ္တ၀ါမှန်သမျှသည်ဘဝနေရေးများအတွက် လှုပ်ရှားနေကြရ၏။လှုပ်ရှားနေခြင်းသည် အလုပ်လုပ်နေခြင်းလည်း ဖြစ်၏။အလုပ်လုပ်သည့်အခါကိုယ်ဖြင့်လည်း လုပ်တတ်ကြ၏။နှုတ်ဖြင့်လည်းလုပ်တတ်ကြ၏။ စိတ်ဖြင့်လည်း လုပ်တတ်ကြ၏။


မည်သည့်အမူအရာ မည်သည့်အသွင်ဖြင့်ပြုလုပ်သည်ဖြစ်ပါစေ ထိုလုပ်သည့်အလုပ်များတွင် စေတနာက ခြယ်လှယ်ပေးထားတ တ်၏။ထိုစေတနာသည် အလုပ်လုပ်သူများအားအမြဲခြယ်လှယ် နေတတ်သဖြင့် ကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင် လည်းစေတနာက ထောက်ပံ့ပေးနေပြီးမကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်းစေတနာက အားပြုပေးနေပေ၏။


ထို့ကြောင့် တစ်ခါတရံ ကောင်းသည့်အလုပ်လုပ်နေသော်လည်း မကောင်းသည့်စေတနာကလွှမ်းမိုးထားသဖြင့် လုပ်ရပ်မှန်သော် လည်းအကျိုးပေးမမှန်ဘဲ ဖြစ်တတ်သကဲ့သို့ မကောင်းသည့် အလုပ်လုပ်နေသော်လည်းကောင်းသည့်စေတနာက လွှမ်းမိုးထားသည့်အခါ လုပ်ရပ်မှားသော်လည်း အကျိုးပေးမမှားဘဲ ဖြစ်နေတတ်၏။


အရင်းစစ်သော် ပြုလုပ်သူ၏စေတနာကြောင့်သာ အကျိုးသက်ရောက်မှုကွဲပြားကြခြင်းဖြစ်ပေ၏။ —


No comments: