Monday, May 06, 2013

မဟာသမယ တသုတ်လုံးဟာ နတ် ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာနှုတ်ဆက်ရုံမျှနဲ့ တရားထူးရနိုင်ပါမည်လား

မဟာသမယ တသုတ်လုံးဟာ နတ် ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာနှုတ်ဆက်ရုံမျှနဲ့ တရားထူးရနိုင်ပါမည်လား

ဒကာ။ ။မြတ်စွာဘုရားဟောကြား တော်မူတဲ့ မဟာသမယ တသုတ်လုံးမှာ နတ် အသေးအမွှားကလေး အမည်က စပြီးတော့ တန်ခိုးအကြီးမားဆုံး ဟာရိတဗြဟ္မာ မင်းကြီး စသည်တို့အထိ အမည်တွေ ထုတ်ဖော် ထုတ်ဖော် ပြီး ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်သတော်မူသွားသည်သာ ပါရှိ တာတွေ့ရပါသည်။ ယင်းသို့ ခန္ဓာ,အာယတန, ဓာတ်သား,ပရမတ္ထတရား မပါဘဲလျက်နဲ့ ဒေသနာတော်၏အဆုံးနိဂုံးချုပ်လတ်သော် နတ်ဗြဟ္မာပေါင်းကုဋေတသိန်းအထိ အရဟတ္တဖိုလ် ရရှိသွား ကြသည်၊သောတာပန်စသည်တို့အရေအတွက်ကားအပမာ ဏ အပိုင်းအခြားမရှိအောင်ပင် များပြားလှပေ၏ဟု ပြောဟော နေကြတာ အမှန်ပဲလား ဆရာတော်။ ဆရာ။ ။အင်း....ဒီသုတ္တန်တရားနဲ့စပ်ပြီးအမေးစကား တွေ တော်တော်များများပဲ ရှင်, ရဟန်းငယ်နဲ့ လူများထံက ရောက် ရောက်လာတယ်၊ဒါကတော့ အဆန်းမဟုတ်ပါဘူး၊ မေးခွန်းထုတ် စရာ ဖြစ်နေတာပဲကို။ သာသနာ့ထိပ်ခေါင်တင် ကျေးဇူးတော်ရှင်ဆရာတော်ဦးဗုဓ်တို့ လက်ထက်ကလည်း ဒီပုစ္ဆာမျိုးတွေ ပေါ်ခဲ့ဖူးတယ်၊ ဒါ့ကြောင့် ဆရာ တော်ဦးဗုဓ်ရဲ့ ရှင်းလင်းဖြေကြားချက်ကိုပဲ ထပ်မံ ဖြေကြားပေးပါ့မယ်၊ ဒီနေရာမှာ အထူးမှတ်သားဖို့ကတော့ ဆရာတော် ဦးဗုဓ်အလိုတော် အားဖြင့်နတ်ဗြဟ္မာတို့၏အမည်နာမတွေကို ၀မ်းသာဖွယ်ရာ စုံလင် စွာ ခေါ်ဝေါ်နှုတ်ဆက်ပြီးဆုံးသောအခါ သစ္စာတရားနဲ့ နိဂုံးချုပ်ဟော ကြားတော်မူတယ်လို့ဆိုလိုရိပ်ရှိတယ်။ ထိုစကားဟာမှန်ပါတယ်၊ ဆရာတော်ဦးဗုဓ်ကိုယ်တိုင် ရေးပြုတော်မူ သွားတဲ့ မဟာသမယသုတ်တော်၏နိဿယအမွှမ်း၌-နာမက္ခာနေန ယဇ္ဇေ၀ံ၊ ဓမ္မာဘိသမယော ကထံ။ ကလ္လာဒိံ သစ္စ ဒီပေန၊ နေသံ ပိ တာဒိတော့ ပိဝါ။ ဟုရေးသား ဖော်ပြထားချက်များကို အထောက်သာဓကပြု၍" ကလ္လာဒိံ သစ္စဒီပေန" ဟူသော တတိယပဒအရ၊ သစ္စာတရား ဟောကြားခြင်းမှာ ရှင်းလင်းနေပါသည်၊ဆရာတော်ကြီး၏ဆိုလိုရင်းကတော့ နတ်ဗြဟ္မာတို့သည် မိမိတို့ အမည်နာမတို့ကို ခေါ်ဝေါ်နှုတ်ဆက်သံကြား ရသဖြင့်။ကလ္လစိတ္တ-ခံ့ညားသောစိတ်။မုဒုစိတ္တ-နူးညံ့သောစိတ်။ဝိနီ ၀ရဏစိတ္တ-နီဝရဏကင်းသောစိတ်။ဥဒဂ္ဂစိတ္တ-တက်ကြွသောစိတ်။ ပသန္နစိတ္တ-ကြည်လင်အေးမြသောစိတ်ထားရှိကြပုံကို သိတော်မူသော မြတ်စွာဘုရားသခင်က"သာမုက္ကံသိကဒေသနာ" တရားပေါင်းတို့ထက် ထူးမြတ်လွန်ကဲသော"စတုသစ္စဓမ္မ" သစ္စာလေးပါးတရာတော်ကို ဟော ကြားသောအခါ အရိယာတွေ ဖြစ်သွားကြသည် တဲ့။ ကဲ...အဲဒါဟာ သာသနာ့ထိပ်ခေါင်တင် ကျေးဇူးရှင် ဆရာတော် ဦးဗုဓ်၏ ရှင်းလင်းဖြေကြားချက်ပါပဲ၊သဘောကျ ကျေနပ်ကြရဲ့လား၊ တခြားဆရာတွေထံမှာလည်း သွားရောက် မေးမြန်း စုံစမ်းကြဦးလေ။ ဒကာ။ ။သည်လို သာသနာ့ထိပ်ခေါင်တင် ကျေးဇူးရှင် ဆရာတော်ဦးဗုဓ်ရဲ့အဆုံးအဖြတ်များကိုကြားနာမှတ်သားရလို့ ကျေနပ် လှပါတယ် ဆရာတော်။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: