ဒေါသထွက်နေတဲ့လူဟာ အတွေးအခေါ်မမှန်ကန်နိုင်ပါဘူး။
ဒေါသအရှိန်ကြောင့်၊အပြောနဲ့ အလုပ်တွေ မှားတတ်ပါတယ်။
ပုထုဇဉ်မှန်သမျှဒေါသရှိသူတွေချည်းဖြစ်ပါတယ်။
ဒါပေမယ့် အမျက်ဒေါသာကို ၀ုန်းခနဲ့ မထွက်စေဘဲ အောင့်ထားနိုင်လျှင် အမှားနည်းပြီးအနိုင်ရတတ်ပါတယ်။
ကိုယ့်အမှား ကိုယ်မမြင်ဘဲ ၊ ဒေါသပြင်းပြင်းနဲ့ပြောနေ လုပ်နေသူတွေအတွက်သူ့ဒေါသနဲ့သူ့အမှားကပဲ သူ့ကို တွန်းချ ပျက်စီးစေပါလိမ့်မယ်။
ဒေါသမှာ ချမ်းသာမရှိပါ။
မေတ္တာမှာ ချမ်းသာရှိပါတယ်။
ချမ်းသာကိုအလိုရှိလျှင်၊ ဒေါသနှင့် မရင်းနှီးပဲ မေတ္တာနှင့်သာ ရင်းနှီးရပါတယ်။
(သက်တော်ရှည် ၊မုဒွန်း ဆရာတော် ဘုရားကြီး)
No comments:
Post a Comment