Sunday, May 12, 2013

ရှင်ရာဟုလာ၏ဘ၀နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ (ဆရာတော်နန္ဒမာလာဘိဝံရေး) မြတ်ဘုရား၏အဆုံးအမလေးပါ

ှရှင်ရာဟုလာ၏ဘ၀နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ (ဆရာတော်နန္ဒမာလာဘိဝံရေး) မြတ်ဘုရား၏အဆုံးအမလေးပါ ************************

ဘုရားရှင် ။ ။ရာဟုလာ...မှန်ဆိုတာ ဘာလုပ်ဖို့တုန်း။


ရာဟုလာ။ ။မှန်ဆိုတာ ကိုယ့်မျက်နှာကိုစစ်ဆေးဖို့၊ ကိုယ့်မျက်နှာကိုကြည့်ပြီး သုံးသပ်ဆင်ခြင်ဖို့ပါဘုရား။


ဘုရားရှင်။ ။အေး...ရာဟုလာ အဲဒီအတိုင်းပဲ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ရမယ်၊ အမှတ်တမဲ့ ဘာမှမလုပ်နဲ့၊အမှတ်တမဲ့ ဘာမှမပြောနဲ့၊ အမှတ်တမဲ့ ဘာမှ မတွေးနဲ့။


ရာဟုလာ။ ။တစ်စုံတစ်ခုကိုတွေးပြီးဆိုရင် ဆင်ခြင်သုံသပ်ပါ ၊ တွေးပြီးတဲ့နောက်မှာ မပြောခင် သုံးသပ်ကြည့်လိုက် ဦး၊"ငါ ဒါတွေတွေးပြီး၊ငါတွေးတဲ့ အတွေးဟာ ငါ့အတွက် ထိခိုက်သလား၊ သူများကို ထိခိုက်သလား၊နှစ်ဦးလုံးကို ထိုခိုက်သလား၊ သို့မဟုတ် အပြစ်မကင်းတဲ့ အကုသိုလ်၊ဒုက္ခကို ဖြစ်စေတတ်တဲ့ အရာလား" ဆိုတာကို စဉ်းစားဆင်ခြင် သုံးသပ်ပါ။


ငါတွေးတဲ့အတွေးဟာ ငါ့အတွက်အကျိုးမဲ့မယ့်ဟာလား၊ သူများအတွက် အကျိးမဲ့မယ့်ဟာလား၊ အကုသိုလ်ဖြစ်မယ် ဟာလား။အကုသိုလ်ဖြစ်မယ့်အတွေးမျိုးဆိုရင ဆက်မတွေးပါနဲ့ရပ်လိုက်၊ကိုသိုလ်ဖြစ်မယ် အတွေးဆိုရင်တော့ဆက်တွေးပေါ့။


အပြောကျတော့လည်းဒီအတိုင်းပဲ " ငါပြောတဲ့ အပြောဟာ အကုသိုလ်ဖြစ်မယ့်အပြောလား၊ ကိုသလိုလ်ဖြစ်မယ အပြောလား" လို့ မပြောခင်၊ပြောတော့မယ်ဆိုရင် ဆင်ခြင်သုံးသပ်ပါ။ အကုသိုလ်ဖြစ်မယ့်အပြောမျိုးဆိုရင် မပြောပါနဲ့၊ ပြောနေလက်စဆိုရင်လည်းဆက်မပြောပါနဲ့ ရပ်ပစ်လိုက်ပါ၊ ပြောပြီးသွားပြီးဆိုရင်တော့ ကိုယ်လေးစားရတဲ့ ပုဂ္ဂိုလ်ထဲကတစ်ဦးဦးထံသွား၊တပည့်တော် ဒီလို ပြောမှားမိပါတယ်၊နောင် ဒါမျိုး မပြောမိအောင် ဂရုစိုက်ပါမယ်လို့ ၀န်ချလိုက်ပါ။ကိုသိုလ်ဖြစ်မယ့်အပြောဆိုရင်တော့ ပြောပါ။


လုပ်တဲ့အခါလဲ ဒီအတိုင်းပဲ မလုပ်ခင်၊ လုပ်ဆဲ ၊လုပ်ပြီး သုံးခုစလုံးမှာ သုံးသပ်ဆင်ခြင်ပါ။ ငါလုပ်လုပ်တဲ့ အလုပ်ဟာ အကုသိုလ်ဖြစ်မယ့်အလုပ်လား။ကုသိုလ်ဖြစ်မယ့်အလုပ်လား။ အကုသိုလ်ဖြစ်မယ့်အလုပ်ဆိုရင် မလုပ်ပါနဲ့၊ လုပ်ဆဲဆိုရင် ရပ်ပစ်လိုက်၊ ဆက်မလုပ်နဲ့တော့၊လုပ်ပြီးသွားရင် နောင်ဒါမျိုးမဖြစ်အောင် ကိုယ်လေးစားရတဲ့ပုဂ္ဂိုလ်ဆီမှာ ၀န်ချတောင်းပန်ပြီး ၀န်ခံကတိပေးလိုက်ပါတဲ့။


အတိုချုပ်ကတော့...မှန်ကြည့်တဲ့သူဟာ မှန်မှာကြည့်ပြီး ကိုယ့်မျက်နှာမှာရှိတဲ့ အပြစ်ကို ပြင်ဆင်သလိုပဲ၊ ကိုယ့်ရဲ့ ကိုယ်မှု နှုတ်မှု စိတ်မှုဆိုတဲ့ ကံသုံးခုကို မပြုလုပ်ခင်၊ ပြုလုပ်ဆဲ၊ပြုလုပ်ပြီး အချက်သုံးခုမှာ အပြစ်ကင်း၊မကင်းကို ဆင်ခြင်သုံးသပ်ပါ။ အပြစ်မကင်းတဲ့ ကံမျိုးဆိုရင် မလုပ်ပါနဲ့လို့ ဆိုဆုံးမခြင်းဖြ စ်ပါတယ်..........


ဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ.... မေတ္တာဖြင့်....Ashin Eindacara...


No comments: