Monday, May 06, 2013

ဒုက္ကရစရိယာကျင့်မှ ဘုရား ဖြစ်ရသလား

ဒုက္ကရစရိယာကျင့်မှ ဘုရား ဖြစ်ရသလား


ဒကာ။ ။ဒုက္ကရစရိယာ အကျင့်ဟာ ပဓာနအလုပ် မိစ္ဆာဒိဋ္ဌိ အကျင့်မဟုတ်ဘူးဆိုရင် ဒုက္ကရစရိယာ အကျင့်ကို ကျင့်မှပဲ ဘုရားဖြစ်ရတော့မှာလား၊ ယင်းကို မကျင့်ရင် ဘုရား မဖြစ်ရတော့ဘူးလားဆရာတော်၊ ရှင်းပြပါဦး။ ဆရာ။ ။အင်း…ဘုရားဖြစ်နိုင်ခွင့်ကတော့ ဒုက္ကရစရိ ယာနဲ့ နည်းနည်းပါးပါးလောက်ပဲ ဆိုင်တယ်လို့ ဆိုရမှာပဲ၊ပါရမီ ဆယ်ပါးအပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါးစရိယတရားတို့ ပြည့် ၀ရင့်ကျက်မှုရှိမှသာ ဘုရားဖြစ်နိုင်တာပါ၊ (လိုရင်းကတော့ မဇ္ဈိမ ပဋိပတ်ပါပဲ။) ဒကာ။ ။ဒုက္ကရစရိယာနဲ့ နည်းနည်းပါးပါးသာ ဆိုင်ရင် အလောင်းတော်မြတ်ဟာ ဘာကြောင့် ပင်ပန်းဆင်းရဲခံကာ ဒုက္ကရ စရိယာကို ကျင့်တော်မူပါသလဲ ဆရာတော်။ ဆရာ။ ။ဒါကတော့ အကြောင်းအမျိုးမျိုးရှိတယ်၊ သဗ္ဗညုဘုရားအဖြစ်ကိုရယူရေး၌ မိမိ၏ ထက်သန်ကြီးထွားေ သာ ၀ီရိယအားတော်ဟာ သာမန်လူသားတို့နှင့် မတူမတန်ပုံများကို ကမ္ဘာသူ ကမ္ဘာသားတို့ ထင်ထင်ရှားရှားသိထားနိုင်ကြစေရန် အကြောင်းလည်းပါတယ်။ ပါရမီဆယ်ပါးတို့တွင် အလောင်းတော်မြတ်၏သူမတူ တမူစံ ထားထိုက်တဲ့ ၀ီရိယ ပါရမီတော်မြတ်၏ ကျေးဇူးဂုဏ်ရှိန်သည် နောင်တချိန် ဘုရားအဖြစ် ရတော်မူပြီးသောအခါ ပြန်ပြောင်း ဆင်ခြင်စဉ်းစားတော်မူလတ်သော် ကိုယ်တော်မြတ်၏စိတ် အစဉ်ကို ကြည်ရွှင်ဝမ်းမြောက်စေလိမ့်မည်ဟု ဆင်ခြင်တော် မူမိသော အကြောင်းကြောင်းစသည်တို့ကြောင့်လည်းဒုက္ကရ စရိယာကို ပင်ပန်းစွာ ကျင့်တော်မူရကြောင်းနဲ့ အဋ္ဌကထာ ကျမ်းဆရာတို့က ဥပမာ အမျိုးမျိုးထုတ်ပြကာ ဖြေဆိုတော် မူထားကြတဲ့ ခိုင်လုံမှုများတွေလည်းများစွာပဲ ရှိပါတယ်။ ဒကာ။ ။ဒကာကြီးတို့ စိတ်ဓာတ်ကျေနပ်မှုရအောင် အဋ္ဌကထာဆရာရဲ့ဥပမာများထဲက နည်းနည်းလောက် ထုတ်ပြပါလား ဆရာတော်။ ဆရာ။ ။အင်း…အဋ္ဌကထာဆရာပြတဲ့ ဥပမာများ ကတော့….၊ မည်သူနဲ့မှ စစ်မတိုက်ရဘဲ ထုံးထမ်းစဉ်လာ အရတိုင်းပြည်ကြီး စည်ထီးနဲ့တကွ အုပ်ချုပ်ကာ ဘုရင် မင်းကြီးလုပ်နေရပေမယ့် အဲဒီဘုရင်မင်းဟာရန်သူပုန် စစ်သည်တို့ကို တိုက်ခိုက်နှိမ်နင်း အောင်မြင်အောင် ပြု လုပ်ရတဲ့ ၀ီရိယ လုံ့လ ဘာမျှမရှိတဲ့အတွက် သူ့ဘ၀တာ ကို ပြန်တွေးကြည့်လိုက်ရင် ပေါ့ပျက်ပျက်, ဟာတာတာ ဘာမျှ အရသာမရှိ အချောင်ရလမ်းမို့ဝမ်းမမြောက်နိုင် သလိုတဲ့။ စစ်သည်ဗိုလ်ပါ စုရုံးလျက် မိမိကိုယ်တိုင် ဦးစီးအုပ်ချုပ် ကွပ်ကဲကာ စစ်ပွဲတိုင်း၌အကြိမ်များစွာအောင်နိုင်၍ ရန်သူပုန်မှန်သမျှကို ဆင်းရဲပင်ပန်းခံကာ ကြိုးစားနှိမ် နင်းပြီးမှ အေးချမ်းစွာ အောင်ပွဲခံကာ ဘုရင်မင်းကြီး အဖြစ်ကို ရယူခံစားသော မင်းဟာ ယင်းရဲ့ စစ်သည် ဗိုလ်ခြေပရိသတ်တွေကို ကြည့်၍မိမိ၏ကြိုးစားအား ထုတ်ခဲ့ပုံ လုံ့လ၀ီရိယကို တဖန်ပြန်၍အောက်မေ့သည် ရှိသော် ငါသည် ဤစစ်ပွဲ ဤစစ်ပွဲတို့၌ ဤမျှခဲယဉ်းစွာ သော ရန်သူ,သူပုန်စစ်တပ်တို့ကို အောင်မြင်စွာ တိုက် ခိုက် သတ်ပုတ် ထိုးခုတ်ကာ ဆင်းရဲစွာဖြင့် နောက်မ ဆုတ်တမ်းကြိုးပမ်းလျက် ရဲထွက်ကာ ယခုအခါ ဤ မျှကြီးကျယ်သော မင်းစည်းစိမ်ကိုရလာပေစွတကား-ဟု တွေးတိုင်းတွေးတိုင်း ၀မ်းသာ ရွှင်ပြုံးလို့ မဆုံးနိုင် သလိုတဲ့။ ထို့အတူ မြတ်စွာဘုရားဟာလည်း ကမ္ဘာသူ, ကမ္ဘာသား အပေါင်းတို့အား မိမိ၏စံမတူနိုင်သော လုံ့လ၀ီရိယကို သိစေလိုသောကြောင့်တကြောင်း၊ ၀ီရိယ၏တန်ဖိုးဂုဏ်ကို နောင်ဘုရားဖြစ်သောအခါ ပြန်လည်စဉ်းစား မိတိုင်းကိုယ်တော်မြတ်၏ စိတ်နှလုံးရွှင်ပြုံးဝမ်းမြောက် စေတော်မူမည်ဟု ဆင်ခြင်သုံးသပ်မိသောကြောင့်လည်း ကောင်း၊ဒုက္ကရစရိယာကို အပင်ပန်းခံကာ ကျင့်တော်မူ ရှာသည်တဲ့။ နောက်တချက် ဥပမာက နိဗ္ဗာန်, မဂ် ,ဖိုလ်ရရန်ကျင့်ကြံ အားထုတ်ကြကုန်သော သာဝကအပေါင်းတို့နည်းယူရန် အတွက် ငါတို့ဆရာမြတ်စွာဘုရားသော်မှ သို့ကလောက် ခက်ခဲ ပင်ပန်းဆင်းရဲစွာ ကျင့်မှ ရတော်မူတဲ့ မဂ်,ဖိုလ်တ ရားကို ငါတို့လည်းဆင်းရဲပင်ပန်းခံကာ ဤမဂ်,ဖိုလ်ရ ကြောင်းအကျင့်ကောင်း(ပဓာနကိစ္စကို)ကြိုးစားအား ထုတ်ကြရမည် ဟူသော ဝေဖန်ဉာဏ် ရနိုင်ရေးအတွက် ဒုက္ကရစရိယာကို ကျင့်တော်မူတာ ဖြစ်တယ်လို့ အဋ္ဌက ထာ ဆရာများက ဖွင့်ဆို မိန့်ဟတော်မူကြတယ်၊ ကဲ… ကျေနပ်ကြရဲ့လား။ အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: