ယခုအချိန် အသက်ရှင်နေဆဲမှာ ဘယ်သူမှ ကိုယ့်ကိုယ်ကိုေ သမယ်လို့ သတိ မထားမိပါဘူး။ သေတယ်ဆိုတာ ဓမ္မတာမှန်းတော့ သိကြတာပဲပေါ့။ဒါပေမယ့် သေခြင်းတရားကို ဘယ်သူကမှ အလေးမထားကြ ဂရုမစိုက်ကြသတိမမူကြပါဘူး။ ဒီလိုသေခြင်းတရားကို လျစ်လျူရှုထားတဲ့အတွက် သေးဖို့ကိုလည်းမေ့ ဘုရားလည်းမေ့ တရားလည်းမေ့ သံဃာလည်းမေ့ မိဘဆရာသမားလည်းမေ့ ကုသိုလ်တရားလည်း မေ့ ဒီလို မေ့လျော့နေတော့ လူ့စိတ်ဟာ ကိလေသာအပူဓာတ် ရန်သူတွေကို ကိုယ့်ရဲ့မိတ်ဆွေအထင်နဲ့ လည်ပင်းဖက်ပြီး ရယ်ကာမောကာနဲ့ ပျော်နေရှာတာပေါ့လေ။ ဟော...ရောက်ပါပြီတဲ့။ ဆင်ရဲသား၊သူဌေးသား၊ ပညာရှိ.ပညာမဲ့၊ဂုဏ်သိက္ခာရှိတဲ့သူ၊ ဂုဏ်သိက္ခာ မရှိတဲ့သူ၊ နတ်လူဗြဟ္မာ၊ဘုရားတောင်မချန်တဲ့ သေခြင်းတရာကို ရောက်ပါပြီတဲ့။ကုသိုလ်အထုပ်သေးငယ်တဲ့သူက မသေခင်လေ အိပ်ယာထဲမှာ အရင်ပြောခဲ့ဖူးတဲ့ သားသမီးတမ်းတ၊ မြေးတွေ မြစ်တွေတမ်းတ ဘယ်သူမှ မကယ်နိုင်ဘူးတဲ့။ ဝေဒနာဆိုတာမသိ၊ ဝိပဿနာဆိုတာ မကြားဖူး၊ ဒါနသီလသမထလေးတမ်းတမယ်ကျန်ပြန်တော့ လုပ်ဖူးတဲ့ကုသို လ်က ဗလာနတ္ထိ အားကိုးစရာမရှိတော့မှ.မျက်ရည်ကလေး စမ်းစမ်းနဲ့။ သူကလည်းမထနိုင် မထူနိုင်တော့ ကိုယ့်ဝေဒနာကို အံကြိတ်ခါခံနေရတော့ ကုသိုလ်အာရုံပြုဖို့ဝေစွ။ အို...သူတော်ကောင်းတို့ မျက်ရည်မကျခင်မှာ ကိုယ်လုပ်သင့်တဲ အရာကို သတိထားဝီရိယစိုက်ကာ ပညာဖြင့်ဆင်ခြင် ကြပါလို့တိုက်တွန်းပါရစေ။{Ashin.Parmaukkha.}
No comments:
Post a Comment