Monday, May 20, 2013

ဒုတိယ ဟာလိဒ္ဒိကာနိသုတ်

ဒုတိယ ဟာလိဒ္ဒိကာနိသုတ်


အကျွန်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်းကုလယရမြို့ တောင်ကမ်းပါးပြတ်၌ (သီတင်းသုံး)နေတော်မူ၏၊ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည်“ အသျှင် ဘုရား သက္ကပဥှာသုတ်၌“တဏှာကုန်သဖြင့် ကိလေသာမှ လွတ်ကုန်သော သမဏဗြာဟ္မဏတို့ သည် စင်စစ် ပြီးဆုံးခြင်းသို့ရောက်ကုန်၏၊ စင်စစ်နတ်, လူတို့ တွင် အမြတ်ဆုံးဖြစ်ကုန်၏”ဟူသော ဤစကားကို မြတ်စွာ ဘုရား ဟောတော်မူ၏၊ အသျှင်ဘုရားမြတ်စွာဘုရားသည် အကျဉ်းဟောထား သော ဤစကား၏အကျယ်ဖြစ်သော အနက်ကို အဘယ်သို မှတ်ရပါမည် နည်း” ဟုလျှောက်၏ ၊၊ သူကြွယ် ရုပ်ဓာတ်၌ စိတ်တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှု နှစ်သက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့  ကုန်ခြင်းကြောင့်တပ်မက်ခြင်း ကင်းခြင်းကြောင့် ချူပ်ခြင်း ကြောင့် စွန့် ခြင်းကြောင့် မငြိကပ်ခြင်းကြောင့် “စိတ်သည် ကိလေသာတို့  မှ ကောင်းစွာ လွတ်မြှောက်၏”ဟုဆိုရ၏၊ သူကြွယ် ခံစားမှု “ဝေဒနာ” ဓာတ်၌ ၊၊ပ၊၊သူကြွယ်မှတ်သားမှု “သညာ” ဓာတ်၌၊၊ သူကြွယ်ပြူပြင်မှု “သင်္ခါရ”ဓာတ်၌ ၊၊ သိမှု “ဝိညာဏ်” ဓာတ်၌ စိတ်တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက် မှု စွဲလမ်းမှုတို့  ကုန်ခြင်းကြောင့်တပ်မက်ခြင်းကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့် ခြင်းကြောင့် မငြိကပ်ခြင်းကြောင့် “စိတ်သည် ကိလေသာတို မှ ကောင်းစွာ လွတ်မြှောက်၏”ဟုဆိုရ၏၊၊ သူကြွယ် ဤသို့ လျှင် သက္ကပဥှာသုတ်၌ “တဏှာကုန်သဖြင့် ကိလေသာ မှ လွတ်ကုန်သော သမဏဗြာဟ္မတို့ သည် စင်စစ်ပြီးးဆုံးခြင်းသို့ ရောက်ကုန်၏၊ စင်စစ် ယောဂကုန်ခြင်း ရှိကုန်၏၊ စင်စစ်မြတ်သော အကျင့် ရှိကုန်၏၊ စင်စစ် သံသရာအဆုံးရှိကုန်၏၊ နတ်,လူတို့တွင် အမြတ်ဆုံးဖြစ်ကုန်၏ ” ဟူသော ဤစကားကို မြတ်စွာဘုရား ဟောထား၏၊ သူကြွယ် မြတ်စွာဘုရားအကျဉ်း ဟောထားတော်မူသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့  မှတ်အပ်၏ဟာ (မိန့် ဆို၏)၊၊


No comments: