Monday, May 06, 2013

ကာဠုဒါယီထေရ် လျှောက်ထားတာ ဂါထာ ၆၀လား, ၆၄ ဂါထာလား

ကာဠုဒါယီထေရ် လျှောက်ထားတာ ဂါထာ ၆၀လား, ၆၄ ဂါထာလား

ဒကာ။ ။ဆရာတော်မိန့်ကြားတဲ့ စကား ထဲမှာ မြတ်စွာဘုရား တိုင်းတော်ပြည်တော်သို့ ပြန်ကြွ တော်မူရေးအတွက် ကာဠုဒါယီမထေရ်မြတ်က လမ်းပန်း အဆက်အသွယ် ရာသီဥတု ဆောင်းနှောင်းနွေဦး ကြည်နူး သာယာသော တောတောင် သစ်ပင် ပန်းမန်တို့ဖြင့်စီကုံး ဖွဲ့နွဲ့ကာ ၆၄ဂါထာတို့နဲ့ တင်လျှောက်ကြောင်းမိန့်ကြား သွားပါတယ်။ ဒကာကြီးတို့ကြားဖူးတာကတော့ မြတ်စွာ ဘုရားသခင် နေပြည်တော်သို့ ပြန်ကြွကာ ဆွေတော်မျိုး တော်တို့၏ဖူးမြော်ပူဇော်ခံယူချီးမြှောက်ရေးအတွက် ကာ ဠုဒါယီထေရ်ကဂါထာ ၆၀တို့ဖြင့် ဖွဲ့စီတင်လျှောက်ကြောင်း ကြားသိရဖူးပါတယ်၊ယင်းကိုပင် ကဗျာဆရာတို့က ဂါထာ ၆၀ ပျို့ဟု သီကုံးကြပါတယ်၊ ဒါ့ကြောင့် ဂါထာ ၆၀နဲ့ ၆၄ ဂါထာ ဘယ်ကမှန်ပါသလဲ ဆရာတော်၊ ရှင်းပြပါဦးဘုရား။ ဆရာ။ ။ဟုတ်ပါတယ်၊ဟုတ်ပါတယ်၊ ဖွား ဖက်တော် အရှင် ကာဠုဒါယီမထေရ်မြတ် လျှောက်ထား သွားတဲ့ ဂါထာပေါင်းဟာ ၆၄ ဂါထာ ဖြစ်ပါတယ်၊ဒါပေမဲ့ အဋ္ဌကထာနဲ့ ဋီကာ ဆရာတော်တို့က အပ္ပကံ ဟိ ဦနံ အဓိကံ ၀ါ ဂဏနုပဂံ န ဟောတိ။ အနည်းငယ်မျှ လိုသောနေရာ ပိုသောနေရာ အ တွက်လောက်နဲ့တော့အရေအတွက်ထဲ ထည့်ပြောနေ စရာ မလိုပါဘူး တဲ့။ အဲဒီ အဋ္ဌသာလီ မူလဋီကာ ကျမ်းဆရာကြီး များ၏မိန့်ကြားချက်အရ ဂါထာ ၆၀,ဂါထာ ၆၀ နဲ့ ထိုထို ကျမ်းတကာတို့၌ ရေးသားခေါ်ဝေါ်သုံးစွဲနေကြတယ် လို့ သာ မှတ်ပေတော့၊ ရှိရင်းကတော့ ခြောက်ဆယ့်လေးဂါ ထာပဲ၊ ကဲ…သဘောကျရဲ့လား။ ဒကာ။ ။သဘောကျ ကျေနပ် နှစ်သက် လှပါတယ် ဆရာတော်၊ သာသနာတော် ကျမ်းစာများမှာ ဂဏန်းသင်္ချာနဲ့ ရေတွက်ပြောဆိုရာတို့၌ ဒီလို အပိုအလို တွေကို နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်ခေါ်ဆိုထား တဲ့ အခြားနေရာများကော ရှိပါသေးသလားဆရာတော်၊ ရှိရင် ပြောပြပါဦး ဘုရား။ ဆရာ။ ။အခြားနေရာများလည်းရှိပါသေး တယ်၊ ဒီက သတိရ သလောက်ဆိုရင်၊ငါးရာ့ငါးဆယ်ဇာတ် တော် ခေါ်ဆိုတဲ့နေရာမှာ အမှန်က ငါးရာလေးဆယ့်ခုနစ် ဇာတ်ပဲရှိတယ်၊ဒါပေမဲ့ သုံးဇာတ်ကိုဖြည့်ပြီးတော့ ၅၅၀ လို့ပဲ ခေါ်ဆိုနေကြတယ်။ နောက် မြတ်စွာဘုရားဖြစ်တော်စဉ်နေ့နဲ့ စပ်ပြီးသိမှတ်စရာ ဆောင်ပုဒ် လင်္ကာရေးထားတဲ့ နေရာ မှာ ခုနစ်နေ့ အတွက်ကို-[ မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး] လို့ အက္ခရာ ၇ လုံးနဲ့ ရေးစပ်ထားကြတယ်၊ ဆိုလိုရင်း အဓိပ္ပာယ်က (မ)ကြာသပတေးနေ့ -ပဋိသန္ဓေနေ တယ်၊ (သိ)သောကြာနေ့ - ဖွားမြင်တယ်၊ (ကြ) တနင်္လာနေ့ -တောထွက်တယ်၊ (လျှင်) ဗုဒ္ဓဟူးနေ့-ဘုရားဖြစ်တော်မူတယ်၊ (တွေး) စနေနေ့-တရားဦး ဟောတယ်၊ (ဆ)အင်္ဂါနေ့- ပရိနိဗ္ဗာန်စံတယ်၊(ဦး) တနင်္ဂနွေနေ့ မှာ မြတ်ဗုဒ္ဓ၏ရုပ်ကလာပ်တော်မြတ် ကို (တေဇောဓာတ်လောင်)မီးသင်္ဂြိုဟ်တော်မူတယ် တဲ့။ ပါဠိ အဋ္ဌကထာတို့ဆိုတာကမြတ်စွာ ဘုရားအလောင်းတော်ဓာတ်ကို သတ္တာဟ ၇ ရက် နှစ် ပတ်သာ ထားတော်မူတယ်လို့ဆိုတယ်၊ အမှန်က အင်္ဂါနေ့ ပရိနိဗ္ဗာန်စံတယ်၊တနင်္ဂနွေနေ့မှာ မီးသင်္ဂြိုဟ် တယ် ဆိုရင် အင်္ဂါနေ့က တနင်္ဂနွေနေ့ အထိ ရေတွက် ရင် ၁၃ ရက်ပဲ ရတယ်၊၁၄ ရက် မပြည့်ဘူး၊သို့ပေမယ့် အများသုံးစွဲ ခေါ်ဝေါ်ရေးမှတ်နေကြတာတော့ သတ္တာဟ နှစ်ပတ် ၁၄ရက်ပဲလို့ သုံးစွဲရေးမှတ်နေကြတယ်၊အဲဒါမျိုး ကျတော့ လိုနေတဲ့ သင်္ချာအရေအတွက်ကိုဖြည့်စွက် ခေါ် ဝေါ်နေကြတယ်လို့ မှတ်ပေါ့၊ ကဲ…ဒါလောက်ဆိုရင်သ ဘောပေါက်ကြရောပေါ့။ ဒကာ။ ။သဘောပေါက် ကျေနပ်ကြပါပြီ ဆရာတော်၊ အတုမရှိတဲ့ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်ကြီး၏အလောင်းတော် ရုပ်ဓာတ်သော်မှ နှစ်ပတ်သာ ထားတယ်၊ခုခေတ် ဘုန်းကြီးပျံတွေဖြင့် ကိုးလ,ဆယ်လ ထားကြတာပဲနော်။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: