Monday, May 06, 2013

သစ္စကပရိဗိုဇ်ကြီးအပါယ်လားသလော

သစ္စကပရိဗိုဇ်ကြီးအပါယ်လားသလော


ဒကာ။ ။ဘုရားကို မကြောက်ဘဲ သိကြားကို ကြောက်လို့ အမှန်ဖြေကြားရတဲ့သစ္စကကြီးဟာ သေတော့ အပါယ်လားရောလား ဆရာတော်။ ဆရာ။ ။မြတ်စွာဘုရားက သစ္စကကြီးရဲ့နောင် အခါ သာသနာပြုပေးမည့်အရေးတွေကို မြင်တော်မူလို့ ကယ် ချွတ်ပေးတာပဲ၊အပါယ်မကျပါဘူး၊ မြတ်ဘုရား၏တရားတော် ကို နာယူသွားရလို့ သေတဲ့အခါနတ်ရွာသို့ လားတယ်တဲ့။ ဘုရားမြတ်ပရိနိဗ္ဗာန်စံလို့ အနှစ် ၂၀၀ ကျော်လောက်မှာ သီဟိုဠ်ကျွန်း၌သာသနာတော် ထွန်းလင်းတောက်ပချိန်အခါ နတ်ရွာမှစုတိပြီးဒက္ခိဏဂီရိကျောင်းတိုက်၏ဂေါစရဂံရွာကြီး၌ အမတ်မျိုးမှာဖြစ်လျက် အရွယ်ရောက်၍ ရှင်ရဟန်းပြုပေးသော အခါ ဆရာဥပဇ္ဈာယ်က ကာလဗုဒ္ဓရက္ခိတ ဟု အမည်ပေးလိုက် တယ်။ ကာလဗုဒ္ဓရက္ခိတသည်ဆရာထံ၌ ဂန္ထဓုရပိဋကတ်တော် များကို သင်ကြားလျက် ပိဋကတ်သုံးပုံကိုတပည့်များစွာတို့အား ထင်ထင်ရှားရှားနဲ့ သင်ကြားပို့ချစဉ်ဆရာ ဥပဇ္ဈာယ်က "သင် သည်ရဟန်းကိစ္စကို ပြီးအောင်မလုပ်ဘဲ ဂဏပလိဗောဓထဲ၌သာ ထပ်တလဲလဲ ၀င်စားနေသည်၊ပလိဗောဓတွေ ပယ်ရှားက စေတိ ယတောင်ကျောင်းသို့သွား၍၀ိပဿနာဓုရရဟန်းတရားကို အား ထုတ်ပွားများချေလော့" ဟုစေခိုင်းလိုက်တယ် တဲ့။ ကာလဗုဒ္ဓရက္ခိတမထေရ်သည် ဆရာဥပဇ္ဈာယ် စေခိုင်းချက် အတိုင်း ၀ိပဿနာရဟန်းတရားပွားများအားထုတ်လိုက်တာ မြတ် စွာဘုရားဟောကြားတော်မူဖူးတဲ့ သစ္စကဘ၀က အထုံပါရမီ ဥပနိဿယပစ္စည်းအကြောင်းအလျောက် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်၍မင်းအပူဇော်ခံ ဘုန်းကံကြီးမားထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးတပါးဖြစ်ပြီးများစွာသော တပည့်တပန်းရဟန်းအ ပေါင်းခြံရံလျက် စေတိယတောင် ကျောင်း၌ပင် သီတင်းသုံးနေ ထိုင်ကာ သာသနာပြုတော်မူသွားသည်တဲ့၊ကဲ....ရှင်းပြီးလား၊ တခြား အဂ္ဂမဟာပဏ္ဍိတဆရာတော်ကြီးများထံတော်မှာလည်း သွားရောက်နာခံဖို့ကောင်းတယ်နော်။ ဒကာ။ ။သစ္စကပရိဗိုဇ်ကြီးအပါယ်လားရော အောက် မေ့တာ အခုလို အသိဉာဏ်တွေ အမှန်ရလို့ ရှင်းလင်းသွားပါပြီ ဆ ရာတော်၊ မြတ်စွာဘုရားနဲ့ တွေ့ဆုံရကျိုးနပ်သွားတာပေါ့၊ တခြား ဆရာတော်ကြီးများထံလည်းသွားရောက် နာခံစရာ မလိုတော့ပါ ဘူး ဆရာတော်၊ ကျေနပ်ပါပြီ ဘုရား။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: