Wednesday, May 15, 2013

ပဋိစ္စသမုပ္ပါဒ်

"ပဋိစ္စသမုပ္ပါဒ် "


အ၀ိဇ္ဇာ ဘယ်မှာနေ၊ မိမိစိတ်မှာနေ၊ တစ်ခါတစ်လေ မိုက်မဲမှု၊ သင်္ခါရကိုပြု၊


သင်္ခါရပြုတော့ ၀ိညာဏ်တွယ်၊နာမ်ရုပ်အိမ်ကိုဆွယ်၊ အမှီခြောက်သွယ် မှန်တံခါး၊ကောင်းစွာတပ်ဆင်ထား၊


အာရုံခြောက်ပါး တွေ့ဆုံသော်၊၀ိညာဏ်ခြောက်ပါး ဆိုင်ရာပေါ်၊ ပေါ်လာလေတဲ့ အာရုံများ၊ ကောင်းစွာသူခံစား၊


ခံစားပြီးတော့ လိုချင်ပြန်၊ စွဲလမ်းဥပါဒါန်၊ ဥပါဒါန်ကြောင့် ရလိုမှု၊ကံတွေ ကံတွေ ထပ်ဆင့်ပြု၊


ကံပြုမိတော့ ဇာတိပေါ်၊နာမ်ရုပ်အသစ်ခေါ်၊ နာမ်ရုပ်ပေါ်တော့ အိုနာဆုံး၊သေတော့ ခေါင်းတစ်လုံး။


(အောင်ဆန်းတပ်ဦးဆရာတော်ဘုရားကြီး)


No comments: