Tuesday, May 07, 2013

တရားနာခြင်းတရားဟောပြောခြင်း.

"...တရားနာခြင်းတရားဟောပြောခြင်း..."


-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.


တရားနာ တရားဟောခြင်းတို့ရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီး ဆောင်ပုဒ်ရှိပါတယ်။


"သူတော်တရားနာရငြားမူ မကြားစဖူး ကြားရဖူး၏။ ကြားဖူးပြီးပြန် ထပ်မံ၍ရှင်းလွတ်ကင်းယုံမှား ဖြောင့်သားအယူ စိတ်ကြည်ဖြူသည် ငါးဆူရမြဲ အကျိုးတည်း။"


သူတော်ကောင်းတရားနာကြားရတဲ့အခါ-(၁)မကြားဖူးသေးတဲ့တရားစကားတွေကို ကြားနာရလို့ ဗဟုသုတ တိုးလာတယ်။


(၂ )ကြားဖူးပြီးတဲ့တရားစကားကို ရှုထောင့်အမျိုးမျိုးက ထပ်မံရှင်းပြတာကိုသိလာရတဲ့ အတွက် အသိအမြင်ရှင်း သွားတယ်။


(၃)ဟုတ်မှဟုတ်ပါ့မလားလို့ ယုံမှားသံသယ-ဝိစိကိစ္ဆာကို ဖယ်ရှားလိုက်နိုင်တယ်။သူတော်ကောင်းတရားမှာယုံမှားသံ သယကင်းတော့ နှစ်နှစ်ခြိုက်ခြိုက် သက်ဝင်ယုံကြည်လာ တယ်။


(၄)အယူဖြောင့်မှန်သွားတယ်။သမ္မဒိဋ္ဌိအမြင်မှန်ရရှိတော့ နောက်ထပ် ကုသိုလ်တွေ တိုးပွားမှာမို့ အကျိုးကျေးဇူး အလွန်များပြီပေါ့။


(၅)တရားနာနေဆဲအခါမှာလည်းလောဘ ဒေါသ မောဟတို့ ကင်းရှင်းပြီး စိတ်ကြည်လင်ဖြူစင်နေတယ်။ကုသိုလ်စိတ် တွေ စက္ကန့်တိုင်းကုဋေသိန်းချီဖြစ်နေတာပေါ့။


ဒါကြောင့်တရားနာကြပါ တရားစာပေတွေကို ဖတ်ရှုလေ့လာ ကြပါ။


တရားအသိအမြင်ရှိသူတို့နှင့် ဆွေးနွေးမေးမြန်းပါ ။


ကိုယ်သိရှိတဲ့တရားတို့ကို သူတစ်ပါးတို့အားပြောပြပါ။ သင်ကြားပေးပါ။


မိမိစိတ်သန္တာန်မှာသာသနာတည်ပြီးသူတစ်ပါးတို့ရဲ့ စိတ်သန္တာန်မှာလည်းသာသနာတည်လာအောင် ကြိုးပမ်းဆောင် ရွက်ခြင်းဟာဘုရားသာသနာအဓွန့်ရှည်စွာ တည်တံ့အောင် ဆောင်ရွက်ရာလည်းရောက်တာမို့ အကျိုးကျေးဇူးအနန္တ ဖြစ်ထွန်း ပါတယ်။


ပျင်းရိပြီးဝီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်း ထက် ဝီရိယကိုမြဲမြံစွာ အားထုတ်သူရဲ့တစ်ရက်မျှအသက်ရှ ည်ရခြင်း ဟာမြတ်တယ်။(ဓမ္မပဒ-၁၁၂)့


ဒေါက်တာမင်းတင်မွန်ရေးသားသော "အကောင်းဆုံးဘဝ လမ်းညွှန်မှု "စာအုပ်မှ။


No comments: