သတ္တ၀ါတို့ အရူးထခြင်းများ
ဒကာ။။ ဘယ်လို အရူးထတာလဲ ဆရာတော်၊အရူးထပုံ aရာဂါကလေးကို ရှင်းပြပေးဦးမှပေါ့ ဘုရား။ ဆရာ။ ။အင်း..အရူးထပုံကိုဒကာကြီးတို့နားလည်အောင် ပါဠိလေးနဲ့ နည်းနည်းပြောပြမည်၊ မှတ်သားပေတော့၊ နှုတ် ထဲရအောင် ကျက်ထားရမှာနော်၊မြတ်စွာဘုရား ဟောကြား aတ်ာမူတဲ့ စကားတော်ဖြစ်တယ်၊အဲဒါကို ရွတ်ဖတ်နေရင် ဘုရားရှင်နဲ့ စကားပြောနေတာလည်းဖြစ်တယ်၊ အရူးရောဂါ လည်းပျောက်ကင်းနိုင်တယ်လို့ မှတ်ရမယ်။ (က)အနိစ္စံ နိစ္စသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။။မမြဲ မခိုင် ကိုယ်မပိုင်တဲ့သားသမီးဥစ္စာ ရွှေ ငွေ ရတနာ အရာဝတ္ထု အစုစုတွေကို မြဲတယ် ခိုင်တယ် ပိုင်တယ် ငါ၊ ငါ့ဥစ္စာ၊ ငါ့ဟာ၊ ငါပိုင်တယ်ဟု စိတ်ထားလျက် အမှားအလွဲ ထင်စွဲမှတ်ယူကာ နေ့တိုင်းနေ့တိုင်း အရူးထနေကြ ကုန်၏တဲ့။ (ခ)ဒုက္ခံ သုခသညာယဥမ္မာဒန္တိ ဒိနေဒိနေ။ ။ယင်းသို့ မခိုင် မမြဲဘဲ ပျက်စီးပျက်စီးသွားလို့ စိုးရိမ်ရ ပူဆွေးရ ငိုကြွေးနေကြ တဲ့ ဆင်းရဲအစု ၀တ္ထုပစ္စည်းတွေကိုလည်းသူတို့ နဲ့ နေထိုင် ပေါင်းသင်းဆက်ဆံသုံးဆောင် ခံစားနေရတာကိုပင်ချမ်းသာ တယ် သာယာတယ်ဟု မှတ်ထင် ပျော်ရွှင်ကာ နေ့တိုင်း နေ့ တိုင်း အရူးထနေကြကုန်၏တဲ့။ (ဂ)အနတ္တံ အတ္တသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။။ လောက ထဲမှာ ဘယ်အရာ ၀တ္ထုပစ္စည်းမှ ကိုယ့်အလိုမလိုက်ကိုယ့် အကြိုက်မပါ၊ ကိုယ်လိုရာမပြီး၊ပျက်စီးပြုန်းတီးအချည်းနှီး သဘောကိုသာ ဆောင်နေကြ၍အမာခံအနှစ်သာရ ဘာ တစ်ခုမျှ မရှိတာတွေကိုပင် အခိုင်အမာမကွဲမကွာဘဲ ငါနဲ့ အမြဲနေရမည်၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဟု အခိုင်အမြဲစွဲ ယူကာ နေ့ တိုင်းနေ့တိုင်းတငါငါနဲ့ အရူးထကာ နေကြ ကုန်၏တဲ့။ (ဃ)အသုဘံ သုဘသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ။။ ဘာမျှ မလှပ မတင့်တယ်ဘဲ ပြည် သွေး ချွေး တံတွေး သလိပ် ချွဲခန်း ကျင်ကြီးကျင်ငယ်တို့ဖြင့် ပြည့်လျှံယိုစီးထွက် ကျ ပေကျံ နံစော် နေသော ဤကိုယ်ကောင်ကြီးကို တင့် တယ်လှပတယ် ထင်အောင် မြင်လိုက်ရင် တပ်မက်စွဲလမ်း သာယာစရာထင်အောင်တစ်ဦးထက် တစ်ဦးသာအောင် ဆင်ယင်ထုံးဖွဲ့ ဖြီးလိမ်းဝတ်စားကာ မာန်မာနတွေ ၀င့်ဝါ တက်ကြွ ဆင်ယင်လို့အားမရနိုင်အောင် ပြိုင်ဆိုင်ပြီးနေ့ တိုင်းနေ့တိုင်းအရူးထနေကြကုန်၏တဲ့။ အဲဒီအရူးထရောဂါဟာ တစ်ကမ္ဘာလုံးပျံ့နှံ့ကူးစက်နေတယ်၊ အဲဒါ ဘာဖြစ်လို့လဲ။ရူပက္ခန္ဓာ၊ကိုယ်တစ်ခုပေါ်မှာ သမ္မာ သတိဆိုတဲ့ မှန်ကန်စွာအောက်မေ့မှု သတိ(သည်းခြေ) ပျက်နေကြလို့ အမှန်တရားတွေ မေ့လျော့ကာ ငါ ငါ့ဥစ္စာ ငါ့ဟာ ငါလှတယ် ယဉ်တယ် ချောတယ်ဟု အထင်ကြီးပြီး အရူးထနေကြတာသာ ဖြစ်တယ်တဲ့။ ကဲ..ဒကာကြီးတို့ကော သတိကောင်းရဲ့လား၊အသုဘ ကောင်ကို သုဘဖြစ်လာအောင် ပြင်ဆင်မွမ်းမံထားတဲ့ အိမ်က ဒကာမကြီးကို အလှဘုရင်ထင်ကာ မခွဲနိုင်ဘဲ စွဲနေတာမဟုတ် လား၊မှန်မှန်ပြောပါ။ ဒကာ။။ အလှဘုရင်ထင်လည်းခဏပဲရတာပါ ဆရာတော်၊ တစ်နေ့တောင်မခံပါဘူး၊တော်တော်ကြာ သူ့ဇာတိပြလာကာ လိမ်းကျံမွမ်းမံထားတဲ့ သနပ်ခါးနံ့သာတွေပျက် ချွေးတွေ ထွက်ကျ မျက်နှာကြီးက အဆီပြန် နံစော်တဲ့ အနံ့တွေနဲ့ အသုဘသဘောတွေ ပေါလောပေါ်လာတာပဲ မကောင်း ပါဘူးဘုရား။ ဆရာ။ ။အဲဒီအသုဘသဘောတွေကို ကြိုတင်သတိရ အောက်မေ့နေရင် မှန်ကန်စွာ အောက်မေ့ သတိရမှု သမ္မာသတိမဂ္ဂင် မှတ်ရှုဆင်ခြင် ပွားများနေတာပဲ၊ဒကာ ကြီးတို့ အရူးမထတော့ဘူး၊ အဲဒီ ကာယာနုပဿနာ သတိ ပဋ္ဌာန် ခေါ်တဲ့ ကိုယ်ကာယအစု ရူပက္ခန္ဓာပေါ်လာရင် ဝေဒ နာခေါ်တဲ့ ပရမတ် သဘောတရားက ခံစားနေတာ၊ငါမပါ၊ ငါမရှိ၊ငါခံစားနေတာ မဟုတ်ဟု ရှုမှတ်မှု ဝေဒနာနုပဿ နာသတိ ရှိနေရမယ်တဲ့။ သည်ကြားထဲက လောဘစိတ် ဒေါသစိတ် စသည်တွေဖြစ် ပေါ်လာရင်လည်း လောဘစိတ်တွေဖြစ်ပေါ်နေတယ်၊ဒေါ သစိတ်တွေဖြစ်ပေါ်နေတယ်ဟု ဖြစ်ပေါ်ဖြစ်ပေါ်သွားတဲ့ ရှေ့ စိတ်တွေကို အသစ် အသစ်ဖြစ်ပေါ်လာတဲ့နောက်စိတ်က လေးတွေနဲ့ လိုက်မှတ်ရှုပွားမှု စိတ္တာနုပဿနာသတိ ရှိနေ ရခြင်းတို့ဟာ သမ္မာသတိမဂ္ဂင် ပွားများရှုမှတ်နည်း လုပ်ငန်း တွေပဲ ဒကာကြီးတို့ရ။ မှတ်ချက်။။ယင်းတို့ကိုလည်း(၁)လောကီသမထ ဈာန် လမ်း သမ္မာသတိမဂ္ဂင်၊ (၂)လောကုတ္တရာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်လမ်းသမ္မာသတိမဂ္ဂင်ဟု နှစ်မျိုးမှတ်ပါတဲ့။
၈။ သမ္မာသမ္မာဓိ မဂ္ဂင်= မှန်ကန်သော စိတ်ထားတည်တံ့၊ တည်ငြိမ်နေမှု။သည် ၈နံပါတ် သမ္မာသမာဓိမဂ္ဂင်၏စိတ် ထားတည်တံ့မှု သမာဓိမျိုးကွဲတွေ များစွာရှိ တယ်၊ ဒါပေ မယ့် ဒကာကြီးတို့ လွယ်လွယ်နဲ့ သိမှတ်ထားဖို့အတွက် လိုရင်းချက် နှစ်မျိုးရှိတယ်လို့ပဲ သိမှတ်ထားပေတော့။ (က)ကမ္မဋ္ဌာန်းလေးဆယ်အနက်က ဈာန်ရနိုင်တဲ့ ကိုယ်နဲ့ လျော်ရာ၊ ကိုယ်ကြိုက်တဲ့ကမ္မဋ္ဌာန်းတစ်ပါးပါးထဲမှာ စိတ် ထားတည်တံ့ငြိမ်ဝပ်နေတဲ့ သမထ ဘာဝနာ အပ္ပနာဈာန် သမာဓိ က တစ်မျိုး။ (ခ)ရုပ်နာမ်ဓမ္မတို့ရဲ့ ဖြစ်ပေါ်တိုင်းဖြစ်ပေါ်တိုင်းအခိုက်၌ လိုက်လိုက်သိမှတ်နေတဲ့ ၀ိပဿနာဘာဝနာ ခဏိက သမာဓိက တစ်မျိုး။ အဲဒီနှစ်မျိုးကိုပဲ အကျဉ်းမှတ်ထားလိုက်၊ အကျယ်မျိုးပြား တွေ မှတ်သားထုတ်ယူချင်ရင် ဆရာတော်ရေးပြုတဲ့ သုတေသန သရုပ်ပြ အဘိဓါန် ကျမ်း၊စာမျက်နှာ ၆၀၆ မှာ ရှာကြည့်ပေ တော့။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment