Monday, May 06, 2013

ဈာန်ဆိုတာဟာ ဘာလဲ

ဈာန်ဆိုတာဟာ ဘာလဲ


ဒကာ။ ။ အဲဒီသမာဓိနှစ်မျိုးထဲကလောကီ သမထ ဈာန်လမ်း အရဈာန်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်နဲ့ ဈာန်စိတ်မျိုး ဖြစ်ပေါ်ပုံ ဈာန်ခေါ်ဆိုပုံတို့ကို သိချင်ပါတယ် ဆရာတော်။ ဈာန်ရတယ်၊ဈာန်ပျံတယ်၊ ဈာန်ဝင်စားတယ် ဆိုတာကိုလည်း ဒကာကြီးတို့နားလည်အောင် မိန့်ကြားသင်ပြပါဦး ဆရာတော်။ ဆရာ။ ။အင်း… ဈာနဆိုတဲ့ ပါဠိကို ဈာန် လို့ခေါ်ဆိုနေကြတ ယ်၊ ယင်းရဲ့အနက် အဓိပ္ပါယ်ကိုတော့(ကုသိုလ်တရားစုကိုမဖြစ်နိုင် အောင် တားမြစ်ပိတ်ဆီးတတ်တဲ့) ကာမစ္ဆန္ဒနီဝရဏ -ကာမဂုဏ် စတဲ့ အယုတ်တရားစုတို့ကို ဖုတ်ကြည်းလောင်ကျွမ်းစေတတ် သော သဘောတရားစုကို ဈာန် ခေါ်တယ်လို့ သိပေတော့၊နီဝရ ဏတရား၆ ပါးကို အကျယ် သိချင်ရင် ဆရာတော်ရေးပြုတဲ့ သရုပ်ပြ အဘိဓါန်ကျမ်း ၃၂၇ နီ အက္ခရာပိုင်းမှာ ရှာကြည့်ပေတော့။ အဲဒီဈာန်သမာဓိ အမျိုးအစားယူပုံကငါးပါးက တစ်မျိုး၊ လေးပါးက တစ်မျိုး၊ ရေတွက်ယူပုံနည်းနှစ်မျိုးလာတယ်၊ကျမ်းစာများမှာေ တာ့ စတုက္ကနည်း၊ ပဉ္စကနည်းလို့ ခေါ်ဆိုရေးသား ကြတယ်။ ဈာန်စိတ်ဆိုတာကမဟဂ္ဂုတ်ကုသိုလ်စိတ်ကို ခေါ်တာပဲ၊ အဲဒီစိတ် ဖြစ်ပေါ်ပုံကသူမှတ် သားပွားများနေတဲ့သမထကမ္မဋ္ဌာန်းအာရုံ တစ် ပါးတည်း တစ်ခုတည်းမှာသာ သူရဲ့စိတ်ဟာ စွဲမြဲစူးစိုက်တည်တံ့ ငြိမ် ၀ပ်စွာ ဖြစ်ပေါ်နေတယ်၊တစ်ခြားအာရုံဆိုလို့ ဘာမှပေါ်မလာတော့ ဘူး၊အဲဒါကိုပဲ ဈာန်ရတယ်၊ ဈာန်ဝင်စားနေတယ်၊ ဈာန်စိတ်ဖြစ်ပေါ် နေတယ်လို့ ခေါ်တယ်၊ ၀င်စားပုံ နည်းက ၄ မျိုးရှိတယ်၊ ကဲ… နား ထောင်မှတ်သားပေတော့။


ဈာန်ဝင်စားပုံ နည်းမျိုးလေးပါး ၁။ ပထမဈာန်။။ကမ္မဋ္ဌာန်းလေးဆယ်ထဲကဈာန်ရနိုင်တဲ့ သူနဲ့လျော် ရာ သူကြိုက်ရာ ကမ္မဋ္ဌာန်းတစ်ပါးပါးကို စွဲယူမှတ်သားပွားများနေတဲ့ ယောကီဟာ သူ မှတ်သားပွားများနေတဲ့ တစ်ခုတည်းသော ကမ္မဋ္ဌာန်း အာရုံထဲမှာသာ (၁) ကြံစည်ခြင်း ၀ိတက်၊ (၂)စဉ်းစားဆင်ခြင်ြ ခင်း ၀ိစာရ၊ (၃)နှစ်သက်ကျေနပ်ခြင်း ပီတိ၊ (၄)ငြိမ်းအေးချမ်းသာနေခြင်း သုခ၊ (၅)စိတ်ထားတည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်းဧကဂ္ဂတာ၊ အဲသည် အင်္ဂါငါးပါးနဲ့ ပြည့်စုံစွာ ပထမဈာန်သမာဓိကိုရယူ ခံစားနေတယ်၊ အဲဒါ ကိုပင် ပထမဈာန်ဝင်စားနေတယ်လို့ မှတ်ပါ။ ၂။ ဒုတိယဈာန်။ ။ထို့အတူ ယင်း ပထမဈာန်ကိုပင် အဖန်ဖန် အထပ် ထပ် ၀င်စားနေခြင်းအားဖြင့် ဉာဏ်ပညာထူးခြားထက်မြက်သော သူ မြတ်သည် ၀ိတက်နဲ့ ၀ိစာရကွယ်ပျောက်ကာ (၁) နှစ်သက်ကျေနပ် ခြင်းပီတိ၊ (၂)ငြိမ်းအေးချမ်းသာနေခြင်းသုခ၊(၃) စိတ်ထား တည် တံ့စူးစိုက်ငြိမ်ဝပ်နေခြင်းဧကဂ္ဂတာ၊ သည်အင်္ဂါ ၃ပါးနှင့် ပြည့်စုံစွာ ဒုတိယဈာန် သမာဓိကို ရယူခံစံ ၀င်စားနေတယ်လို့မှတ်ပါ။ ၃။ တတိယဈာန်။။ယင်းဒုတိယဈာန်ကိုပင်အဖန်ဖန် အထပ်ထပ် ၀င်စားနေပြန် သောအခါ ဈာန်အင်္ဂါ ၅ ပါးထဲက တတိယဈာန်အင်္ဂါ ပီတိကွယ်ပျောက်၍(၁)ငြိမ်းအေးချမ်းသာနေခြင်းသုခ၊(၂) စိတ် ထား တည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်းဧကဂ္ဂတာ၊သည် အင်္ဂါ ၂ ပါးနဲ့ ပြည့်စုံစွာ တတိယဈာန်သမာဓိကိုရယူခံစံ ၀င်စားနေသည်လို့ မှတ်ပါ။ ၄။ စတုတ္ထဈာန်။။ထိုနည်းတူ ယင်းတတိယဈာန်ကိုပင် အကြိမ်များစွာ ၀င်စားပြန်သောအခါ (၁)ငြိမ်းအေးချမ်းသာမှု သုခကိုလုံ့လမပြုမရုမစိုက်တော့ဘဲ လျစ်လျူ ရှုထားနိုင်ခြင်းဥပက္ခာ၊ (၂)စိတ်ထားတည်တံ့စူးစိုက်ငြိမ်ဝပ်နေခြင်းဧကဂ္ဂတာ၊ ဤအင်္ဂါနှစ်ပါး နှင့်ပြည့်စုံသော စတုတ္ထဈာန်သမာဓိကို ရကာ အထွတ်အထိပ်ဆုံးဖြစ် သော စတုတ္ထဈာန်ကို ၀င်စားနေ တယ်လို့မှတ်ပါ။


သင်္ချိုင်းကုန်းသွားမဆုံးလမ်း အဲသည် ၄ မျိုးတွင် တစ်မျိုးမျိုးထဲ၌စိတ်ထားတည်တံ့ စူးစိုက်စိမ်နှစ်ပြီး ထားနိုင်ခြင်းကိုပင် ဈာန်စိတ်ခေါ်တဲ့မဟဂ္ဂုတ် ကုသိုလ်စိတ်တွေဖြစ် ကာ ဈာန်ရတယ်၊ ဈာန်ဝင်စားတယ်၊ဈာန်ရပုဂ္ဂိုလ် (ပါဠိလို ဈာနလာ ဘီ) ခေါ်တယ်။ ဒကာ။။ သည်ဈာန်တွေရတော့သိဒ္ဓိရှင်ကြီးဖြစ်သွားရောလား ဆရာ တော်။ ဆရာ။ ။အင်း….. ယင်း ၄မျိုးက စတုတ္ထဈာန်ဖြင့် စိတ်ထားတည်တံ့ ငြိမ်ဝပ်နေမှုကိုပင် မှန်ကန်သောစိတ်ထားတည်တံ့တည်ငြိမ်ခြင်း သမ္မာ သမာဓိ မဂ္ဂင်မျိုးထဲက (က)အမျိုးအစားသမထ ဘာဝနာ အပ္ပနာဈာန် သမာဓိ အဘိညာဏ် အလုပ်ဖြင့် လူ့ဘ၀လောကမှာ ကျော်စောထင်ရှားတဲ့ မိုးပျံမြေလျှိုး တန်ခိုးသိဒ္ဓိရှင်ကြီးဖြစ်ကာ သေပြီးတဲ့နောက် ဗြဟ္မာ့ဘုံဘ၀ရောက်ပြီး လောကီဈာန်ချမ်းသာတွေကို ၀၀လင်လင်ကြီးခံစားလျက် သင်္ချိုင်း ကုန်းဖက်ကို ချည်း သွားသွားနေတဲ့ သင်္ချိုင်းကုန်းသွားမဆုံးလမ်းလို့ မှတ်ပါ။ ထပ်ပြောပြဦးမည်၊အပြည့်အစုံပြောပြခဲ့တဲ့ သမထ ဘာဝနာဈာန်သမာဓိ ကို ဂိုဏ်း သက်သက်လုပ်ငန်းဟာ ဒုက္ခဆင်းရဲမကင်းတဲ့ သေမင်းကိုရှာရှာ ပြီး သင်္ချိုင်းကုန်းကိုအပို့ခိုင်းနေတာချည်းဖြစ်တယ်လို့မှတ်ပါ၊ တစ်နည်း အားဖြင့်အိုခြင်း၊ နာခြင်း၊သေခြင်းကို ရှာနေတဲ့နည်း လို့သာ မှတ်ရမည်တဲ့။ ကိုင်း..သမ္မာသမာဓိမဂ္ဂင် (က)အမျိုးအစားသမထ ဘာဝနာသမာဓိဖြစ်တဲ့ ဈာန်အဘိညာဏ်ရဲ့ လုပ်ငန်းသဘော ဒကာကြီးတို့ရဲ့ညာဏ်မှာ ပေါလောပေါ်လောက်ပါပြီ တော်ကြစို့၊(ဈာနလာဘီ)ဈာန်ရမိုးပျံ မြေလျှိုးတန်ခိုးသိဒ္ဓိရှင်ကြီး ဖြစ် ချင်ရင် ယခုပြဆိုပြီးခဲ့တဲ့ နည်းအတိုင်းသာ ၆ နံပါတ် သမ္မာဝါယာမမဂ္ဂင် မှာ ပြခဲ့တဲ့ ၀ီရိယအင်္ဂါ ၄ ပါးနဲ့အညီ သမထဘာဝနာတရားကို ကြိုးစား အားထုတ်ပေတော့၊ နောက် ဘာမေးချင်သေးလဲ။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: