Sunday, May 12, 2013

လောကတွင် အတ္တဟိတလည်းရှိ၏။ ပရဟိတလည်းရှိ၏။

လောကတွင် အတ္တဟိတလည်းရှိ၏။ ပရဟိတလည်းရှိ၏။ အတ္တဟိတ သက်သက်ကို ဆောင်ရွက်သူသည်လည်း အစွန်းရောက် ဖြစ်၏။ ပရဟတိ သက်သက်ကို ဆောင်ရွက်သူသည်လည်း အစွန်းရောက် ဖြစ်၏။


အမှန်အားဖြင့် လူဟူသည် အတ္တဟိတကိုလည်း ဆောင်ရွက်ရ၏။ ပရဟိတကိုလည်း ဆောင်ရွက်ရ၏။


မြတ်စွာဘုရားသည်အတ္တဟိတနှင့် ပရဟိတ နှစ်မျိုးလုံးကို ဆောင်ရွက်သူ ဖြစ်၏။ မြတ်စွာဘုရား၏ကျင့်စဉ်မှာလည်းအတ္တဟိတနှင့် ပရဟိတ နှစ်မျိုးလုံးကို ဆောင်ရွက်ခြင်း ဖြစ်၏။ နှစ်မျိုးလုံးကိုဆောင်ရွက်ပါမှ "မဇ္စျိမ ပဋိပဒါ" ကျလေ၏။


( ဆရာကြီးဦးရွှေအောင် )


No comments: