Wednesday, May 15, 2013

သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေဂါထာတော်"

~~~~~~~~~~~~


“သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ နမာမိ သိရသာ မဟံ၊ အပကာ ၀ါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ၊ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တရာယာပိ ၀ိနာဿန္တု အသေသတော။"


ပါဠိတော်မြန်မာပြန် -------------------


နှစ်ကျိပ်ရှစ် (၂၈)ဆူကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့်ရှိခိုးပါ၏။


ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကားရေတွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကို လည်းကောင်း၊ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ထိုဘုရားရှင် အားလုံးတို့၏ တပည့်သံဃာတော်များကို လည်းကောင်း၊အကျွန်ုပ်ရိုသေစွာ ရှိခိုးပါ၏။


ဤသို့ရှိခိုးပူဇော်ရသော ကုသိုလ် စေတနာကြောင့် ခပ်သိမ်းသော ရန်တို့ကို ပယ်ပျောက်ပြီးတစ်ပါးမက များပြားလှသည့် အန္တရာယ်ဟူမျှတို့အကြွေးကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။


No comments: