Sunday, May 12, 2013

ရေအိုင်ပမာ ပုဂ္ဂိုလ် ၄မျိုး

ရေအိုင်ပမာ ပုဂ္ဂိုလ် ၄မျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍ ပုဂ္ဂိုလ် ၄-မျိုးရှိကြောင်းဟောတော်မူသည်။ ရဟန်းတို့ ရေအိုင် ၄-မျိုးရှိသည်။ ယင်းတို့မှာ -(၁)တိမ်လျက် နက်ရောင်ရှိသော ရေအိုင်။ (၂)နက်လျက် တိမ်ရောင်ရှိသော ရေအိုင်။ (၃)တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်။ (၄)နက်လျက် နက်ရောင်ရှိသော ရေအိုင်-တို့ ဖြစ်သည်။


ထို ၄-မျိုးတို့တွင် (၁)ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမူအရာအားဖြင့် ကြည်ညိုဖွယ်ရှိသော်လည်းသစ္စာလေးပါးကို မသိသူသည် တိမ်လျက် နက်ရောင်ရှိ သော ရေအိုင်နှင့် တူသူ ဖြစ်သည်။


(၂)ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာ ၄-ပါးကို သိမြင်သူသည် နက်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့် တူ သူ ဖြစ်သည်။


(၃)ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးကို လည်းမသိမြင်သူသည် တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့်တူ သူ ဖြစ်သည်။


(၄)ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏။သစ္စာ ၄-ပါးကို လည်းသိမြင်သူသည် နက်လျက် နက်ရောင်ရှိသော ရေအိုင်နှင့်တူ သူ ဖြစ်သည်။ ဟု ဟောတော်မူသည်။ ကျမ်းကိုး။။အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊၀လာဟက၀ဂ်။


No comments: