Tuesday, May 21, 2013

ဝိပတ္တိတရားလေးပါးနှင့် ဗျသနတရားငါးပါး

ဝိပတ္တိတရားလေးပါးနှင့် ဗျသနတရားငါးပါး


ဝိပတ္တိတရားလေးပါး။။ ၀ိပတ္တိ။မပြည့်စုံခြင်း၊ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ဗုဒ္ဓဘာသာဝင်တို့ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။


1.မင်းဆိုးမင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊ 2.အပါယ်လေးပါး၌ ဖြစ်ရခြင်း၊ 3.ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊ 4.အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မ၇ှိခြင်း။


ဗျသနတရားငါးပါး။။ ဗျသန။ပျက်စီးခြင်း၊ဆုံးရှုံးခြင်း။ ဗျသနတရားငါးပါးရှိသည်။ 1.ဉာတိဗျသန -ဆွေမျိုးများ ပျက်စီးခြင်း၊ 2.ဘောဂဗျသန -စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ 3.ရောဂဗျသန- အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊ 4.ဒိဋ္ဌိဗျသန -အယူမှား၍ပျက်စီးခြင်း၊ 5.သီလဗျသန -သီလ ပျက်စီးခြင်း။


မေတ္တာဖြင့်စုစည်းတင် ပြသူ အနှိုင်းမဲ့စာတိုပေစများ


No comments: