“ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း” •••••••••••••••••••••••••••••••• မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် “ကုသိုလ်” ဖြစ်တဲ့အလုပ် မှန်သမျှ လုပ်ကောင်းတယ်၊ “အကုသိုလ်”ဖြစ်တဲ့အလုပ် မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်။
တချို့ကျတော့ ဒါလုပ်ကောင်းလား၊ မလုပ်ကောင်းဘူးလား၊
တချို့ ဘုန်းကြီးကျောင်းထဲ ● ဖိနပ်စီးကောင်းလား မေးတဲ့လူက ရှိသေးတယ်နော်၊ အဲတော့ ကိုယ့် “စိတ်”ပ်ါမှာ မူတည်တယ်နော်၊ ဪ ဒါ သံဃာတွေ သီတင်းသုံးတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ် ။ respect ပေးလို့ ချွတ်ရင် ကုသိုလ်ရတယ်၊ ဒါမှန်တယ်။
မချွတ်ချင်ဘူး ဆိုရင်လည်း မလေးမစားလုပ်တာ ၊ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။ သံဃာတွေ့နဲ့တွေ့ရင် ချွတ်တယ်၊
သို့သော် ... ဗမာပြည်မှာ “ဆန့်ကျင်နေတာ”တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် ●“စက်ဘီး”ပေါ်က မဆင်းဘူး။ ●“မော်တော်ဆိုင်ကယ်”ပေါ်က မဆင်းဘူး။ ●“ဖိနပ်”တော့ ချွတ်တယ်။ ဒါ အဓိပ္ပာယ်မရှိဘူးနော်။ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ။ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေါ့။ ဒီလို ဆိုလိုတာပေါ့။
ရှေးတုန်းကဆိုရင် ဘုရား၊ ကျောင်းကန်ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်။ ဖိနပ်စီးပြီး ၀င်လာကြတယ်။ ဘုရားနဲ့တွေ့တဲ့ အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်။
ဒီလို ကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ “အလေးပြု”ရာကနေေ ပ်ါလာတာ။ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး။
♦စီးသည့်အတွက်ကြောင့် “အပြစ်”မရှိဘူး၊ “စော်ကား”လို၍ လုပ်ရင်တော့ “အပြစ်”ရှိတယ်။
♦လေးစားလို့လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ် လုပ်တယ် ဒီလိုပြောရမယ်၊
ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ။ ကျောင်းရှေ့က ဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွာြး ကတယ်။ ဒါ အစဉ်အလာတစ်ခုပဲနော်။ “tradition” လို့ ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊
ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး။ အခုတော့လည်း စီးနေကြတာပဲ။
အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊
● တချို့က “သိမ်”ထဲကို “အမျိုးသမီး” မ၀င်ကောင်းဘူးလို့ ပြောကြတယ်။ မဟုတ်ပါဘူး။ မ၀င်ကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။
ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ “အိမ်မြှောင်”တွေတောင် သိမ်ထဲမှာ နေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်။ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်။
ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့ “သိမ်”က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲသမုတ်ထားတာ။ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံး ရှိနေတာပဲနော်၊ ဒါကြောင့်မို့ မ၀င်ကောင်းဘူးဆိုတာ မဟုတ်ဘူး။
တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်။ ဆရာတော် သိမ်ထဲမှာ အိမ်သာ “ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရလား။ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့ မေးတယ်။ ရှင်သာရိပုတ္တရာ သမုတ်တဲ့ သိမ်ထဲမှာတော့ ဘယ် ကုဋီတင်ကမှာတုန်း၊
သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့၊ ကိုယ့်ဟာကိုယ် သင့်တော်၏ ၊ မတော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်။
အေး ဒါကြောင့်မို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။
(မူရင်းဓမ္မဒါနအလှူရှင် -Ma Hla Hla Win)
Dhamma Danã Source ► Ma Hla Hla Win & www.facebook.com/youngbuddhistass ociation.mm
No comments:
Post a Comment