Saturday, November 09, 2013

“ မသိုးသင်္ကန်း ''

“ မသိုးသင်္ကန်း ”

♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠ နောက်တစ်နည်းအားဖြင့် ကထိန်သင်္ကန်းကို မသိုးသင်္ကန်းလို့လည်း ခေါ်ပါတယ်။ ခုခေတ် တချို့ကတော့ မသိုးသင်္ကန်းလို့ဆိုရင် တန်ဆောင်မုန်း လပြည့်နေ့မှာ ရက်လုပ်တဲ့သင်္ကန်း၊ တန်ဆောင်မုန်းလြ ပည့်နေ့မှာ နောက်ဆုံးပိတ် ကထိန်ခင်းတဲ့ ကျောင်းတိုက်မှာ လှူတဲ့သင်္ကန်းကိုမှ မသိုးသင်္ကန်းလို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ ဒီနေ့ လှူကြတဲ့ သင်္ကန်းကလည်း မသိုးသင်္ကန်းပါပဲ။


မနေ့က သီတင်းကျွတ်လပြည့်ကျော် (၁)ရက်ဆိုတော့ ကထိန်ရာသီရဲ့ ပထမမဆုံးရက်ပေါ့။ ဒကာကြီး၊ ဒကာမကြီး တို့ရဲ့ မနေ့ကလည်း ရွှေပါရမီတောရကျောင်းမှာ ကထိန်သင်္ကန်း လှူဒါန်းခဲ့ကြတယ်။ ကထိန် စ, စချင်း မနေ့က လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းဟာလည်း မသိုးသင်္ကန်းပါပဲ။


ဒီနေ့ ချက်ထားတဲ့ထမင်းတွေ ညတစ်ညလွန်သွားပြီဆိုရင် သိုးသွားပြီပေါ့။ တစ်ရက်ကျော်သွားတဲ့ ထမင်း၊ တစ်ညကျော်သွားတဲ့ ထမင်းကို ထမင်းသိုးလို့ ခေါ်ရတယ်။


တကယ် သိုးသိုး၊ မသိုးသိုး၊ ပြန်စားလို့ ရရ၊ မရရ တစ်ညကျော်သွားရင် ထမင်းသိုးလို့ ခေါ်တာပဲ။ aရခဲသေတ္တာထဲ၊ အအေးခန်းထဲမှာ သေချာထည့်သိမ်းထားရင် သိုးချင်မှ သိုးမှာပေါ့။ စားလို့ ရချင်ရဦးမှာပေါ့။ ဒါပေမဲ့ ဝေါဟာရသဘောတရားအရကတော့ ထမင်းသိုးလို့ပဲ ခေါ်ပါတယ်။


အဲဒီလိုပဲ ကထိန်ခင်းဖို့အတွက် လှူဒါန်းတဲ့သင်္ကန်းကို ဒီနေ့မခင်းဖြစ်ဘူး၊ နောက်တစ်နေ့ အရုဏ်မတက်ခင်အတွင်းမှာ ကထိန်မခင်းဖြစ်ဘူးဆိုရင် နောက်တစ်နေ့ အရုဏ်လွန်သွားတာနဲ့ တစ်ပြိုင်နက် အဲဒီသင်္ကန်းဟာ သိုးသွားတဲ့သင်္ကန်း ဖြစ်သွားပြီ။ သင်္ကန်းသိုးဖြစ်သွားပြီ။


ဒီတော့ ကထိန်သင်္ကန်းကို အလှူခံပြီးတာနဲ့ တစ်ပြိုင်နက် နောက်တစ်နေ့ အရုဏ်မတက်ခင်အတွင်းမှာ သံဃာတော်များက ပြီးဆုံးအောင် ကထိန်ခင်းကြရပါတယ်။ [www.facebook.com/youngbuddhistass ociation.mm] ဆိုကြပါစို့။ မနက်ဖြန်မှာ မနက်ငါးနာရီမှာ အရုဏ်တက်တယ် ဆိုကြပါစို့။ ဒီနေ့ အလှူခံထားတဲ့ ကထိန်သင်္ကန်းနဲ့ နောက်တစ်နေ့ မနက်ငါးနာရီမထိုးခင်မှာ ပြီးအောင် ကထိန်ခင်းကြရတယ်။ မနက်လေးနာရီမှာ ထခင်းလည်း ရတာပါပဲ။ မနက်သုံးနာရီမှာ ထခင်းလည်း ရပါတယ်။ နောက်တစ်နေ့ အရုဏ်အတက်ခင်အတွင် တစ်ချိန်ချိန်မှာ ပြီးအောင်တော့ ခင်းကြရတယ်။


ဒီနေရာမှာ တစ်ခုသတိပြုရမှာက တချို့ကထိန်အလှူ့ရှင်တွေက ကထိန်ခင်းမယ့်ရက် မရောက်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သွားထားတတ်ကြတယ်။ အဲဒီလိုအခါမျိုးမှာ သင်္ကန်းကို ကျောင်းမှာ အပ်ရုံပဲ အပ်နှံထားခဲ့ရမယ်။ အပြီးအပိုင် မလှူပစ်ခဲ့ရဘူး။


အပြီးအပိုင် နူတ်မြွက်ပြီး လှူပစ်ခဲ့ရင် တကယ်ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့ မရတော့ဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်းလိုက်ရတယ်။ ရက်ကူးသွားရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရတော့ဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ်အတွက် ပြီးပြီ။ ကထိန်ခင်းလို့ လုံးဝမရတော့ဘူး။


ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ ဆိုပြီး စောစောကတည်းက ကြိုလှူထားလို့ မရပါဘူး။ သက်ဆိုင်ရာကျောင်းတိုက် သံဃာကလည်း ကြိုအလှူခံထားလို့ မရပါဘူး။ ကြိုလှူထားတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်အတု၊ ကထိန်အင်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလို တစ်ရက်မလွန်ဘဲနဲ့ ခင်းရတဲ့ သင်္ကန်းဖြစ်လို့လည်းပဲ ဒီကထိန်သင်္ကန်းကိ မသိုးသင်္ကန်းလို့ခေါ်ပါတယ်။


- (ဆရာတော် အရှင်ဆန္ဒာဓိက) (ဆရာတော် အရှင်ဆန္ဒာဓိက ၏ “အိုဘယ့်အလှူရှင်” စာအုပ်မှ- ) Dhamma Danã Source ► www.facebook.com/youngbuddhistass ociation.mm


No comments: