Sunday, June 02, 2013

ကရုဏာအကြောင်း

ကရုဏာအကြောင်း

ဆင်းရဲသော “ဒုက္ခိတသတ္တ ၀ါ”များကို မြင်ရ ကြားရသော အခါ ဖြစ်ပေါ်လာသော သနားကြင်နာမူကို “ကရုဏာ”ဟု ခေါ်သည်။ထို့ေ ကြာင့် “သနားကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာ ဆင်းရဲမူကို သက်သာနိုင်သမျှ သက်သာ အောင် စောင့်ရှောက်လို၏။ကူညီထောက်ပံ့လို၏။ထိုသို့ မကူညီနိုင်လျှင်များစွာ စိတ်ထိခိုက်၏။ရင်ထဲမှာ ပူလောင် သလို ဖြစ်၏။ဤသို့ စိတ်ကို ထိခိုက်ခြင်းကားကရုဏာအ စစ်မဟုတ်ပါ။ကရုဏာအရင်းခံ၍ သူတော်ကောင်းသန္တာန် မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ် ကလေးမျှသာ ဖြစ်သည်။ ဤအကုသိုလ်ကလေးကားယုတ်မာဆိုးရွားလှ သည် မဟုတ်ပါ။ဒုက္ခိတသတ္တ၀ါကို မြင်လျှင် သူတော်စင် တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။


ကရုဏာအတု တစ်ခါတစ်ရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင် ရ ကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများဖြစ်၏။ထိုအခါ ကရုဏာအစစ် လိုလိုနှင့် သော က ဖြစ်တတ်လေသည်။ကရုဏာအစစ်သည် သနားကြင်နာ သော်လည်းစိတ်ကို မပူပန်စေတတ်၊ ကရုဏာအတုကားပူပူ ပန်ပန် ရှိလေသည်။


ပုဂ္ဂိုလ်ထူးများ၏စိတ်ထား သူတော်ကောင်းအခေါ်ခံရသူ ယခုလူတို့တွင် တကယ်သနား စရာ ဒုက္ခိတသတ္တ၀ါကို မြင်ရမှသာ ကရုဏာ ဖြစ်နိုင်ကြ၍၊တ ကယ်ချစ်စရာ ဆွေမျိုးဉာတိ စသူတို့အပေါ်၌သာ မေတ္တာဖြစ်နိုင် ကြ၏။ အထက်တန်း ပါရမီကို ဖြည့်တော်မူကြသော အလောင်း အလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား(မိမိ၏သား သမီးကလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရု ဏာ ဖြစ်သကဲ့သို့)သတ္တ၀ါဟူသမျှတို့အပေါ်တွင် မတော်တဆ ကျရောက်မည့် အပါယ်ဘေး၊၀ဋ်ဆင်းရဲဘေးတို့ကို မြော်တွေး တော်မူကာ ကရုဏာသက်တော်မူကြသည်။(ချစ်စရာမကောင်း သော သားကလေးကိုပင် မိဘ၏မေတ္တာကအလျှော့မပေးဘဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့)သတ္တ၀ါအားလုံးကိုလည်း သိမ်းကျုံး၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့်လွန်စွာ ချစ်ကြည် တော်မူကြပေသည်။


ထိုကဲ့သို့ ဖြူစင်မြင့်မြတ်သော မေတ္တာ ကရုဏာ ဓာတ်ခံသည် ပါရမီတော် ဖြည့်စဉ်ကပင် ကိုယ်တော့်သန္တာန်၌အနှစ်တည် ကာ အမြူတေအလား ကြီးမားခိုင်ခံ့စွာ ပါလာခြင်းကြောင့် ဘုရားဖြစ်တော်မူခါနီး၌ အကြီးအကျယ် နှောင့်ယှက်လာ သော မာရ်နတ်အပေါ်ဝယ် မပြယ်သောမေတ္တာဖြင့် ရူစား တော်မူနိုင်သည့်အပြင် အသက်ကိုရန်ရှာနေသော ရှင်ဒေ၀ ဒတ်အပေါ်မှာပင် ကရုဏာ သက်တော်မူနိုင်ပေသည်။ထို့ ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်းအလောင်း တော်၏ စိတ်ထားပုံကို အတုယူကာ “သူတော်မှ ငါကောင်း မည်”ဟု သဘောမထားကြဘဲ “သူ တော်တော် မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျက် မည်သည့်အပေါ်ဖြစ်ဖြစ် မေတ္တာစစ် ကရုဏာစစ်ဖြစ်အောင် သတိထားနိုင်ကြပါစေ သတည်း။ အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။


No comments: