Sunday, June 02, 2013

ရုပ်သက်တမ်း

ုရုပ်သက်တမ်း

အမေး။။ရိုသေစွာလျှောက်ထားပါတယ်ဘုရား၊ ပသာဒ အကြည်ရုပ်များဟာ ကံ၊ စိတ်၊ဥတု၊အဟာရ တို့ကြောင့် တစ်စက္ကန့်မှာ ကုဋေ ၅၈၀၀ကျော်ဖြစ်ပြီး၊ နာမ်တရားတို့က တော့ အကြည်ရုပ်ပေါ်တွင်၁၇ကြိမ်ဖြစ်ပြီးတစ်ပြိုင်နက်ချုပ် ကြရတယ်၊အကြည်ရုပ်များဟာ သဘောတရားမျှပဲ ဖြစ်ပြီး တေဇောဓါတ်ဖြစ်တယ်လို့ လေ့လာ ဖတ်ရှုမှတ်သားရပါတယ် ဘုရား။ထိုအကြောင်းကို တိကျမှန်ကန်တဲ့ သဘောအနက်ကို ကျမ်းကိုးနဲ့တကွ ရှင်းလင်းဖြေကြားပေးတော်မူပါ ဘုရား။ အေးထွန်း (ယုဇနဥယျာဉ်မြို့တော် ) အဖြေ။ ။မေးသူရဲ့ဆိုလိုရင်းကရုပ်ရဲ့သက်တမ်းဟာ တစ်စက္ကန့်မှာ ကုဋေ ၅၈၀၀ ဖြစ်ချုပ်တယ်လို့ဆိုထားပါတယ်။ ဒါနဲ့စပ်ပြီးအတိုဆုံးကာလတစ်ခုကို ခဏလို့ခေါ်တယ်၊စိတ်တစ် ခုရဲ့ ဖြစ်ရာအခါကို ဥပါဒ်ခဏ လို့ခေါ်တယ်၊ စိတ်ရဲ့ တည်ရာအ ခါကို ဌီခဏ လို့ခေါ်ပြီး၊ စိတ်ရဲ့ ပျက်ရာအခါကို ဘင်ခဏ လို့ခေါ် တယ်။ ထို ဥပါဒ်၊ဌီ၊ဘင် သုံးခုအနက် တစ်ခုကို ခဏငယ်တစ်ခုလို့ ခေါ်တယ်။ထို ခဏငယ်ကလေး သုံးမျိုးပေါင်းကို စိတ္တက္ခဏတစ် ချက် လို့ လည်းခေါ်ကြသလို၊ ခဏကြီးတစ်ခု လို့လည်း ခေါ်ကြပါ တယ်။ ထို ဥပါဒ် ၊ ဌီ၊ ဘင် နဲ့ ပြည့်စုံတဲ့ စိတ်များဟာ အလွန်လျင် မြန်တဲ့အတွက် လက်ဖြစ်တစ်ချက်တီးခန့် အချိန်မှာ ကုဋေတစ်သိန်း ဖြစ်ပျက်နိုင်ကြောင်းကို ခန္ဓသံယုတ်၊ခန္ဓဝိဘင်္ဂဋ္ဌကထာတို့မှာ ဆိုထား ပါတယ်။တဖန် ရုပ်ရဲ့သက်တမ်းကိုပြောရရင် စိတ်ရဲ့ခဏငယ် ၄၉ ချက်ခန့် (ခဏကြီး၁၆ခု+ ခဏငယ် ၁ ခု)ကြာတယ်လို့ ဆိုပါတယ်။ မေးခွန်ရှင်မေးတဲ့ ရုပ်ရဲ့သက်တမ်းဟာ တစ်စက္ကန့်မှာ ၅၈၀၀ ဖြစ်ချုပ် တယ်ဆိုတာ မပါပါဘူး။ ဒါဟာ အခုခေတ် ဆရာများရဲ့ တွေးခေါ် ဥာဏ်ကွန်မြူးထားတာလဲ ဖြစ်နိုင်ပါတယ်။သို့သော်လည်း စာပေလာ အတိုင်းသာ ယူသင့်ပါတယ်၊ နောက်ပီး အကြည်ရုပ်စတာတွေ ဟာ တေ ဇောဓါတ်တစ်ခုတည်းမဟုတ်၊ ပထဝီ၊ အာပေါ၊တေဇော၊၀ါယော ဓါတ် လေးပါးစလုံး ပါဝင်နေပါတယ် ဆိုတာ ဖြေကြားပေးလိုက် ပါတယ်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊ နှာ ၂၁၂)


ဓမ္မအလင်း


No comments: