Wednesday, December 18, 2013

မောရသုတ်တော်

“မောရသုတ်တော်”


မောရသုတ်ရွတ်ဖတ်ရခြင်းအကျိုး


ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်၊ အထူးသဖြင့်အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသောမိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင်ရွတ်နိုင်သည်၊ သူတစ်ပါးက မိမိ၏ရာထူးအခြေအ နေ လျှောကြအောင်ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံ သတ်ဖြတ်မှုမခံရအောင်လည်းစွမ်းပေသေးသည်။


၁။ပူရေန္တံဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေနသံဝိဟိတာရက္ခံ၊ မဟာသတ္တံဝနေစရာ။


၂။စိရဿံဝါယမန္တာပိ၊ နေဝ သက္ခိံသုဂဏှိတုံ။ ''ဗြဟ္မမန္တ''န္တိ အက္ခာတံ၊ ပရိတ္တံ တံဘဏာမ ဟေ။


၁-၂။သဗ္ဗညုတဉာဏ်တော်၏ အခြေခံအဆောက်အဦ ဖြစ်သောပါရမီတို့ကိုဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ် ကင်းအောင် စီရင်ထားလေသည်။ မုဆိုးတို့သည်ဘုရား အလောင်းဥဒေါင်းမ င်းကို ဖမ်းယူရန်နှစ်ပေါင်းများစွာကြိုးစားခဲ့ကြသော်လည်း ဖမ်း၍ မရနိုင်ကြကုန်၊ ဤမောရ ပရိတ်ကို မြတ်သော မန္တရားဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။


ယခုအခါ ဤမောရပရိတ်တော်ကိုကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြကုန်စို့။


၃။ဥဒေတ'ယံ စက္ခုမာဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာ'ဇ္ဇဂုတ္တာဝိဟရေမုဒိဝသံ။


၃။နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏၊ ပြိုင်ဘက်ကင်းသောမင်းလည်းဖြစ်၏၊ ရွှေအဆင်းနှင့်တူသောအဆင်းလည်းရှိ၏၊ မြေပြင်တစ်ခုလုံးကို ထွန်းပသော အလင်းရောင်လည်းရှိ၏၊ ယခုဤနေမင်းသည် တက်လတ်ပေ၏။ကျွန်ုပ်သည်ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပ သောဤနေမင်း ကို ရှိခိုးပါ၏၊ ရိုသေပါ၏။ယနေ့တစ်နေ့လုံး အသင်နေမင်း၏ အစောင့် အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။


၎။ယေဗြာဟ္မဏာဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော' တေ စ မံ ပါလယန္တု။ နမတ္ထုဗုဒ္ဓါနံ' နမတ္ထု ဗောဓိယာ။ နမောဝိမုတ္တာနံ, နမောဝိမုတ္တိယာ။ ဣမံ သောပရိတ္တံ ကတွာ၊ မောရောစရတိ ဧသနာ။


၎။မြတ်စွာဘုရားတို့မည်သည်မှာမကောင်းမှုဟူသမျှ ကို အပပြုကုန်ပြီးဖြ စ်၏၊ တရားအားလုံးကို သိမြင်တော်မူကြ ပြီးဖြစ်၏၊ ထိုဘုရားရှင်တို့ အား ကျွန်ုပ် ရှိခိုးပါ၏။ထိုဘုရားရှင်တို့ကလ ည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေကုန် သတည်း။သစ္စာလေးပါးကို သိမြင်ပြီးသောပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ကိလေသာမှ ကင်းလွတ် ကုန်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။အရဟတ္တဖိုလ်တရား အားလည်း ရှိခိုးပါ၏။ဦးညွတ်ပါ၏။ ဤသို့လျှင် ဘုရားလောင်းဥဒေါင်းမင်းသည် ပရိတ် အရံအတားကို ပြုပြီးမှအစာရှာထွက်လေ၏။


၅။အပေတ'ယံ စက္ခုမာဧကရာဇာ၊ ဟရိဿဝဏ္ဏောပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာ'ဇ္ဇဂုတ္တာဝိဟရေမုရတ္တိံ။


၅။နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏၊ မြတ်သောမင်းလည်းဖြစ်၏၊ ရွှေ အဆင်းအရောင်လည်းရှိ၏၊ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏၊ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည်ရွှေအဆင်းရှိသောေ မြပြင်၌တောက်ပသောအရောင်ရှိသော ရှင်နေမင်းကိုဦးညွတ်ရှိခိုးပါ ၏၊ ယခုတစ်ညဥ့်လုံး အရှင်နေမင်း ၏ အစောင့်အရှောက်ကိုခံယူ၍ ကျွန်ုပ်နေပါအံ့။


၆။ယေဗြာဟ္မဏာဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော, တေ စ မံပါလယန္တု။ နမတ္ထုဗုဒ္ဓါနံ,နမတ္ထုဗောဓိယာ၊ နမောဝိမုတ္တာနံ, နမောဝိမုတ္တိယာ။ ဣမံ သောပရိတ္တံ ကတွာ၊ မောရောဝါသ'မကပ္ပယိ။


၆။မကောင်းမှုဟူသမျှ ကို ဖယ်ရှားပြီးတရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အားဦးညွတ်ရှိခိုးပါ ၏။ထို ဘုရားရှင်တို့သည်ကျွန်ုပ်ကို စောင့်ရှောက်ပါေ စသတည်း။သစ္စာလေးပါးကိုသိမြင်ပြီးသောအရိယာ ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း၊ ကိလေသာ အနှောင်အဖွဲ့မှလွတ်မြောက်ပြီးေ သာ ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တဖိုလ် တရားတော်အား လည်းကောင်းကျွန်ုပ်ရှိခိုးပါ၏။ဦးညွတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည်ပရိတ်အရံအတားကို ပြု၍ညဥ့်အခါ၌နေလေ၏။


မောရသုတ်မြန်မာပြန်ပြီး၏။


No comments: